Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ၏ ယခု နှစ်အတွက် ဘတ်ဂျက် အကြောင်းအရာ စုစုပေါင်း ၁၀၄ ခု ကို ဥပဒေကြောင်း အရ ပွင့်လင်းမြင်သာစွာ ကြေညာသွာမည်

တရုတ် နိုင်ငံ အမျိုးသား ပြည်သူ့ ကွန်ဂရက် ဘတ်ဂျက်လုပ်ငန်းဆိုင်ရာ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ လျိုရှိုးဝန် (Liu Xiuwen) အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၁၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ အမျိုးသား ပြည်သူ့ ကွန်ဂရက် ဘတ်ဂျက်လုပ်ငန်းဆိုင်ရာ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ လျိုရှိုးဝန် (Liu Xiuwen) က တရုတ်နိုင်ငံ ဗဟို အစိုးရ အနေဖြင့် ဘတ်ဂျက် ဌာန ပေါင်း ၁၁၉ ခုရှိပြီး ယခုနှစ်တွင် လျှို့ဝှက် ထားမည့် ဌာနများ မှလွဲ၍ ကျန်ရှိသော ဌာနပေါင်း ၁၀၄ ခု၏ ဘတ်ဂျက် အစီရင်ခံစာ ကို အစည်းအဝေး သို့ တင်ပြ စိစစ်ကာ တရားဝင် ထုတ်ပြန်ကြေညာ သွားမည် ဖြစ်ကြောင်း မတ်လ ၁၀ ရက်နေ့တွင် ပြောကြား သည်။

လျိုရှိုးဝန် က ၁၂ကြိမ်မြောက် တရုတ် အမျိုးသား ပြည်သူ့ ကွန်ဂရက် ၅ ကြိမ်မြောက်အစည်းအဝေး ၏ သတင်းစာ ရှင်းလင်းပွဲ တွင် ပွင့်လင်းမြင်သာမှုသည် နေရောင်ခြည် ကဲ့သို့ ခြစားမှု ကို အကောင်းဆုံး ကာကွယ်ပေးနိုင်သည့် ဆေးစွမ်းဖြစ်ကြောင်း ၊ လက်တလော နှစ်ပိုင်းတွင် တရုတ် အမျိုးသား ပြည်သူ့ ကွန်ဂရက် အနေဖြင့် ဘတ်ဂျက် ဆိုင်ရာ စစ်ဆေးမှုကို တွန်းအားပေး ဆောင်ရွက်ခဲ့ပြီး အစိုးရ ဘတ်ဂျက် ဆိုင်ရာ စာရင်း ထုတ်ပြန်မှု ကိုလည်း ပွင့်လင်းမြင်သာမှု ရှိအောင် ကောင်းမွန်စွာ ဆောင်ရွက် နိုင်ခဲ့ကြောင်း ၊ ပိုမို ကောင်းမွန်ပြည့်စုံသည့် ပုံစံဖြင့် ပွင်းလင်းစွာ ထုတ်ပြန်ခြင်း ကို ဆက်လက်၍ ကြိုးပမ်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် လျှိုရှိုးဝန် က ပြည်သူလူထု လူနေမှုဘဝ မြှင့်တင်ရေး နှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အတွက် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ပြီး တရုတ် အမျိုးသား ပြည်သူ့ ကွန်ဂရက် အနေဖြင့် တရုတ် နိုင်ငံ အမျိုးသား ကောင်စီ ၏ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး လုပ်ငန်း ဆောင်ရွက်မှု အတွက် လိုအပ်သော ငွေကြေးပိုင်းဆိုင်ရာ များကို ထောက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၊ ဆင်းရဲမှု ပပျောက်ရေး တိုက်ပွဲ အတွက် ထိရောက်သော ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)