Connect with us

Environment, Disasters & Accidents

မြစ်ကျဉ်းသုံးသွယ် ရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှု ကမ္ဘာ့စံချိန်တင်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်ရှိ မြစ်ကျဉ်းသုံးသွယ်ရေကာတာအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ ယန်ဇီမြစ်ပေါ်ရှိ မြစ်ကျဉ်းသုံးသွယ် ရေအားလျှပ်စစ်စွမ်းအင်စက်ရုံသည် ၂၀၂၀ ပြည့်နှစ်အတွင်း ကီလိုဝပ်နာရီ ၁၁၁.၈ ဘီလီယံ ထုတ်လုပ်နိုင်ခဲ့ပြီး ကမ္ဘာ့စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

ယခင်က ဘရာဇီးနိုင်ငံ၏ Itaipu ရေအားလျှပ်စစ်စက်ရုံက ၂၀၁၆ ခုနှစ်တွင် ရေအားလျှပ်စစ်ထုတ်လုပ်မှု ကီလိုဝပ်နာရီ ၁၀၃.၀၉၈ ဘီလီယံ ဖြင့် ကမ္ဘာ့မှတ်တမ်းဝင်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် မြစ်ကျဉ်းသုံးသွယ် ရေအားလျှပ်စစ်စွမ်းအင်စက်ရုံမှ ထုတ်လုပ်သည့် သန့်ရှင်းသော စွမ်းအင်မှာ ခန့်မှန်းခြေအားဖြင့် ကျောက်မီးသွေးစံချိန် တန် ၃၄.၃၉ သန်းခန့် သက်သာခြင်းနှင့် ညီမျှပြီး ကာဘွန်ဒိုင်အောက်ဆိုက် တန် ၉၄.၀၂ သန်း ထုတ်လွှတ်မှုကို တားဆီးနိုင်ခြင်းနှင့် ညီမျှခြင်းကြောင်း သိရသည်။

ကမ္ဘာ့မှတ်တမ်းသစ်သည် COVID-19 ကပ်ရောဂါ နှင့် ယန်ဇီမြစ်ဝှမ်းဒေသ ရေလွှမ်းမိုးမှုများ ‌ဖြစ်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွက် အင်မတန် အရေးပါကြောင်း မြစ်ကျဉ်းသုံးသွယ် ရေအားလျှပ်စစ်စက်ရုံ အကြီးအကဲ ချန်းဟွေက ပြောခဲ့သည်။

၂၀၂၀ ပြည့်နှစ်အစတွင် ရေအားလျှပ်စစ်စက်ရုံသည် လျှပ်စစ်ထုတ်လွှတ်မှုဆက်လက်တိုးတက်နေပြီး သန့်ရှင်းသောလျှပ်စစ်ဓာတ်အားကို တရုတ်နိုင်ငံ အရှေ့ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများသို့ ထပ်ဆင့်ပို့လွှတ်ခဲ့ရာ သမိုင်းတွင် အလားတူကာလအတွင်း အမြင့်မားဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း၊ ယင်းမှာ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် တရုတ်နိုင်ငံ၌ လုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးအတွက် ခိုင်မာသော အခြေခံစွမ်းအင်အာမခံချက်တစ်ခု ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စက်ရုံတွင် တာဘိုရေအားလျှပ်စစ်ထုတ်စက် ၃၄ လုံးဖြင့် လျှပ်စစ်စွမ်းအင် ကီလိုဝပ် ၂၂.၅ သန်း ထုတ်လုပ်နိုင်စွမ်းရှိကြောင်းသိရသည်။ (Xinhua)

—————————————–

(English Version)
Three Gorges hydropower station hits world record of electricity generation
Source: Xinhua| 2021-01-02 11:23:22|Editor: huaxia
WUHAN, Jan. 2 (Xinhua) — The Three Gorges Hydroelectric Power Station on China’s Yangtze River has generated 111.8 billion kWh in 2020, a new world record.
It beat the previous world record for hydropower generation of 103.098 billion kWh set by Brazil’s Itaipu hydroelectric plant in 2016.
The clean energy produced by the Three Gorges Hydroelectric Power Station in 2020 is estimated to be equivalent to saving about 34.39 million tonnes of standard coal and preventing the emissions of carbon dioxide by 94.02 million tonnes.
Chen Hui, head of the Three Gorges hydroelectric plant, said the new world record is of great significance considering the COVID-19 epidemic and floods in the Yangtze River basin in 2020.
At the beginning of 2020, the hydropower station continued to increase its output and the clean electricity it transmitted to eastern, central and southern China reached the highest level in the same period in history, which provided a strong basic energy guarantee for epidemic prevention and control and work resumption in China.
With 34 hydropower turbo-generators, the hydropower station has a generating capacity of 22.5 million kilowatts. ■
File photo taken on July 10, 2012 shows water gushing out from the Three Gorges Dam in central China’s Hubei Province. (Xinhua/Xiao Yijiu)