Connect with us

Politics, Law & Military

အမိမြေနှင့် ဟောင်ကောင် ဆက်ဆံရေး ကိုင်တွယ်ရာတွင် သတိပေး တောင်းဆိုချက် သမ္မတ ရှီ ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဟောင်ကောင်အကြား ဆက်ဆံရေးအား ကိုင်တွယ်ရာတွင် အမျိုးသား အချုပ်အခြာ အာဏာကို ထိပါးခြင်း သို့မဟုတ် ဗဟို အစိုးရ၏ အခွင့်အာဏာအား စိန်ခေါ်သည့် အားထုတ် ကြိုးပမ်းမှုများ ဆောင်ရွက်ခြင်းကို မပြုလုပ်ရန် သမ္မတ ရှီကျင့်ဖိန်က ယနေ့ (ဇူလိုင်လ ၁ ရက်) တွင် သတိပေး တောင်းဆိုချက် ပြောကြားခဲ့သည်။

“အမျိုးသား အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ထိပါးစေမည့် လုပ်ဆောင်မှုမျိုးဖြစ်စေ၊ ဗဟို အစိုးရ အခွင့် အာဏာကို စိန်ခေါ်ခြင်းနှင့် ဟောင်ကောင် အထူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အခြေခံ ဥပဒေ အာဏာကို ထိခိုက်စေမှုမျိုး ဖြစ်စေ (သို့မဟုတ်) ဟောင်ကောင်ကို အသုံးပြုကာ အမိမြေအား ဆန့်ကျင်သည့် အဖျက်အမှောင့် လုပ်ငန်းများ ဆောင်ရွက်မှုကို တားမြစ်ကြောင်းနှင့် ခွင့်ပြုမည် မဟုတ်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။

အထက်ပါ မှတ်ချက်အား ရှီက အမိမြေ အုပ်ချုပ်မှုလက်အောက်သို့ ဟောင်ကောင် ပြန်လည် ရောက်ရှိလာခြင်း နှစ် ၂၀ ပြည့် အခမ်းအနားနှင့် ဟောင်ကောင် အထူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရ၏ ပဉ္စမအကြိမ်မြောက် သက်တမ်း အပ်နှင်းခြင်း အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.