Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဒုတိယ သမ္မတ နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာ ဝန်ကြီး တွေ့ဆုံဆွေးနွေး


ပေကျင်း၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယ သမ္မတ ဝမ်ချီစန်း(Wang Qishan)နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာ ဝန်ကြီး ဆူဘရာမန်ယန် ဂျိုင်ရှန်ကာ(Subrahmanyam Jaishankar)တို့သည် သြဂုတ် ၁၂ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာမှာ တရုတ်နိုင်ငံ ဒုတိယ သမ္မတ ဝမ်ချီစန်းက တရုတ်-အိန္ဒိယနှစ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး အရှေ့တိုင်း ရှေးဟောင်းယဉ်ကျေးမှုနိုင်ငံကြီးဖြစ်သလို ယနေ့ခေတ် ကမ္ဘာ့နိုင်ငံကြီးများလည်းဖြစ်ကြောင်း၊ လက်ရှိအချိန်သည် နိုင်ငံနှင့်ပြည်သူအများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့်အချိန်ကာလဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဒုတိယ သမ္မတ ဝမ်ချီစန်းနှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာ ဝန်ကြီး ဆူဘရာမန်ယန် ဂျိုင်ရှန်ကာတို့ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ယခုနှစ်ပိုင်းများတွင် တရုတ်-အိန္ဒိယ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်လာရာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ကောင်းမွန်လျက်ရှိကြောင်း၊ နှစ်နိုင်ငံ လူမှုရေးရာဖလှယ်မှုကဏ္ဍများ ကျယ်ပြန့်လာခြင်းသည် လက်ရှိအတွက်သာမက ရေရှည်အတွက်ပါ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ရာ ဘက်စုံ ဖလှယ်ရေး၏ အဓိက ကဏ္ဍရပ်ဖြစ်ကြောင်း၊ တရုတ်-အိန္ဒိယ နှစ်နိုင်ငံ အဆင့်မြင့်အရာရှိ လူမှုရေးရာဖလှယ်မှုများဖြင့် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်ရန်အတွက် ပိုမိုခိုင်မာသည့် ပြည်သူ့ဆန္ဒအခြေခံကို တည်ဆောက်ရမည် ဖြစ်ကြောင်း ဒုတိယ သမ္မတ ဝမ်ချီစန်းက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဆူဘရာမန်ယန် ဂျိုင်ရှန်ကာက တရုတ်-အိန္ဒိယ နှစ်နိုင်ငံသည် ဒေသနှင့် နိုင်ငံတကာ နိုင်ငံရေးကဏ္ဍတွင် အရေးပါသည့် ဆောင်ရွက်မှုများရှိရာ အပြန်အလှန် လေးစားမှု၊ ကြည့်ရှုမှုများရှိကြောင်း ၊ အိန္ဒိယနိုင်ငံအနေဖြင့် နှစ်နိုင်ငံ ခေါင်းဆောင်များ၏ သဘောတူညီမှုများတွင် အခြေခံ၍ ကူးလူးဆက်ဆံရေးများကို ထပ်မံတစ်ဆင့်တိုး ကြိုးပမ်းမြှင့်တင်ဆောင်ရွက်သွားကာ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက် လိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)