Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ရေးသားသည့် “ The Governance of China” အမည်ရှိ စာအုပ်ကို ဝါရှင်တန်မြို့တွင် မိတ်ဆက် ပြသမည်

သမ္မတ ရှီကျင့်ဖိန် ရေးသားသည့် “The Governance of China” ကို ဝါရှင်တန်ဒီစီရှိ စာအုပ်ဆိုင်တွင် တရုတ်နိုင်ငံတော် ကောင်စီ ပြန်ကြားရေးဌာန ဒုတိယဝန်ကြီး ကောဝေ့မိန်က မိတ်ဆက် ပြောကြားနေစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ နိုင်ငံရေးဆိုင်ရာ အတွေးအခေါ်များကို ပြည့်စုံစွာ ဖော်ပြထားသော သမ္မတရှီ ရေးသားသည့် “ The Governance of China” အမည်ရှိ စာအုပ်ကို ဝါရှင်တန်၌ ကြာသပတေးနေ့က မိတ်ဆက် ပြသခဲ့ခြင်း ဖြစ်ပြီး မိတ်ဆက်ပွဲကို တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ စက်တင်ဘာ လကုန်တွင် သွားရောက်မည့် အမေရိကန် နိုင်ငံခရီးစဉ် မတိုင်မီ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံကြား ပြည်သူ အချင်းချင်း ဖလှယ်မှု အစိတ်အပိုင်း တစ်ခုအနေဖြင့် ဝါရှင်တန်တွင် ရှိသည့် Politics & Prose စာအုပ်ဆိုင်၌ တရုတ်စာပေ မြှင့်တင်ပွဲကို တစ်လကြာ ပြုလုပ်မည့် အပြင် ရှီရဲ့စာအုပ်ကို မိတ်ဆက် ပြသမည် ဖြစ်သည်။ အဆိုပါ စာအုပ်ဆိုင်သည် ၎င်း၏ ဗဟုသုတ ကြွယ်ဝသော ဝန်ထမ်းများကြောင့် လူသိများ ကျော်ကြားပြီး ဝါရှင်တန်ဒီစီ ၏ ယဉ်ကျေးမှု တစ်ခုအနေအဖြစ် တင်စား ရှုမြင်ကြသည်။

အရောင်းမြှင့်တင်ရေး အခမ်းအနား ဖွင့်ပွဲ၌ တရုတ်နိုင်ငံ၏ နိုင်ငံတော် ကောင်စီ ပြန်ကြားရေးဌာန ဒုတိယဝန်ကြီး ကောဝေ့မိန်မှ ရှီ၏အမေရိကန် ခရီးစဉ်မတိုင်ခင် အမေရိကန် ပြည်သူများအား စာအုပ်မိတ်ဆက် ပွဲပြုလုပ်ပေးခြင်းသည် ထူးခြား လေးနက်ကြောင်း မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ကောမှဆက်၍ ထိုစာအုပ်သည် အမေရိကန် စာဖတ်သူများအား တရုတ်ပြည်တွင်းရေး အပေါ်ထားရှိသော ရှီ၏အမြင်၊ တရုတ်နိုင်ငံ ပြုပြင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဦးတည်ချက်များကို ဆုပ်ကိုင်နိုင်ပုံ၊ တရုတ်၏ နိုင်ငံခြားရေး မူဝါဒနှင့် နိုင်ငံတကာ ဆက်ဆံရေးတို့ကို ပိုမို နားလည် သဘောပေါက်စေရန် အခွင့်အလမ်းများစွာ ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုစာအုပ်ကို တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှား၊ အာရပ်၊ စပိန်၊ ပေါ်တူဂီ၊ ဂျာမန်၊ ဂျပန် အစရှိတဲ့ ဘာသာစကား (၉) မျိုးဖြင့် ပုံနှိပ်ထုတ်ဝေခဲ့ဲပြီး သြဂုတ်လကုန်ပိုင်း၌ တစ်ကမ္ဘာလုံးသို့ စာအုပ်ပေါင်း ၅.၂ ဘီလီယံကျော် ထုတ်ဝေ ရောင်းချခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.