Connect with us

Politics, Law & Military

ဆိုက်ဘာ ပြစ်မှုများ တိုက်ခိုက်ရေး တရားဝင် ဆွေးနွေးရန် တရုတ်၊ အမေရိကန် ပြင်ဆင်

တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စစ်ဝန်နှင့် ပြည်သူ့လုံခြုံရေး ဝန်ကြီး ကော်စန်းခွန် (ဝဲ) နှင့် အမေရိကန်နိုင်ငံ ပြည်တွင်း လုံခြုံရေး လက်ထောက် အတွင်းဝန် တို့ ပေကျင်းတွင် နိုဝင်ဘာလ ၁၂ ရက်နေ့က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ဆိုက်ဘာ ပြစ်မှုများ တိုက်ဖျက်ရေး လုပ်ထုံး လုပ်နည်းများ အဆင့်မြင့် ပူးတွဲ ဆွေးနွေးရန် အတွက် ပြင်ဆင်ရန် တရုတ်နှင့် အမေရိကန် အကြီးတန်း အရာရှိများ နိုဝင်ဘာလ ၁၂ ရက်နေ့က ပေကျင်းမြို့တွင် တွေ့ဆုံခဲ့ပြီး ဆိုက်ဘာ ပူးပေါင်း ဆောင်ရွက်မှု နောက်ထပ် တက်လှမ်းနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ပြည်တွင်း လုံခြုံရေး လက်ထောက် အတွင်းဝန် အယ်လီ ဂျန်ဒရို မေယာကက်စ် (Alejandro N. Mayorkas ) ဦးဆောင်လာသည့် အဖွဲ့တွင် နိုင်ငံခြားရေး ဋ္ဌာန၊ တရားရေး ဋ္ဌာန၊ အမျိုးသား လုံခြုံရေးကောင်စီနှင့် FBI မှ ကိုယ်စားလှယ်များ ပါဝင်သည်။

ယင်းကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၁၁ ရက်မှ ၁၃ ရက် အထိ တရုတ်နိုင်ငံသို့ လာရောက်နေခြင်း ဖြစ်သည်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ ပြည်သူ့ လုံခြုံရေး ဒုတိယဝန်ကြီး ချန်ကျိမင် (Chen Zhimin) ၊ တရုတ်နိုင်ငံ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဆိုက်ဘာပြစ်မှု တိုက်ဖျက်ရန် အဆင့်မြင့် ပူးတွဲ ဆွေးနွေးမှု လုပ်ထုံး လုပ်နည်းများ အတွက် ပြင်ဆင်ရေး အမြင်များ ဖလှယ်ခဲ့ကြပြီး ယင်းသည် စက်တင်ဘာလက တရုတ် သမ္မတ ရှီကျင့်ဖိန်၏ အမေရိကန်နိုင်ငံ ခရီးစဉ်အတွင်း သဘော တူညီခဲ့ခြင်းလည်း ဖြစ်သည်။

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဋ္ဌာန ဝန်ကြီး ကော်စန်းခွန် (Guo Shengkun) ကလည်း ယင်း ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံ ခဲ့၍ တရုတ် အစိုးရ၏ ဆိုက်ဘာပြစ်မှု တိုက်ဖျက်ရေးနှင့် ပြင်ဆင် ထိန်းသိမ်းရေး ဆိုင်ရာ ရပ်တည်ချက်များအား ဆွေးနွေးခဲ့သည်။

နှစ်နိုင်ငံလုံး အနေဖြင့် နိုင်ငံအလိုက် ဆိုက်ဘာ လုံခြုံရေးနှင့် ဆိုင်သော ရှိနှင့်ပြီးသား ဥပဒေများအား ထည့်သွင်း စဉ်းစားပြီး ဆိုက်ဘာ လုံခြုံရေး လုပ်ထုံး လုပ်နည်းများ အဆင့်မြင့် ပူးတွဲ ဆွေးနွေးရန် တည်ထောင်ခြင်း တွန်းအား သစ်ဖြစ်စေရန် ဂူက ပြောကြားခဲ့သည်။

မေယာကက်စ်က အမေရိကန်နိုင်ငံ အနေဖြင့်လည်း တရုတ်နိုင်ငံနှင့် အတူ ဆိုက်ဘာ လုံခြုံရေး ဥပဒေ လိုက်နာ ရေးတွင် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးစေရန် အဆင်သင့် ရှိနေကြာင်း ပြောကြားခဲ့ သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.