Connect with us

Politics, Law & Military

တရုတ်-လာအို နှစ်နိုင်ငံစစ်တပ်အကြား ဆေးဖက်ဆိုင်ရာကယ်ဆယ်ရေးပူးတွဲလေ့ကျင့်မှု ပြုလုပ်ရန်ရှိ

တရုတ်စစ်တပ် ဆေးဖက်ဆိုင်ရာ တပ်ဖွဲ့ ဝင်များ တာဝန်ထမ်းဆောင်နေစဉ်(ဆင်ဟွာ)

ချုံချင့် ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) သည် လာအိုနိုင်ငံသို့သွားရောက်ကာ လူသားချင်းစာနာမှုအစီအစဉ်အတွက် စစ်ဆေးဖက်ဆိုင်ရာကယ်ဆယ်ရေး ပူးတွဲလေ့ကျင့်မှုတစ်ခုကို သြဂုတ် ၁၃ ရက် မှ သြဂုတ် ၂၆ ရက်အထိ ၁၄ ရက်ကြာပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လာအိုတပ်မတော်မှ တပ်ဖွဲ့ဝင် ၁ဝဝ ဦးနှင့်အတူ စုစုပေါင်း အဖွဲ့ဝင် ၁၅ဝ ကျော်သည် အရေးပေါ်ဆေးဘက်ဆိုင်ရာကူညီကယ်ဆယ်ရေးလေ့ကျင့်ခန်းများကို လာအိုနိုင်ငံ မြို့တော် ဗီယန်ကျင်းမြို့၌ ပထမဦးစွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၊ ယင်းလေ့ကျင့်မှုတွင်ရွှံ့မြေပြိုကျခြင်းကဲ့သို့ ကယ်ဆယ်ရေးပုံတူလေ့ကျင့်ရေးအစီအစဉ်ကို သြဂုတ် ၁၃ ရက် မှ ၁၉ ရက်အတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက်တွင် တရုတ်စစစ်တပ်ဆေးဖက်ဆိုင်ရာအသင်းက လာအိုအစိုးရအရာရှိများ ၊ စသ်သည်များ နှင့် မိသားစုဝင်များ ၊ ပြည်သူများအတွက် အခမဲ့ ရောဂါရှာဖွေဖော်ထုတ်ပေးခြင်း ၊ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ပေးမှုများ နှင့်ခွဲစိပ်မှုများအပါအဝင် ဆေးဖက်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ပံ့ပိုးပေးမည်ဖြစ်သည်။

ယခုကဲ့သို့ဆေးတပ်ဖွဲ့စေလွှတ်ခြင်းက တတိယမြောက်ဖြစ်ပြီး တရုတ်စစ်တပ် နှင့် လာအိုစစ်တပ်အကြား ဆေးဘက်ဆိုင်ရာ နှင့် သယ်ယူပို့ဆောင်ရေးတွင် နက်ရှိုင်းသောပူးပေါင်းဆောင်ရွက်မှု၏ လက္ခဏာတစ်ခုဖြစ်ကြောင်း သိရသည်။(Xinhua)