Connect with us

Media

ကုလသမဂ္ဂ အထွေထွေညီလာခံက ဂါဇာဒေသတွင် ချက်ချင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်ခတ်ရပ်စဲရေး တောင်းဆိုထားသည့် ဆုံးဖြတ်ချက်အား အတည်ပြု

ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂအထွေထွေညီလာခံက ဂါဇာဒေသတွင် “ချက်ချင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်ခတ်ရပ်စဲရေး” တောင်းဆိုထားသည့် ဆုံးဖြတ်ချက်အား ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းက အတည်ပြုခဲ့ကြောင်း သိရသည်။

အဖွဲ့ဝင်နိုင်ငံများက ဟားမက်စ် အစွန်းရောက်အုပ်စုအား အတိအကျရည်ညွှန်းထားသည့် ပြင်ဆင်ချက်နှစ်ရပ်ကို ထောက်ခံမဲ ၁၅၃ နိုင်ငံ ၊ ကန့်ကွက်မဲ ၁၀ နိုင်ငံနှင့် ကြားနေမဲ ၂၃ နိုင်ငံဖြင့် ဆန္ဒမဲခွဲကာ ဖြုတ်ချခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်က “ချက်ချင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်ခတ်ရပ်စဲရေး” ၊ ဓားစာခံအားလုံးကို ချက်ချင်းခြွင်းချက်မရှိ ပြန်လွှတ်ပေးရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီ ဝင်ရောက်ခွင့်ရရှိရေးတို့အား တောင်းဆိုထားကြောင်း သိရသည်။ (Xinhua)

………………………..
(English Version)
UN General Assembly adopts resolution demanding immediate humanitarian ceasefire in Gaza
The UN General Assembly on Tuesday afternoon adopted a resolution demanding an “immediate humanitarian ceasefire” in Gaza.
Member states voted down two amendments making specific reference to “extremist group Hamas,” with 153 supporting the draft resolution, 10 against and 23 countries abstaining.
The resolution demands an “immediate humanitarian ceasefire,” the immediate and unconditional release of all hostages, and “ensuring humanitarian access.”
Xinhua News Agency correspondents reporting from UN Headquarters.(XHTV)