Connect with us

Politics, Law & Military

တရုတ်ကွန်မြူနစ်ပါတီ၏ မူလဇစ်မြစ် အနက်အဓိပ္ပါယ်ကို ဖော်ထုတ်ခြင်း

တရုတ်နိုင်ငံတော်အလံအားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံကွန်မြူနစ်ပါတီ (CPC) သည် ယခုလအတွင်း ၁၉ ကြိမ်မြောက် အမျိုးသားညီလာခံကို ကျင်းပရန် အသင့်ရှိနေပြီဖြစ်သည်။ တရုတ်လူမျိုးတို့၏ ဓလေ့စရိုက်များနှင့်အတူ အနာဂတ် ဆိုရှယ်လစ်စနစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းစဉ်အသစ်များ ချမှတ်ရမည့် အချိန်လည်းဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီသည် စတင်တည်ထောင်ခဲ့သည့် ၁၉၂၁ ခုနှစ်ကတည်းက အခက်အခဲပေါင်းများစွာကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။သို့သော်လည်း တီထွင်ဆန်းသစ်မှုများနှင့်အတူ ၎င်းတို့၏ မူလဇစ်မြစ် နှင့် တိုးတက်အောင်မြင်မှုများကို ပြန်ပြောင်းသတိရခြင်းဖြင့် CPC ပါတီသည် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် တရုတ်နိုင်ငံကို အခိုင်အမာ တည်ဆောက်ပေးခဲ့သည်။

မာစ့်ဝါဒတွင် ယုံကြည်ခြင်း

ကမ္ဘာပေါ်ရှိ နိုင်ငံရေးပါတီများစွာတို့သည် မိမိတို့ပါတီ၏ အခြေခံအုတ်မြစ်ဖြစ်သော ပါတီလမ်းစဉ်အပေါ် ခိုင်မာစွာယုံကြည်ချက် ထားရှိရန်လိုအပ်ပါသည်။ CPC ပါတီသည်လည်း အလားတူပင်ဖြစ်သည်။ မာစ့်ဝါဒ ပေါ်အခြေခံ၍ ကွန်မြူနစ် အယူအဆ ဖြင့် ပါတီကို စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ မာစ့်ဝါဒ သည် တရုတ်ကွန်မြူနစ်ပါတီ နှင့် တရုတ်နိုင်ငံအတွက် တရုတ်လူမှုအသိုင်းအဝိုင်း၏ လမ်းညွှန်မှုဖြင့် ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်မည့် အခြေခံအုတ်မြစ်ဖြစ်သည်။

“ မာစ့်ဝါဒ ၊ ဆိုရှယ်လစ်ဝါဒ နဲ့ ကွန်မြူနစ်ဝါဒ တို့အပေါ် ကွန်မြူနစ်ပါတီဝင်တွေရဲ့ သက်ဝင်ယုံကြည်မှုဟာ သူတို့ရဲ့ နိုင်ငံရေး အသိတရားဖြစ်ပြီး စမ်းသပ်မှုအားလုံးဟာ ကွန်မြူနစ်ဝါဒ ရဲ့ သက်ဝင်ယုံကြည်မှုနဲ့ပြုမူဆောင်ရွက်ပါကြတယ်” ဟု ၂ဝ၁၂ ခုနှစ်တွင်ကျင်းပခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ(CPC) ၏ ၁၈ ကြိမ်မြောက် အမျိုးသားညီလာခံတွင် စာတမ်းဖတ်ကြားခဲ့သည်။

၂ဝ၁၆ ခုနှစ်တွင်ကျင်းပခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ၏ ၉၅ နှစ်မြောက် အခမ်းအနားတွင် တရုတ်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် က “ မာစ့်ဝါဒကို စွန့်လွှတ်ခြင်း(သို့မဟုတ်) သွေဖီခြင်း” နှင့် ပါတီ၏ အခြေခံစည်းမျဉ်းစည်းကမ်းများအပေါ် “ လမ်းစဉ် နှင့် အသိတရားပျောက်ဆုံးခြင်း” များအား သတိပေးစကား ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီစတင်တည်ထောင်ပြီး ပထမဆုံးအကြိမ် CPC အမျိုးသားညီလာခံကျင်းပချိန်သည် စစ်မက်ဖြစ်ပွားခြင်း နှင့် တော်လှန်ရေးကာလကို သတိကြီးစွာဖြင့် ဖြတ်သန်းနေရချိန်ဖြစ်သည်။

“ CPC က နိုင်ငံ နဲ့ ပြည်သူ ကို ဦးဆောင်ပြီး သမိုင်းဝင် အောင်မြင်မှုတွေကို ဘာကြောင့် ဆောင်းကြဉ်းပေးနိုင်ခဲ့သလဲ ဆိုတဲ့ အကြောင်းပြချက်ကတော့ ပါတီဟာ သူ လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာတွေကို အစဉ်အမြဲ မှန်ကန်စွာ ပြုမူဆာင်ရွက်ခဲ့လို့ပါပဲ” ဟု အထိမ်းအမှတ်ကျင်းပရေးအဖွဲ့ခေါင်းဆောင် ဇန်လီမင်(Zhang Liming) က ပြောကြားခဲ့သည်။

“ တရုတ်နိုင်ငံမှာ လက်တွေ့ကျင့်သုံးနေတဲ့ မာစ့်ဝါဒရဲ့ အောင်မြင်မှုရလဒ်တွေကြောင့် CPC နဲ့ဆိုရှယ်လစ်ဝါဒဟာ ပိုပြီး တောင့်တင်းခိုင်မာလာခဲ့ပါတယ်” ဟု ရှန်ဟိုင်းလူမှုသိပ္ပံအကယ်ဒမီ မှ သုတေသီတစ်ဦးဖြစ်သူ Huang Renwei က ပြောကြားခဲ့သည်။

လူထုအခြေပြု ဖွံ့ဖြိုးတိုးတက်ရေး

Jinggangshan တရုတ်နိုင်ငံ ခေါင်းဆောင်မှုပညာ အကယ်ဒမီကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသားများသည် ကျေးရွာအချို့တွင်နေထိုင်ရန် အခွင့်အရေးတစ်ခု ရရှိခဲ့ပြီး ထိုသို့နေထိုင်ခြင်းဖြင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတွင် လက်တွေ့သင်ခန်းစာများကို ကိုယ်တိုင် အနီးကပ် လေ့လာဆည်းပူးခွင့်ရရှိခဲ့ကြသည်။

“ အဲဒီသင်ခန်းစာဟာ CPC အရာရှိတွေကို ပြည်သူတွေနဲ့နီးနီးကပ်ကပ် ဆက်ဆံဖို့ရည်ရွယ်ပါတယ်”ဟု အကယ်ဒမီကျောင်း၏ အမှုဆောင်ဒုတိယဥက္ကဋ္ဌ Mei Liming က ဆိုသည်။

CPC သည် ပြည်သူကြားမှ ပေါက်ဖွားလာခဲ့ခြင်းဖြစ်ရာ ပါတီအနေဖြင့် ပြည်သူလူထုအား အသိဉာဏ် နှင့် ခွန်အား အရင်းအမြစ်တစ်ခုအဖြစ် ရှုမြင်သည်။ “ ပြည်သူတွေရဲ့ ပျော်ရွင်ချမ်းမြေ့တဲ့ဘဝ ပိုင်ဆိုင်ခွင့်ဆန္ဒကို မြင်တွေ့ခွင့်ရရေးဟာ ကျွနု်ပ်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ပဲဖြစ်ပါတယ်” ဟု ၂ဝ၁၂ ခုနှစ်တွင် ကျင်းပခဲ့သည့် CPC ဗဟိုကော်မတီအစည်းအဝေးတွင် အထွေထွေအတွင်းရေးမှူးဖြစ်သူ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ပြည်သူများ၏ ထောက်ခံအားပေးမှုကြောင့် ရရှိလာခဲ့သော ပါတီ၏ အောင်မြင်မှုများအတွက်လည်း ရှီကျင့်ဖိန်က ဖော်ကျူးပြောဆိုခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ နှင့် တရုတ်အစိုးရသည် ပြည်သူတို့၏ လိုအပ်ချက်များ နှင့် နိုင်ငံရေး အနေအထားတစ်ရပ်ကို ဆောင်ယူပေးခဲ့ပြီး ၊ ယင်းက လူမှုတည်ငြိမ်ရေးကို မြှင့်တင်ရန် ကူညီပေးခဲ့သည်။

၁၉၇၈ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး နှင့် တံခါးဖွင့်စီးပွားရေးဝါဒ စတင်ကျင့်သုံးချိန်ကတည်းက တရုတ်နိုင်ငံသား သန်းပေါင်း ၇ဝဝ ကျော်ကို ဆင်းရဲတွင်းမှဆွဲထုတ်နိုင်ခဲ့သည်။ လက်ရှိတွင် ၂ဝ၂ဝ ပြည့်နှစ်၌ တရုတ်တစ်နိုင်ငံလုံးအား ဆင်းရဲမွဲတေမှုမှ လွတ်ကင်းအောင် ဆောင်ရွက်မည်ဟု ရည်မှန်းချက် ထားရှိသည်။

နိုင်ငံခြားလေ့လာသုံးသပ်သူများက လူမှုပြဿနာများသည် လူငယ်များ၏ အမျိုးအစားကွဲပြားသောလိုအပ်ချက် နှင့် ၎င်းတို့၏ စိတ်ကျေနပ်မှု မရှိခြင်းတို့ဖြစ်နိုင်ကြောင်း ထောက်ပြထားသည်။ထို့ကြောင့် တရုတ်နိုင်ငံသည် တီထွင်ဆန်းသစ်မှု နှင့် စွန့်ဦးတီထွင်မှုကို တိုးမြှင့်လုပ်ဆောင်ရန် လမ်းညွှန်ထားပြီး လူမှုရေး နှင့် စီးပွားရေး တည်ငြိမ်မှုရှိအောင် လုပ်ဆောင်နေသည်။

“ CPC နဲ့ဆိုရှယ်လစ်ဝါဒဟာ သူတို့ရဲ့ အဓိကခွန်အားတွေကို ဆက်လက်ထိန်းသိမ်းထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ပါတီရဲ့ တန်ဖိုးနဲ့အကြောင်းတရားတွေကို ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ဗဟိုပြုထား လို့ပါပဲ” ဟု CPC ဗဟိုကော်မတီပါတီ သင်တန်းကျောင်း မှ ပါမောက္ခ Dai Yanjun က ဆိုသည်။

ပြုပြင်ပြောင်းလဲမှုဆက်လက်လုပ်ဆောင်ခြင်း နှင့် တီထွင်ဆန်းသစ်မှု

ပြုပြင်ပြောင်းလဲမှု နှင့် တံခါးဖွင့်မူဝါဒသည် နိုင်ငံအတွင်း မူဝါဒရေးရာများ ၊ နည်းစနစ်များ ၊ အတွေးအမြင်များတွင် တီထွင်ဆန်းသစ်မှုကို လိုက်လျောညီထွေ ဆောင်ရွက်ခဲ့ရသည်။

“ တရုတ်လူမျိုးများ၏ အမူအကျင့်များ နှင့်အတူ ဆိုရှယ်လစ် လမ်းစဉ် ၊ သီအိုရီ ၊ နည်းစနစ် နှင့် ယဉ်ကျေးမှုသည် တရုတ်ကွန်မြူနစ်ပါတီ၏ ဖန်တီးမှုစွမ်းရည်ကို ဖော်ပြသော သက်သေခံချက်များဖြစ်သည်” ဟု CPC ဗဟိုကော်မတီပါတီ သင်တန်းကျောင်း ပါမောက္ခ Huang Xianghuai က ပြောကြားခဲ့သည်။

၁၈ ကြိမ်မြောက် အမျိုးသားညီလာခံကတည်းက CPC သည် တီထွင်ဆန်းသစ်မှု ၊ ပူးပေါင်းပါဝင်မှု ၊ အစိမ်းရောင်ဖွံ့ဖြိုးရေး ၊ တံခါးဖွင့် နှင့် မျှဝေခြင်း အပါအဝင် “ ပုံမှန်အသစ်” စီးပွားရေးပုံစံ ပြုပြင်ပြောင်းလဲမှု တည်ဆောက်ပုံနှင့်အတူ အတွေးအမြင်သစ် တစ်ခုကို ဖော်ထုတ်ခဲ့သည်။

ကဏ္ဍစုံပြုပြင်ပြောင်းလဲမှု ဗဟိုအဖွဲ့ကို ရှီကျင့်ဖိန်၏ ဦးဆောင်မှုဖြင့် စတင်တည်ထောင်ချိန်မှ အစည်းအဝေးပေါင်း ၃၈ ခု အထိကျင်းပခဲ့သည်။ နိုင်ငံတစ်ဝန်းရှိ လုပ်ငန်းဆောင်တာများတွင် ပြုပြင်ပြောင်းလဲရေး ၁ဝဝဝကျော်ကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

“ ပြုပြင်ပြောင်းလဲရေး နဲ့တီထွင်ဆန်းသစ်ရေးကို အချိန်ဘယ်လောက်ကြာကြာလုပ်ရပါစေ CPC ရဲ့ စိတ်ဓာတ်ခွန်အားဟာ ဘယ်တော့မှ ပျက်ပြယ်သွားမှာ မဟုတ်ပါဘူး” ဟု Huang က ဆိုသည်။

ပါတီယန္တရားကို အတိအကျလိုက်နာခြင်း

“ သံကို ပုံသွင်းဖို့ဒီသံဟာ ကိုယ်တိုင်ကလည်း ပိုပြီး တောင့်တင်းခိုင်မာရပါမယ်” ဟူသည့် သင်ခန်းစာအယူအဆကို CPC အနေဖြင့် ယခင်ဆိုဗီယက်ပြည်ထောင်စု နှင့် အရှေ့ဥရောပ နိုင်ငံများတွင် ဖြစ်ပွားခဲ့သော အပြောင်းအလဲ များမှ လေ့လာသင်ယူခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီသည် ၁၉၆၂ ခုနှစ်တွင် ကိုယ်ပိုင် သံမဏိစည်းမျဉ်းကို ချမှတ်ခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် အုပ်ချုပ်ပုံယန္တရားအား အတိအကျလိုက်နာခြင်းကို လုပ်ဆောင်ခဲ့သည်။ ၂ဝ၁၄ ခုနှစ်တွင် ရှီကျင့်ဖိန်က အလုံးစုံ နှင့် ပါတီယန္တရားကို အတိအကျလိုက်နာခြင်းမှာ မဖြစ်မနေလို အပ်ကြောင်းကို လမ်းစဉ်ချမှတ်ခဲ့သည်။

CPC ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပါတီတွင်း ဒီမိုကရေစီ စနစ်မျှော်မှန်းချက်အပေါ် အခြေခံထားပြီး အုပ်ချုပ်ပုံယန္တယားအား အတိအကျလိုက်နာအောင် ဆက်လက်ဆောင်ရွက်ခြင်း နှင့် ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းများအား ပြင်ဆင်ဖြည့်စွက်ခြင်းများကို ကြိမ်ဖန်များစွာ ဆောင်ရွက်ခဲ့သည်။

တစ်ချိန်တည်းမှာပင် စည်းမျဉ်း နှင့် စည်းကမ်းပိုင်းကိုလည်း မြှင့်တင်ခဲ့သည်။ဥပမာ – CPC သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် လက်ရှိအခြေအနေအောက်၌ နိုင်ငံရေးဖြစ်စဉ်ဆိုင်ရာ လုပ်နည်းလုပ်ဟန်ပုံစံများကို မိတ်ဆက်ပေးခဲ့ပြီး ပါတီတွင်း ဒီမိုကရေစီ စနစ်မျှော်မှန်းချက်အပေါ် စည်းမျဉ်းပိုင်းဆိုင်ရာ ပြင်ဆင်ချက်များ ပြုလုပ်ခဲ့သည်။

၁၈ ကြိမ်မြောက် အမျိုးသားညီလာခံ ကတည်းက CPC ဗဟိုကော်မတီ၏ ပေါ်လစ်ဗျူရိုအဖွဲ့သည် စီးပွားရေးဆိုင်ရာကျင့်ဝတ် ၈ ချက်ကို ပါတီအတွင်း ချမှတ်ခဲ့သည်။

အုပ်ချုပ်ပုံယန္တရား အတိအကျလိုက်နာခြင်း နှင့် ပါတီတွင်း ဒီမိုကရေစီစနစ်သည် CPC အား အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းထားရန် ကူညီပေးခဲ့သည်။

စွမ်းရည်ပြည့်ဝသူကို ရွေးချယ်ခြင်း

CPC သည် အဓိကအရေးကိစ္စရပ်များအား ကိုင်တွယ်ရန် စွမ်းဆောင်ရည်ပြည့်ဝသူများ နှင့် မှန်မှန်ကန်ကန်ရှိသူများကို ခန့်အပ်ခြင်း နှင့် ရွေးချယ်ခြင်းကို အစဉ်တစ်စိုက် ပြုလုပ်ခဲ့သည်။

၁၈ ကြိမ်မြောက် အမျိုးသားညီလာခံကတည်းက ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ပေါ်အကဲဖြတ်ခြင်း ၊ အရာရှိများ၏ ထောက်ခံမဲများဖြင့် ရွေးချယ်ခြင်း ၊ အသက်အရွယ် (သို့မဟုတ်) ၎င်း၏ဒေသအတွင်း GDP စွမ်းဆောင်ချက်များအပေါ် အခြေခံ ရွေးချယ်ခဲ့သည်။

ပါတီ၏ လုပ်ငန်းဆောင်တာများကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မတူကွဲပြားသော နောက်ခံများမှ လာခဲ့ကြသည့် ပါတီအဖွဲ့ဝင်သစ်များအား စုဆောင်းသွားရန် အလွန်အရေးကြီးကြောင်း ရှီက ဆိုသည်။

မတူကွဲပြားမှု၏ အရေးပါပုံကို ရှီက ကောင်းစွာ သဘောပေါက်သိမြင်ခြင်းမှာ ၎င်းကိုယ်တိုင် ဆင်းရဲနွမ်းပါးသော ကျေးလက်ဒေသမှ ပေါက်ဖွားကာ CPC ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ် တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု

၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ဂျီနီဗာမြို့၌ မိန့်ခွန်းပြောကြားစဉ် ရှီကျင့်ဖိန်က “ လူသားများအတွက် မျှဝေခံစားပေးသော အနာဂတ် အသိုက်အဝန်းတစ်ခု” တည်ဆောက်ရေးကို အဆိုပြုခဲ့သည်။ နောက်တစ်လအကြာတွင် တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးဖော်ဆောင်မှုကို ကုလသမဂ္ဂဆုံးဖြတ်ချက် တစ်ခုထဲတွင် အတူတကွပူးပေါင်းဆောင်ရွက်ရန် ပုံဖော်ခဲ့သည်။

တရုတ်နိုင်ငံသည် SCO ( ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့) ၊ BRICS ထိပ်သီးအစည်းအဝေး ၊ APEC အာရှပစိတ်ဖိတ်ပူးပေါင်းဆောင်ရွက် အပါအဝင် G20 ကဲ့သို့နိုင်ငံတကာ အစိုးရယန္တရားများတွင် ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည်။ တရုတ်နိုင်ငံ၏ နိုင်ငံတကာအရေးကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်မှုက နိုင်ငံတကာ၏ အသိအမှတ်ပြုခြင်းကို အောင်မြင်မှုရခဲ့သည်။

၂၁ ရာစုတွင် အထူးသဖြင့် ကမ္ဘာ့ငွေကြေးဆိုင်ရာ အကျပ်အတည်း စတင်ပေါ်ပေါက်ကတည်းက အနောက်နိုင်ငံအချို့မှာ လူပိန်းကြိုက်ဝါဒ ပိုမိုမြင့်မား ဦးစားပေးကာ ကမ္ဘာ့ဇာတ်ခုံပေါ်မှ အထီးကျန် ဆံနေလိုသည့် အတွေးအခေါ်များ ပို၍ များပြားလာသည်။

အာဏာရ CPC တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် နိုင်ငံအချင်းချင်းချိတ်ဆက်ဆောင်ရွက်မှု နှင့် ကမ္ဘာ့လွှမ်းခြုံစီးပွားရေး မူဝါဒမှ ဆုတ်ခွာသွားခြင်းထက် ညှိနှိုင်းဆောင်ရွက်ခြင်းကို လုပ်ဆောင်ခဲ့သည်။ နိုင်ငံတကာအရေးကိစ္စရပ်များတွင် အဖြေရှာခြင်းများကို ဦးတည်လုပ်ဆောင်ခြင်း နှင့် နိုင်ငံတွင်းကောင်းမွန်သော အစိုးရတစ်ရပ်အလေ့အကျင့်ကောင်းများကို လိုက်နာဆောင်ရွက်ခြင်းများ လုပ်ဆောင်နိုင်ခဲ့သည်။

CPC သည် ဆိုရှယ်လစ်ဝါဒ နှင့် တရုတ်လူမျိုးတို့၏ အမူအကျင့်များကို ဦးထိပ်ထားကာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စံပြနိုင်ငံအဖြစ် ရပ်တည်ခဲ့သလို ကမ္ဘာ့ပြဿနာရပ်များတွင် တရုတ်လူမျိုးတို့၏ အသိဉာဏ်ပညာ နှင့် တရုတ်လူမျိုးတို့၏ အဖြေရှာပုံ နည်းလမ်းများအား ဆောင်ကြဉ်းပေးခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.