Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ၏ ပြည်ပအရံငွေ ထားရှိမှုများ သင့်တင့် သော ပမာဏ ကျဆင်းခြင်းမှာ ပုံမှန် လက္ခဏာ ဖြစ်ကြောင်း ပြောကြား

တရုတ် နိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ကျိုရှောင်ချွမ်း (Zhou Xiaochuan) အား သတင်းစာ ရှင်းလင်းပွဲ တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ်လ ၁၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ကျိုရှောင်ချွမ်း (Zhou Xiaochuan) က တရုတ် နိုင်ငံ ၏ ပြည်ပအရံငွေ ထားရှိမှုများ သင့်လျှော်သော ပမာဏ ကျဆင်းမှု ရှိခြင်းသည် ပုံမှန် လက္ခဏာ တစ်ရပ်သာ ဖြစ်ကြောင်း မတ်လ ၁၀ ရက်နေ့က ကျင်းပသည့် ၁၂ကြိမ်မြောက် တရုတ် အမျိုးသား ပြည်သူ့ ကွန်ဂရက် ၅ ကြိမ်မြောက်အစည်းအဝေး ၏ သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြား ခဲ့သည်။

ကျိုရှောင်ချွမ်း က တရုတ် နိုင်ငံ ၏ ပြည်ပအရံငွေ ကျဆင်းမှုအား အပိုင်းနှစ်ပိုင်း ခွဲခြား၍ သုံးသပ်ရမည် ဖြစ်ကြောင်း ၊ တစ်ပိုင်း တွင် ငွေကြေးအရင်းအနှီးများ စီးဆင်းမှုတွင် မည်သည့်နေရာတွင် အားနည်းချက်များ ရှိခဲ့ကြောင်း ကို လေ့လာစမ်းစစ်ရမည် ဖြစ်ပြီး အခြား တစ်ပိုင်းအနေဖြင့် ပြည်ပအရံငွေ ထားရှိမှုများ သင့်လျှော်သော ကျဆင်းမှု ရှိခြင်းသည် ပုံမှန်အခြေအနေဖြစ်ကာ အလွန်များပြားသည့် ပမာဏ ဖြစ်သော အရံငွေ အမေရိကန် ဒေါ်လာ ၄ ထရီလီယံ ပမာဏ ထိန်းသိမ်းရန် မလိုအပ်ကြောင်း ကို သိရှိရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ကျိုရှောင်ချွမ်း က လက်ရှိချိန်တွင် တရုတ် နိုင်ငံ သည် ပြည်ပအရံငွေ အမေရိကန် ဒေါ်လာ ၃ ထရီလီယံ ဝန်းကျင်ရှိပြီး ကမ္ဘာပေါ်တွင် အများဆုံးဖြစ်ကြောင်း ၊ ထိုပမာဏ သည် ဒုတိယ အများဆုံး နိုင်ငံ နှင့် နှိုင်းယှဉ်လျှင်ပင် အလွန်ကွာခြားကြောင်း ၊ မူဝါဒ သတ်မှတ်ခြင်းများ ပြုလုပ်ရာတွင် အကြောင်းအရာ တစ်ခုခု အပေါ် အလွန်စိုးရိမ်သည့် စိတ်နေသဘောထားဖြင့် ဆောင်ရွက်ရမည် မဟုတ်ဘဲ ပုံမှန် သဘောထား ဖြင့် ပြဿနာ ကို ဖြေရှင်းနိုင်သည့် မူဝါဒ ကို ချမှတ် သွားရမည် ဖြစ်ကြောင်း ၊ လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လည်း မှားယွင်းမှု ဖြစ်ပေါ်ခဲ့ပါက အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းသွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)