Connect with us

Politics, Law & Military

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး နှင့် ထိုင်း နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံ ဆွေးနွေး

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ဒုံ ပရာမွတ်ဝီနိုင်း ( Don Pramudwinai ) ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ဒုံ ပရာမွတ်ဝီနိုင်း ( Don Pramudwinai ) တို့ က သြဂုတ်လ ၁ ရက် တွင် ထိုင်း နိုင်ငံ ဘန်ကောက်မြို့ ၌ တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ်ခဲ့ပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း ဝမ်ရိ က တရုတ် နိုင်ငံ အနေဖြင့် ထိုင်း နိုင်ငံ နှင့် ရိုးရာချစ်ကြည်ရေး ကို အလေးထားပြီး ထိုင်း နိုင်ငံ နှင့် ဆက်ဆံရေး ကိုလည်း အလွန် အလေးထားကြောင်း ၊ ထိုင်း နိုင်ငံ အစိုးရ အဖွဲ့သစ် နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဆောင်ရွက်ရန် မျှော်လင့်ပြီး တရုတ်-ထိုင်း ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး ကို တွန်းအားပေး ဆောင်ရွက် ကာ ခေတ်ကာလ သစ် တွင် ဖွံ့ဖြိုးတိုးတက်မှု ပိုမို ရရှိအောင် ဆောင်ရွက်သွားလိုကြောင်း ၊ တရုတ်-ထိုင်း နှစ်နိုင်ငံ အနေဖြင့် မိသားစု ကဲ့သို့သော ထူးခြား သည့် ချစ်ကြည်ဆက်ဆံရေး အား ထိန်းသိမ်းသွားရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ထိုင်း နိုင်ငံ ဘုရင် အား တရုတ် နိုင်ငံ သို့ လာရောက် လည်ပတ်ရန် ဖိတ်ခေါ်ပြီး ထိုင်းဘုရင် မိသားစုဝင် များ နှင့် အစိုးရ အဖွဲ့ သစ် ခေါင်းဆောင် များ ကိုလည်း တရုတ် နိုင်ငံ သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ကြောင်း ၊ တရုတ်-ထိုင်း နှစ်နိုင်ငံ က အရည်အသွေးမြင့် ရပ်ဝန်း နှင့် ပိုးလမ်းမ အတူတကွ တည်ဆောက်မှု တွင် ဦးဆောင်နေမှု ကို ထိန်းသိမ်းသွားပြီး တရုတ်-ထိုင်း ရထားလမ်း တည်ဆောက်မှု ကိုလည်း ခိုင်မြဲစွာ တွန်းအားပေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့သွားပြီး တရုတ် နိုင်ငံ နှင့် အခြား အာဆီယံ အဖွဲ့ဝင် နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှု အတွက် စံပြ အဖြစ် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ ထိုင်း နိုင်ငံ က ယခုနှစ် တွင် အာဆီယံ ၏ အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံ ဖြစ်ပြီး တရုတ် နိုင်ငံ အနေဖြင့် ထိုင်း နိုင်ငံ ၏ ဥက္ကဋ္ဌ တာဝန် ဆောင်ရွက်မှုများ အပေါ် အလုံးစုံ ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အကြား အနီးကပ် ညှိနှိုင်းဆောင်ရွက်မှု ထားရှိပြီး အတူတကွ တရုတ်-အာဆီယံ ဆက်ဆံရေး ပိုမို ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ဒုံ ပရာမွတ်ဝီနိုင်း က ထိုင်း နိုင်ငံ အနဖြင့် တရုတ် နိုင်ငံ နှင့် ဆက်ဆံရေး အား လွန်စွာ အလေးထားပြီး တရုတ် နိုင်ငံ နှင့် အနီးကပ် ရေရှည် ကူးလူးဆက်ဆံမှု ထားရှိလိုကြောင်း ၊ ရပ်ဝန်း နှင့် ပိုးလမ်းမ အတူတကွ တည်ဆောက်ရေး ကို တွန်းအားပေး ဆောင်ရွက်ပြီး အပြန်အလှန် ချိတ်ဆက်မှု နှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့သွားလိုကြောင်း ၊ ယခုနှစ် အာဆီယံ-တရုတ် နိုင်ငံခြားရေး ဝန်ကြီး အစည်းအဝေး က အောင်မြင်ချောမွေ့စွာ ကျင်းပပြုလုပ် နိုင်ခဲ့ပြီး နိုင်ငံအသီးသီး မှလည်း ကျေနပ်မှု ရရှိခဲ့ကြောင်း ၊ ထိုင်း နိုင်ငံ အနေဖြင့် အာဆီယံ-တရုတ် ပူးပေါင်း ဆောင်ရွက်မှု ကို နက်ရှိုင်းအောင် ဆောင်ရွက်ပြီး နှစ်နိုင်ငံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် တက်ကြွစွာ ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.