Connect with us

Politics, Law & Military

တရုတ်နိုင်ငံက တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုကို အားပေးထောက်ခံကြောင်း ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရအမျိုးသမီး Hua Chunying က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ရခိုင်ဒေသတည်ငြိမ်အေးချမ်းရေး နှင့် ငြိမ်းချမ်းရေး အတွက် မြန်မာအစိုးရ၏ ကြိုးပမ်း အားထုတ်မှုကို အားပေးထောက်ခံကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး က အောက်တိုဘာလ ၁၁ ရက်တွင် ပြောကြားလိုက်သည်။

“ မြန်မာနိုင်ငံမှာ လူမှုတည်ငြိမ်ရေး ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး နဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တို့ကို ထိန်းသိမ်း လုပ်ဆောင်နိုင်မယ်လို့တရုတ်နိုင်ငံက မျှော်လင့်ပါတယ်” ဟု နေ့စဉ်ပုံမှန်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ဟွာချွင်းယင် (Hua Chunying) က ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး နှင့်ငြိမ်းချမ်းရေး ကိုထိန်းသိမ်းရန် မြန်မာအစိုးရအက လုပ်ဆောင်နေသည်ကို တရုတ်နိုင်ငံအနေဖြင့် သတိပြုမိကြောင်း Hua က ဆိုသည်။

“ အပြစ်မဲ့အရပ်သားတွေ ထိခိုက်နာကျင်မှု မရှိအောင် တတ်နိုင်သမျှ လုပ်ဆောင်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသော အရေးကိစ္စရပ်များသည် ရှုပ်ထွေးသောသမိုင်းအကြောင်းအရာများ၊ တိုင်းရင်းသား နှင့် ဘာသာရေးကိစ္စရပ်များပေါ်တွင် အမြစ်တွယ် ဖြစ်ပွားနေခြင်းဖြစ်ရာ နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် ၎င်းကိစ္စရပ်အပေါ် တရားမျှတစွာ နှင့် သင့်တင့်ကောင်းမွန်စွာ ဖြင့် ရှုမြင်ဆောင်ရွက်လိမ့်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအား ချစ်ကြည်ရင်းနှီးမှုဖြင့် အခြေခံကျကျ အဖြေရှာကြရန် ထောက်ခံအားပေးကြောင်း Hua က ပြောကြားခဲ့သည်။ ထို့ပြင် ကုလသမဂ္ဂ နှင့်နိုင်ငံတကာအဖွဲ့အစည်းများမှလည်း ရခိုင်ပြည်နယ်အရေးကို အဖြေရှာရန် ဝိုင်းဝန်းကူညီသင့်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.