Connect with us

Politics, Law & Military

ဟောင်ကောင် အမှုဆောင်အရာရှိချုပ်သစ် ကျမ်းသစ္စာကျိန်ဆို

ဟောင်ကောင် အထူး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ (HKSAR) ၏ အမှုဆောင် အရာရှိချုပ်အဖြစ် Lam Cheng Yuet-ngor ကျမ်းသစ္စာ ကျိန်ဆိုအပြီး တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် လက်ဆွဲနှုတ်ဆက်နေကြစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဇူလိုင်၁ ရက် (ဆင်ဟွာ)

အမိမြေ အုပ်ချုပ်မှု လက်အောက်သို့ ဟောင်ကောင် ပြန်လည် ရောက်ရှိလာမှု နှစ် ၂၀ ပြည့်မြောက်သည့် အထိမ်းအမှတ်အနေဖြင့် ဟောင်ကောင် အထူး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ (HKSAR) ၏ အမှုဆောင် အရာရှိချုပ်အဖြစ် Lam Cheng Yuet-ngor က ယနေ့ (ဇူလိုင် ၁ ရက်) တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။

ကျမ်းကျိန်ခြင်း အခမ်းအနား ကြီးကြပ်မည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ရှေ့မှောက်၌ Lam ကျမ်းသစ္စာ ကျိန်ဆိုခဲ့ခြင်း ဖြစ်သည်။ ကျမ်းကျိန်ပြီး သမ္မတ ရှီက Lam အား လက်ဆွဲ နှုတ်ဆက်ခဲ့သည်။

ထို့နောက် ဟောင်ကောင် အထူး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အစိုးရအဖွဲ့ ပဉ္စမြောက် သက်တမ်း တာဝန်ထမ်းဆောင်မည့် အဓိက အရာရှိများကလည်း သမ္မတ ရှှီ၏ ရှေ့မှောက်၌ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြသည်။

ဟောင်ကောင် အထူး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အမှုဆောင် ကော်မတီ အဖွဲ့ဝင်များက Lam ၏ ရှေ့မှောက်တွင် ကျမ်းကျိန်ခဲ့ကြကြောင်း သိရသည်။

ဟောင်ကောင် အထူး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ (HKSAR) ၏ အမှုဆောင် အရာရှိချုပ်အဖြစ် Lam Cheng Yuet-ngor ကျမ်းသစ္စာ ကျိန်ဆိုအပြီး မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

“ကျွန်မ ဘဝရဲ့ အကြီးမားဆုံးသော ဂုဏ်ပြုခြင်းကို ကျိုးနွံသော နှလုံးသားဖြင့် ကျွန်မ လက်ခံပါတယ်၊ ကျွန်မတို့ရဲ့ ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းမှာ အကြီးမားဆုံး စိန်ခေါ်မှုအတွက် ပြင်ဆင်ထားပါတယ်” ဟု Lam က ရာထူး လက်ခံယူခြင်း မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ပြင် Lam က ဆက်၍ “တစ်နိုင်ငံ၊ စနစ် နှစ်ခု” မူဝါဒကို အကောင်အထည်ဖော်ရာတွင် ၎င်း၏ အစွမ်းအစနှင့်အတူ မဆုတ်မနစ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ဟောင်ကောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ အခြေခံ ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်သွားမည် ဖြစ်သလို တရားဥပဒေ စိုးမိုးရေးကိုလည်း ကာကွယ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.