Connect with us

Politics, Law & Military

အမေရိကန် သမ္မတ အိုဘားမား မှ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တွေ့ဆုံချိန်တွင် အောင်မြင်မှု ရလဒ် များစွာ ရရှိလာမည် ဖြစ်ကြောင်း ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ဘယ်) နှင့် အမေရိကန်နိုင်ငံ သမ္မတ အိုဘားမာ (ညာ) တို့ အမေရိကန် နိုင်ငံ White House ၌ တွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ အိုဘားမားသည် စက်တင်ဘာလ ၁၆ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သည့် စီးပွားရေး လုပ်ငန်း စားပွဲဝိုင်း ဆွေးနွေးပွဲ တွင် ၎င်းအနေဖြင့် တရုတ် နိုင်ငံ တော်သမ္မတ ရှီကျင့်ဖိန် နှင့် တွေ့ဆုံရာတွင် ထိပ်သီး ဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ရန် ရှိပြီး ထိုအစည်းအဝေး မှ တစ်ဆင့် အောင်မြင်မှု ရလဒ် များစွာ ရရှိလာမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အိုဘားမားမှ ယခု ပြုလုပ်မည့် ထိပ်သီး အစည်းအဝေးတွင် စွမ်းအင် ၊ ရာသီဥတုပြောင်းလဲမှု ၊ တရုတ် နိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံသူ အပေါ် တရုတ်နိုင်ငံ၏ ဆက်ဆံမှု စသည့် ကဏ္ဍများတွင် အပြုသဘော ဆောင်သည့် တိုးတက်မှု များ ရရှိလာမည်ဖြစ်ကြောင်း နှင့် ဆိုက်ဘာလုံခြုံရေး သည် ယခု အစည်းအဝေး တွင် အရေးကြီးသော ကဏ္ဍ တစ်ခု တွင် ပါဝင်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အိုဘာမား မှ တရုတ်-အမေရိကန် စစ်ဘက်ဆိုင်ရာ အစည်းအဝေး မှ ရရှိလာသော ရလဒ် များသည် ယခင် ထက် ပိုမိုတိုးတက်ကောင်းမွန်လာပြီး တရုတ် နိုင်ငံ အနေဖြင့် ဆက်လက်၍ ငြိမ်းချမ်းရေး အစီအစဉ် များဆောင်ရွက်ခြင်းသည် အမေရိကန် နိုင်ငံ အတွက် နှင့် ကမ္ဘာ့အတွက် ပါ ကောင်းမွန်သည့် ရလဒ် ဖြစ်စေ ကြောင်း ကိုလည်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် အမေရိကန် နိုင်ငံ သမ္မတ အိုဘာမား ၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၂၂ ရက်မှ ၂၅ ရက်နေ့ အထိ တရားဝင် ချစ်ကြည်ရေး လည်ပတ်ကြည့်ရှုမှု ခရီးစဉ် သွားရောက်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.