Connect with us

Politics, Law & Military

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် နှင့် ဂေဟစနစ်ထိန်းသိမ်းရန် နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်များ အကြံပြု

တရုတ်နိုင်ငံ၏ ၁၂ ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် အစည်းအဝေးပွဲ၏ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ပေကျင်း၊မတ်၁ဝရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်များသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့် ဂေဟစနစ်သိန်းသိမ်းမှုများအတွက် မတ်လ ၉ ရက်က အကြံပြုချက်များ ပြောဆိုခဲ့ကြောင်း သိရသည်။

အဖွဲ့ဝင် ၄ဝ ဦးပါဝင်သည့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရန့်(CPPCC) အမျိုးသားကော်မတီ က ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမတွင် ပြုလုပ်သော ဆွေးနွေးပွဲတွင် အထက်ပါတိုင်း အကြံပြုချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။တရုတ်နိုင်ငံပြုပြင်ပြောင်းလဲရေး နှင့် ဖွံ့ဖြိုးရေး သိပ္ပံမှ ညွှန်ကြားရေးမှူး Chi Fulin က ပြုပြင်ပြောင်းလဲရေးနက်ရှိုင်းစွာဆောင်ရွက်နိုင်ရန် အဓိက သော့ချက်ဖြစ်သော အစိုးရ နှင့် ဈေးကွက်အကြား သင့်တင့်ကောင်းမွန်သည့် ဆက်ဆံရေးတည်ဆောက်ရန် ပိုမိုကြိုးပမ်းအားထုတ်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။CPPCC ၏ တိုင်းရင်းသားရေးရာ နှင့် ဘာသာရေးရာဆိုင်ရာကော်မတီကိုယ်စား Zhu Weiqun က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပေါ် တရုတ်နိုင်ငံ၏ လက်ရှိစည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်မှုများ အရှိန်မြှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အကြံပြုချက်ပေးသည်။

တိုင်းပြည်၏ ဂေဟစနစ်ကို ပို၍ကောင်းမွန်စွာ ကာကွယ်နိုင်ရန် စီမံဆောင်ရွက်နေစဉ်အတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ထိပ်တန်းအဆင့်အဖြစ် လုပ်ဆောင်သွားသင့်ကြောင်း ၎င်းက ဆိုသည်။အဆိုပါဆွေးနွေးပွဲသို့CPPCC အမျိုးသားကော်မတီဥက္ကဋ္ဌ Yu Zhengsheng တက်ရောက်ခဲ့ကြောင်းသိရသည်။(Xinhua)