Connect with us

Environment, Disasters & Accidents

သက်တမ်းကြာမြင့်ပြီး မီးနှစ်ကြိမ်တိုင် လောင်ကျွမ်း ပျက်စီးခဲ့သည့် မင်္ဂလာဈေးအား အသစ် ပြန်လည် တည်ဆောက်သွားမည်

မီးသင့်ခဲ့သော မင်္ဂလာဈေး ပြန်လည် တည်ဆောက်မည့် အစီအစဉ်များကို သမ္မတ ဦးသိန်းစိန် ရှင်းလင်းပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

သက်တမ်းအားဖြင့် နှစ် ၂၀ ကျော် ကြာမြင့်ခဲ့ပြီး နှစ်ကြိမ်တိုင် မီးလောင်ကျွမ်း ပျက်စီးခဲ့သည့် ရန်ကုန်မြို မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ မင်္ဂလာဈေးကြီးအား အသစ်ပြန်လည် တည်ဆောက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ဇန်နဝါရီ ၁၁ ရက်တွင် ဈေးသူဈေးသားများနှင့် တွေ့ဆုံစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

မီးလောင်ကျွမ်း ပျက်စီးခဲ့သည့် မင်္ဂလာဈေးကြီးအား ဖြိုကျပြီး ခေတ်မီပြီး မီးဘေးအန္တရာယ် လုံခြုံစိတ်ချရသည့် ဈေးသစ်ကြီးအဖြစ် အမြန်ဆုံး ဆောင်ရွက်သွားနိုင်ရန် ပြုလုပ်သွားမည် ဖြစ်ပြီး နောင်ဖြစ်ပေါ်လာမည့် ဈေးသစ်ကြီး၏ ပုံသဏ္ဍာန်တွင် မော်တော်ယာဉ် တက်သည့် လမ်းများ ထည့်သွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း အဆင့်မြင့် မင်္ဂလာဈေး ဥက္ကဌ ဒေါက်တာ ဦးစောလှထွန်းက ပြောသည်။

မီးလောင်ပျက်စီးနေသော အဆင့်မြင့်မင်္ဂလာဈေးအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ဗညားဒလ လမ်း နှင့် စက်ရုံ လမ်း ထောင့် ရှိ အဆင့်မြင့်မင်္ဂလာဈေးအား ၁၉၈၉ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ဈေးတွင် ဆိုင်ခန်းပေါင်း ၄၆၀၇ ဆိုင် ၊ စားသောက်ဆိုင် ၂၄ ဆိုင် ဖွင့်လှစ်ခဲ့သည်။

မင်္ဂလာဈေး၌ ၂၀၁၀ခုနှစ် မေလ အတွင်းက ပထမအကြိမ် မီး အကြီးအကျယ် လောင်ကျွမ်း ခဲ့ပြီး နောက် ဒုတိယ အကြိမ်မြောက် တစ်ကျော့ပြန်အဖြစ် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၉ ရက်တွင် ကြီးမားသည့် မီးလောင်ကျွမ်းမှု ထပ်မံ ဖြစ်ပွားခဲ့ရာ ယင်း မီးလောင်မှုကြောင့် တန်ဖိုးငွေ သိန်းပေါင်း ၃၆,၆၀၂ သိန်းဖိုး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.