Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ G-20 အစည်းအဝေး နှင့် APEC ထိပ်သီး အစည်းအဝေး တက်ရောက်ရန် အတွက် ယနေ့တွင် ပေကျင်းမြို့မှ စတင်ထွက်ခွာ

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အား အစည်းအဝေး တစ်ခု တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် နိုဝင်ဘာ ၁၄ ရက်နေ့တွင် အထူးလေယာဉ် ဖြင့် တူရဂီ နိုင်ငံ တွင် ကျင်းပ မည့် G-20 အစည်းအဝေး နှင့် ဖိလစ်ပိုင် နိုင်ငံ တွင် ကျင်းပမည့် ၂၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ထိပ်သီး အစည်းအဝေး (APEC) ကို တက်ရောက်ရန် ပေကျင်း မြို့မှ စတင် ထွက်ခွာ သွားခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တူရကီ နိုင်ငံ သမ္မတ Recep Tayyip Erdoğan၏ ဖိတ်ကြားမှု အရ နိုဝင်ဘာလ ၁၄ ရက် မှ ၁၆ ရက်နေ့ အထိ တူရကီ နိုင်ငံတွင် ကျင်းပမည့် G-20 အစည်းအဝေးကို တက်ရောက်မည် ဖြစ်သည်။

ထို့ပြင် ဖိလစ်ပိုင် နိုင်ငံ သမ္မတ ဘရစ်နို အလွီနို (Benigno Aquino III ) ၏ ဖိတ်ကြားမှု အရ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် နိုဝင်ဘာလ ၁၇ ရက်မှ ၁၉ ရက်နေ့ အထိ ဖိလစ်ပိုင် နိုင်ငံတွင် အာရှ-ပစိဖိတ် ၂၃ ကြိမ်မြောက် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ထိပ်သီး အစည်းအဝေးကို တက်ရောက်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.