Connect with us

Politics, Law & Military

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် အာဆီယံ စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြား

တရုတ်နိုင်ငံနိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခဲ့ချန် က နိုဝင်ဘာ ၁၃ ရက်၌အာဆီယံ စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးတွင် ဗီဒီယိုကွန်ဖရန့်မှတစ်ဆင့် မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး

တရုတ်နိုင်ငံနိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခဲ့ချန် က နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းအချိန်တွင် အာဆီယံ စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး၌ ဗီဒီယိုကွန်ဖရန့်မှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည်။

လီခဲ့ချန် က မထင်မှတ်ဘဲကြုံတွေ့ခဲ့ရသည့် COVID-19 ကပ်ရောဂါကြောင့် နိုင်ငံအသီးသီးရှိ ပြည်သူလူထု တို့က အသက်လုံခြုံရေး နှင့် ကျန်းမာရေးခြိမ်းခြောက်မှုတို့ကို ဆိုးရွားစွာ ကြုံတွေ့ခဲ့ရပြီး ကမ္ဘာ့စီးပွားရေးမှာလည်း ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းအချိန်တွင် အဆိုးရွားဆုံး ကျဆင်းမှုဖြစ်ပွားခဲ့ကြောင်း ၊ အာဆီယံ သည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းဖြစ်ပြီး အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဖြစ်ကာ နှစ်ဖက် ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုသည် ကမ္ဘာ့စီးပွားရေး ကျဆင်းနေသည့် နောက်ခံအောက်တွင် ဆန့်ကျင်၍ တိုးတက်မှုရရှိနိုင်ခဲ့ကြောင်း ၊ နှစ်ဖက်ကုန်သွယ်ရေး အနေဖြင့် ၅ ရာခိုင်နှုန်းတိုးမြင့်ခဲ့ပြီး တရုတ် နိုင်ငံ မှ အာဆီယံ နိုင်ငံများသို့ ရင်းနှီးမြှုပ်နှံမှုသည် ၇၆.၆ ရာခိုင်နှုန်းတိုးမြင့်ခဲ့ကြောင်း ၊ အာဆီယံသည် လက်ရှိချိန်တွင် တရုတ်နိုင်ငံ ၏ အကြီးဆုံးသော ကုန်သွယ်ဖက်ဖြစ်ခဲ့ပြီး နှစ်ဖက်စီးပွားရေးချိတ်ဆက်မှု နှင့် ကုန်ထုတ်လုပ်ငန်း ပတ်သက်ဆက်နွယ်မှု တို့ ပိုမိုနီးကပ်လာကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် လီခဲ့ချန် က တရုတ်နိုင်ငံအနေဖြင့် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို တွန်းအားပေးနိုင်ရန် စီမံချက်များရေးဆွဲခဲ့ပြီး အချိန်မီ ထိရောက်၍ လက်တွေ့ကျသော စီးပွားရေးမူဝါဒ ကို ချမှတ်ကာ ကပ်ရောဂါကြောင့် ထိခိုက်မှုများကို ရင်ဆိုင်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံ ၏ ခက်ခဲစွာကြိုးပမ်းအားထုတ်မှုကြောင့် တရုတ်နိုင်ငံ စီးပွားရေး ၏ ရှေ့ရာသီ ၃ ရာသီလုံး တွင် အပေါင်းလက္ခဏာတိုးတက်မှုပြန်လည်ရရှိနိုင်ခဲ့ပြီး အခြေခံအားတည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့ကြောင်း ၊ လူဦးရေပေါင်း ၁.၄ ဘီလီယံရှိသော နိုင်ငံကြီးတစ်နိုင်ငံတွင် ယင်းကဲ့သို့ ဆောင်ရွက်နိုင်ခဲ့သည်မှာ လွန်စွာမလွယ်ကူလှကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် အသေးစား ၊ အလတ်စား နှင့် ပုဂ္ဂလိက လုပ်ငန်းများအတွက် ကူညီထောက်ပံ့ပေးသည့် မူဝါဒများ ချမှတ်ခဲ့ပြီး ယင်းကဲ့သို့ဆောင်ရွက်ခြင်းမှာ အလုပ်အကိုင်အခွင့်အလမ်း တည်ငြိမ်မှုရှိရေး နှင့် စီးပွားရေး အခြေခံ တည်ငြိမ်မှုရရှိရေးတို့အတွက်ဖြစ်ကြောင်း ၊ အလုပ်အကိုင်အခွင့်အလမ်းတည်ငြိမ်မှုရရှိရေး မှာ ဈေးကွက်ပေါ်တွင် မှီခိုနေကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် အကောက်ခွန်များလျှော့ချပေးခြင်း ၊ ပိုမိုကောင်းမွန်သည့် အစိုးရ ဝန်ဆောင်မှုကို နက်ရှိုင်းစွာဆောင်ရွက်ခြင်း ၊ လုပ်ငန်းပတ်ဝန်းကျင် ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ပေးခြင်းတို့ဖြင့် သန်းပေါင်းရာနှင့်ချီသောဈေးကွက်ကို တက်ကြွလှုပ်ရှားအောင် လှုံ့ဆော်ပေးနိုင်ခဲ့ကြောင်း ၊ ဈေးကွက်ကိုထိန်းသိမ်းနိုင်ခဲ့ခြင်းကြောင့်လည်း အလုပ်အကိုင်အခွင့်အလမ်း နှင့် လူနေမှုဘဝ ကို အာမခံချက်ရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ ဈေးကွက် ၏ အနာဂတ်အတွက် ခိုင်မြဲစွာ ယုံကြည်မှုရှိကြောင်း ၊ လက်ရှိချိန်တွင် တရုတ်နိုင်ငံ ၏ ယခုနှစ်စီးပွားရေး မှာ အပေါင်းလက္ခဏာတိုးတက်မှု ရှိမည်ကို ယုံကြည်စွာပြောကြားနိုင်ပြီး ကမ္ဘာ့အဓိကစီးပွားရေးအသိုက်အဝန်းတွင် တရုတ်နိုင်ငံ က ပထမဦးဆုံး တိုးတက်မှုပြန်လည်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် လီခဲ့ချန် က မိမိတို့အနေဖြင့် လက်ရှိချိန်တွင် အခက်အခဲ နှင့် စိန်ခေါ်မှုများစွာ ကြုံတွေ့နေရသည် ကို ရှင်းလင်းစွာ သိရှိခဲ့ရပြီး ကမ္ဘာ့စီးပွားရေးကျဆင်းခြင်း ၊ ကုန်သွယ်မှုအားနည်းခြင်း နှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ဦးမော့လာခြင်း တို့နှင့်ရင်ဆိုင်နေရကြောင်း ၊ မိမိတို့အနေဖြင့် အေးအတူပူအမျှအသိုက်အဝန်း အတွေးအမြင် ကို ကိုင်စွဲပြီး အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု နှင့် လွတ်လပ်စွာကုန်သွယ်မှုတို့ကို ထိန်းသိမ်းကာ ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း ၊ တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်သည့် ပတ်ဝန်းကျင်ကို ခိုင်မြဲစွာ ထိန်းသိမ်းသွားပြီး ဒေသတွင်းစီးပွားရေး တူညီသော အသိုက်အဝန်းတစ်ခုဖြစ်အောင်ကြိုးပမ်း၍ တွန်းအားပေးဆောင်ရွက်ကာ ဒေသတွင်းစီးပွားရေး ပြန်လည်ကောင်းမွန်လာစေရန် အလုံးစုံတွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးတွင် တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် က လာမည့်နှစ်သည် တရုတ်-အာဆီယံ ဆက်ဆံရေး ထူထောင်ခဲ့သည့် နှစ် ၃၀ ပြည့်နှစ်ဖြစ်ပြီး တရုတ်-အာဆီယံ ဆက်ဆံရေးမှာလည်း ပိုမိုရင့်ကျက်လာမည် ကိုယုံကြည်ကြောင်း ၊ တရုတ်-အာဆီယံ အနေဖြင့် အတူတကွ အပြန်အလှန် အကျိုးဖြစ်ထွန်းစေသည့် ဦးတည်ရာသို့ ဆက်လက်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုအသစ်များ အဆက်အပြတ်ဖန်တီးကာ တရုတ် နိုင်ငံ နှင့် အာဆီယံ နိုင်ငံများ၏ ပြည်သူလူထုတို့အား ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ၊ ယင်းမှာ ဒေသတွင်း နှင့် ကမ္ဘာ့တည်ငြိမ်အေးချမ်းရေး နှင့် စည်ပင်ဝပြောရေး အား ထိန်းသိမ်းရန်အတွက်လည်း အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.