Connect with us

Environment, Disasters & Accidents

ယန်ဇီမြစ်၏ အဓိကရေပြင်တွင် ၁၀ နှစ်ကြာ ငါးဖမ်းခွင့်ပိတ်ပင်ခြင်း စတင်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ ယန်ဇီမြစ်၏ ဝူဟန့်မြစ်ပိုင်းတွင် စည်းကမ်းကြီးကြပ်ရေး သင်္ဘောများ ရွက်လွှင့်နေသည်ကို ဒီဇင်ဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ နန်ချန်း၊ ချန်ရှား၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ယန်ဇီမြစ်၏ အဓိကရေပြင်တွင် ငါးဖမ်းခွင့်ပိတ်ပင်မှု စတင်သည့် အခမ်းအနားတစ်ရပ်ကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် မြို့တော် ဝူဟန့်တွင် ဒီဇင်ဘာ ၃၁ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

ဗဟိုအစိုးရ၏ အစီအစဉ်အရ တရုတ်နိုင်ငံ၏ အရှည်ဆုံးမြစ်ဖြစ်သော ယန်ဇီမြစ်၏ အဓိကရေပြင်တွင် ၁၀ နှစ်တာကြာ ငါးဖမ်းခွင့်ပိတ်ပင်ခြင်းကို ဇန်နဝါရီ ၁ ရက်တွင် စတင်လိုက်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ ယန်ဇီမြစ်၏ ဝူဟန့်မြစ်ပိုင်းတွင် စည်းကမ်းကြီးကြပ်ရေး သင်္ဘောများ ရွက်လွှင့်နေသည်ကို ဒီဇင်ဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မကြာသေးမီနှစ်များအတွင်း မြစ်တစ်လျှောက်ရှိ ပြည်နယ်အဆင့်ဒေသများတွင် တရုတ်နိုင်ငံ၏ “မိခင်မြစ်ကြီး” ကို ကာကွယ်ရန် ကြိုးပမ်းအားထုတ်မှုများ အရှိန်မြင့်တင်လျက်ရှိသည်။ ၂၀၁၉ ခုနှစ်က မြစ်၏ အလယ်ပိုင်း၌ တည်ရှိသော ကျန်းရှီးပြည်နယ်တွင် ယန်ဇီမြစ်ဝှမ်းဒေသရှိ အကြီးဆုံးရေချိုကန်ဖြစ်သော Poyang ရေကန် နိုင်ငံအဆင့် ထိန်းသိမ်းရေး နယ်မြေတွင် ပထမဆုံး ဒေသဖြတ်ကျော် သဘာဝပတ်ဝန်းကျင် အရင်းအမြစ်များ တရားရုံးကို ထူထောင်ခဲ့သည်။

“၂၀၂၀ ပြည့်နှစ်အတွင်း အရင်နှစ်တွေထက်စာရင် ကန်ထဲမှာ Coilia nasus ဆိုတဲ့ ငါးအမြောက်အများတိုးပွားလာတာကို တွေ့ရှိခဲ့ပါတယ်” ဟု ကျန်းရှီးပြည်နယ် Jiujiang မြို့၊ ရေနေသတ္တဝါ သုတေသနနှင့် သိပ္ပံပညာအင်စတီကျု ဒုတိယညွှန်ကြားရေးမှူး ကောင်းရှောက်ဖိန်က ပြောခဲ့သည်။

ယန်ဇီမြစ်၏ အလယ်ပိုင်းတွင် တည်ရှိသော ဟူနန်ပြည်နယ်တွင်လည်း ဂေဟဗေဒဆိုင်ရာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသည့်အနေဖြင့် ယန်ဇီမြစ်စီးဆင်းရာတစ်လျှောက်ရှိ တရားမဝင် ဆိပ်ခံတံတား ၃၉ ခုလုံးကို ပိတ်သိမ်း၍ ဖျက်သိမ်းခဲ့သည်။ ယင်းပြည်နယ်တွင် မြစ်တစ်လျှောက် သစ်တော ၁,၃၀၀ ဟက်တာကျော်လည်း စိုက်ပျိုးထားကြောင်း သိရသည်။

ငါးဖမ်းခြင်းတားမြစ်သည့်မူဝါဒကို တင်းကြပ်စွာ အကောင်အထည်ဖော်နေသကဲ့သို့ ယင်းဒေသများတွင် တံငါသည်များ၏ လူမှုဖူလုံရေး စောင့်ရှောက်မှုအတွက် ဆောင်ရွက်ချက်များစွာလည်း လုပ်ဆောင်ထားပြီးဖြစ်သည်။ ဟူနန်ပြည်နယ်တွင် အစိုးရက တံငါသည်ဦးရေ ၁၆,၀၀၀ ကျော်ကို အလုပ်အကိုင်များ ပြောင်းလဲပေးနိုင်ခဲ့ပြီး ယင်းပမာဏသည် အလုပ်အကိုင် ရရှိလိုသူစုစုပေါင်း၏ ၉၇ ရာခိုင်နှုန်းကျော်ရှိသည်။ ၎င်းပြည်နယ်အတွင်းရှိ အခြေအနေနှင့် ကိုက်ညီသော တံငါသည်များအားလုံးသည် အခြေခံ သက်ကြီးရွယ်အို အာမခံစနစ်တွင် ပါဝင်ပြီးကြောင်းလည်း သိရသည်။

ထို့ပြင် တံငါသည်များ၏ အကျိုးအတွက် ၎င်းတို့၏ လှေများနှင့် ပိုက်ကွန်များကို နေရာတွင်ပင် တစ်ထိုင်တည်း တန်ဖိုးဖြတ်နိုင်ရန်နှင့် နစ်နာကြေးစုပေါင်းရန်ပုံငွေရရှိရန် တတိယအဖွဲ့ အကဲဖြတ်မှုအေဂျင်စီကို စီစဉ်ပေးထား ခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ လယ်ယာစိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူ ဝမ်ယွမ်ပေါင်က ပြောခဲ့သည်။

ဟူနန်ပြည်နယ် ယွမ်ကျန့်မြို့ရှိ တံငါးသည်ဟောင်းလည်းဖြစ်၊ ယခုအခါ ရိုးရာတံငါသည်ငါးဟင်းလျာများ ရောင်းချသည့် စားသောက်ဆိုင်ပိုင်ရှင်လည်းဖြစ်သူ Shi Zhongfang က “ကျွန်တော်တို့ အခုလုပ်ဆောင်နေတာတွေက နောင်လာနောက်သား မျိုးဆက်သစ်တွေအတွက် အကျိုးကျေးဇူးရရှိမှာပါ” ဟု ပြောခဲ့သည်။

“ကျွန်တော်တို့ Poyang ကန်မှာ ငါးမဖမ်းနိုင်တော့လည်း တခြားနေရာတွေမှာ အလုပ်ရှာနိုင်တာပဲလေ။ အခု မြို့က ခရီးသွားလုပ်ငန်းကို မြှင့်တင်နေပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီး ရောက်ရှိလာတော့မှာပါ” ဟု ကျန်းရှီးပြည်နယ် ဝူချန်းမြို့နယ်ရှိ တံငါသည်တစ်ဦးဖြစ်သူ ယဲရှင်းက ပြောခဲ့သည်။ (Xinhua)

—————————————–

(English Version)
1st LD-China Focus: 10-year fishing ban starts in key waters of Yangtze River
WUHAN/NANCHANG/CHANGSHA, Jan. 1 (Xinhua) — A launch ceremony of the fishing ban in key waters of Yangtze River was held in Wuhan, capital of central China’s Hubei Province on Thursday.
According to the central government’s plan, a complete 10-year fishing ban is imposed in key waters of the Yangtze, China’s longest river starting Friday.
In recent years, the province-level regions along the river have been stepping up efforts to protect the “mother river” of the Chinese nation. In 2019, Jiangxi Province, located in the river’s middle reaches, set up its first cross-region environmental resources court at the national reserve of Poyang Lake, the country’s biggest freshwater lake in the Yangtze River basin.
“We found the number of Coilia nasus in the lake has multiplied compared with that of the previous year in 2020,” said Gao Xiaoping, deputy director of the aquatic science research institute of Jiujiang City in Jiangxi.
Hunan Province, also located in the river’s middle reaches, has closed and dismantled all 39 illegal wharves along the mainstream of the Yangtze River while restoring the ecological environment there. The province has also planted over 1,300 hectares of forest along the river.
While strictly implementing the fishing ban policy, the regions have already rolled out a slew of measures to take care of the fishermen’s welfare. In Hunan, the government helped more than 16,000 fishermen change jobs, over 97 percent of the total who had the intention of employment. All the fishermen who meet the conditions in the province have been included in the basic old-age insurance system.
A third-party assessment agency was introduced to conduct the on-site assessment of fishermen’s boats and nets, and a unified compensation fund will ensure their interests, said Wang Yuanbao, an official with the provincial agriculture department.
Shi Zhongfang, a former fisherman in the city of Yuanjiang in Hunan, now runs a restaurant featuring the traditional fish cuisine of fishermen. “The future generations will be benefited from what we are doing now,” he said.
“We can find jobs in other places although we cannot fish in the Poyang Lake,” said Ye Xin, a fisherman in the township of Wucheng, Jiangxi. “Now the township is promoting tourism, which will bring us more job opportunities.” Enditem

1-201231) — WUHAN, Dec. 31, 2020 (Xinhua) — Law enforcement ships sail on the Wuhan section of the Yangtze River in Wuhan, central China’s Hubei Province, on Dec. 31, 2020. A ceremony on launching the 10-year fishing ban was held in Wuhan on Thursday. Key areas of the Yangtze River will enter a 10-year fishing ban period, starting from Jan. 1, 2021. (Xinhua/Cheng Min)