Connect with us

Politics, Law & Military

တရုတ်နိုင်ငံခြားရေးဝန်ကြီးက “၂၀၂၀ ပြည့်နှစ် နိုင်ငံတကာ အခြေအနေနှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေး” ဆွေးနွေးပွဲသို့ တက်ရောက်၍ အဓိက မိန့်ခွန်းပြောကြား

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိ က ဒီဇင်ဘာ ၁၁ ရက်တွင် ကျင်းပပြုလုပ်သော “၂၀၂၀ ပြည့်နှစ် နိုင်ငံတကာ အခြေအနေ နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေး” ဆွေးနွေးပွဲ တွင် မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန် / စိုးမိုး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က ဒီဇင်ဘာ ၁၁ ရက်တွင် ကျင်းပ ပြုလုပ်သော “၂၀၂၀ ပြည့်နှစ် နိုင်ငံတကာ အခြေအနေ နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေး” ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး “ရာစုနှစ်တစ်ခုအတွင်းပြောင်းလဲမှု နှင့် ကပ်ရောဂါအခြေအနေအောက် တရုတ်နိုင်ငံ နိုင်ငံခြားရေး ၊ နိုင်ငံအပေါ်တာဝန်ယူပြီး ကမ္ဘာ့အတွက် တာဝန်ယူပေးခြင်း” ဟူသည့် ခေါင်းစဉ်ဖြင့် အဓိက မိန့်ခွန်းကို ပြောကြားခဲ့သည်။

ဝမ်ရိ က ၂၀၂၀ ပြည့်နှစ်သည် တရုတ်နိုင်ငံ နိုင်ငံခြားဆက်ဆံရေး လမ်းစဉ်တွင် အလွန်ထူးခြားသည့် နှစ်တစ်နှစ်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် က နိုင်ငံကြီးတစ်နိုင်ငံ၏ခေါင်းဆောင် တစ်ဦး အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ အမြင် နှင့် တာဝန်ဝတ္တရားများအရ အွန်လိုင်း နိုင်ငံခြားရေးနည်းလမ်းပုံစံသစ်မျိုးဖြင့် အခြားနိုင်ငံခေါင်းဆောင်များနှင့် အနီးကပ် ဆက်ဆံရေး ထားရှိခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါတိုက်ဖျက်ရေးဘုံသဘောတူညီမှု ရရှိရန်အတွက် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးအတွက် လမ်းညွှန်မှုများကို ပြုလုပ်ပေးခဲ့ကြောင်း ၊ နိုင်ငံခြားဆက်ဆံရေးတွင် နှစ်နိုင်ငံခေါင်းဆောင်များ၏ လမ်းညွှန်မှု ကို အဓိက ထားရှိပြီး စည်းလုံးညီညွတ်စွာ ကပ်ရောဂါ အတူတကွ တိုက်ဖျက်ရေးကို အဓိကထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ အခက်အခဲများကို ကျော်ဖြတ်၍ အခြေအနေအရ ပြောင်းလဲမှုများကို ဆောင်ရွက်ကာ နိုင်ငံတော်အပေါ်တာဝန်ယူသွားပြီး ကမ္ဘာ့အတွက် တာဝန်ယူပေးသွားရမည်ဖြစ်ကြောင်း ၊ COVID-19 ကပ်ရောဂါ နှင့် နိုင်ငံတကာနိုင်ငံရေး ရောဂါပိုးအား တစ်ချိန်တည်း အတူတကွ တိုက်ဖျက်သွားပြီး မိမိ နိုင်ငံအကျိုးစီးပွားကို ကာကွယ်သွားကာ ကမ္ဘာ့တည်ငြိမ်အေးချမ်းရေးအတွက် ထိန်းသိမ်းပေးသွားရမည်ဖြစ်ကြောင်း ၊ မိမိတို့အနေဖြင့် နိုင်ငံခြားရေးပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရာတွင် အချက် ၈ ချက်ကို အဓိကထား၍ ဦးစားပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဝမ်ရိ က ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန် ၏ အတွေးအမြင် ကို ဦးတည်ချက်အဖြစ်ထားရှိပြီး အခက်အခဲများကို ကျော်လွှားကာ ရှေ့ဆက်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ၊ အခက်အခဲများကြားတွင် အခွင့်အလမ်းများကို ရှာဖွေသွားပြီး ပြောင်းလဲမှုဖြစ်ပွားနေသည့် အခင်းအကျင်း အား အခင်းအကျင်းသစ်အဖြစ် သို့ ပြောင်းလဲပြီး ခေတ်သစ်တမူထူးခြားသောတရုတ်နိုင်ငံ အဓိကနိုင်ငံသံတမန်ရေးကို ဘက်စုံတွန်းအားပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ ပထမ အချက်အနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာအတွက် အလုံးစုံတာဝန်ယူဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း ၊ ဒုတိယအချက်အနေဖြင့် ကမ္ဘာ့စီးပွားရေး အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ရေးအတွက် ကူညီထောက်ပံ့ပေးသွားရမည်ဖြစ်ကြောင်း ၊ တတိယအချက်အနေဖြင့် နိုင်ငံတကာဆက်ဆံရေးဖွဲ့စည်းတည်ဆောက်ပုံအသစ်ကို တွန်းအားပေးတည်ဆောက်သွားရမည်ဖြစ်ကြောင်း ၊ စတုတ္ထအချက် အနေဖြင့် နိုင်ငံတကာ နှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းအောင် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ ပဉ္စမအချက်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ ဆဌမအချက်အနေဖြင့် နိုင်ငံအသီးသီးအကြား အပြန်အလှန် နားလည်မှု တိုးမြင့်အောင် တွန်းအားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ သတ္တမအချက်အနေဖြင့် လူသားမျိုးနွယ်အေးအတူပူအမျှ အသိုက်အဝန်းကို ဆက်လက်၍ တွန်းအားပေးတည်ဆောက်သွားရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ယခုအကြိမ်ကျင်းပပြုလုပ်သော အစည်အဝေး က တရုတ်နိုင်ငံ နိုင်ငံတကာရေးရာ သုတေသန အကယ်ဒမီ နှင့် တရုတ်နိုင်ငံ နိုင်ငံတကာရေးရာ သုတေသန ဖောင်ဒေးရှင်း တို့မှ အတူတကွ ပူးပေါင်းကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

…………………………………………
(Chinese Version)
王毅出席“2020年国际形势与中国外交”研讨会并发表主旨演讲

  新华社北京12月11日电国务委员兼外交部长王毅11日在京出席“2020年国际形势与中国外交”研讨会开幕式并发表题为“百年变局与世纪疫情下的中国外交:为国家担当 对世界尽责”的主旨演讲。
  王毅表示,2020年是中国外交征程中具有开创性意义的一年。习近平主席以大国领袖的全球视野和使命担当,以“云外交”等创新方式密集开展元首外交,为全球抗疫凝聚共识,为中国外交指引方向。外交战线以元首外交为引领,以团结抗疫为主线,迎难而上,主动应变,为国家担当,对世界尽责,同步抗击新冠肺炎病毒和国际政治病毒,为捍卫国家利益、维护全球稳定作出新的贡献。主要体现在八个方面:一是开展有声有色的抗疫国际合作,二是坚持扩大对外开放和互利合作,三是为国际局势稳定提供有力支撑,四是推动周边命运共同体走深走实,五是维护拓展发展中国家共同利益,六是积极参与全球治理体系变革,七是坚定捍卫国家利益和民族尊严,八是全心全意践行“外交为民”宗旨。

  王毅强调,2021年我们将以习近平外交思想为指引,奋楫破浪,坚毅前行,于危机中育先机,在变局中开新局,全面推进新时代中国特色大国外交。一是全力服务国家发展战略,二是助力世界经济加快复苏,三是推动构建新型国际关系,四是持续深化国际和地区合作,五是主动参与全球治理变革,六是不断促进各国相互理解,七是继续推进构建人类命运共同体。
  研讨会由中国国际问题研究院与中国国际问题研究基金会联合举办。(完)

Photo
新华社照片,北京,2020年12月11日
王毅出席“2020年国际形势与中国外交”研讨会并发表主旨演讲
12月11日,国务委员兼外交部长王毅在北京出席“2020年国际形势与中国外交”研讨会开幕式并发表题为“百年变局与世纪疫情下的中国外交:为国家担当 对世界尽责”的主旨演讲。
新华社记者 王晔 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.