Connect with us

Politics, Law & Military

အီတလီ နိုင်ငံ ပညာရှင်များ က ကြိုဆိုလက်ခံ သည့် သဘောထားမျိုးဖြင့် ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အား တက်ကြွစွာ ပါဝင်ကြရန် တိုက်တွန်း

ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု လမ်းကြောင်း တစ်လျှောက် ရှိ ဆိပ်ကမ်း တစ်ခု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရိုးမား ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

အီတလီ နိုင်ငံ နိုင်ငံတကာ ရေးရာ သုတေသန အေဂျင်စီ နှင့် အရှေ့တိုင်း နိုင်ငံတကာ အဖွဲ့အစည်း တို့ မှ ပူးပေါင်း၍ အောက်တိုဘာ ၁ ရက် နေ့ တွင် ရိုးမား မြို့ ၌ ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေး ကျင်းပ ပြီးနောက် အောင်မြင်မှု နှင့် အနာဂတ် အလားအလာ ဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးဖလှယ်ပွဲ တစ်ရပ် ကျင်းပ ပြုလုပ်ခဲ့သည်။

အစည်းအဝေး တွင် ပညာရှင် များက တောင်ဥရောပ နိုင်ငံ များအနေဖြင့် အခွင့်အလမ်း အား ဆုတ်ကိုင်ပြီး ကြိုဆိုလက်ခံ သည့် သဘောထားမျိုးဖြင့် ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အား တက်ကြွစွာ ပါဝင်ကြရန် တိုက်တွန်း ခဲ့ကြသည်။

အစည်းအဝေး အတွင်း ဧည့်သည်တော်များ မှ မိန့်ခွန်းပြောကြားရာတွင် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု က ဥရောပ နှင့် အာရှ တို့အား အပြန်အလှန် ချိတ်ဆက်ပေးသည့် အရေးပါသော နိုင်ငံတကာ ဖော်ဆောင်မှု တစ်ရပ်ဖြစ်ကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု က လက်ရှိချိန်တွင် ကမ္ဘာပေါ်ရှိ အကြီးမားဆုံးသော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု တစ်ရပ် နှင့် ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်း တစ်ခု ဖြစ်ကြောင်း ၊ အီတလီ နှင့် တောင်ဥရောပ နိုင်ငံ များ က မြေထဲပင်လယ် ဒေသ တွင် အရေးပါသည့် နိုင်ငံ ဖြစ်သောကြောင့် ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်မှု တွင် ပါဝင်ခြင်း က သဘာဝ အလျှောက် အားသာမှုများ တည်ရှိနေကြောင်း ပြောကြား ခဲ့သည်။

အီတလီ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး လီရွေ့ယွီ(Li Ruiyu) က မိန့်ခွန်းပြောကြားရာတွင် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု က လက်ရှိချိန်တွင် လက်တွေ့အကောင်အထည်ဖော်သည့် အဆင့် သို့ရောက်ရှိလာခဲ့ပြီး အရေးပါသည့် တိုးတက်မှုများစွာ ရရှိခဲ့ကြောင်း ၊ ၂၀၁၇ ခုနှစ် တွင် ပေကျင်းမြို့၌ ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေး အား အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ခဲ့ပြီး အောင်မြင်မှု ၂၇၉ ချက် ရရှိခဲ့ရာတွင် ၂၆၅ ချက် က ပုံမှန်ဆောင်ရွက်နေခြင်း နှင့် ဆောင်ရွက်ပြီး ဖြစ်ကာ လက်တွေ့အကောင်အထည် ဖော်နိုင်မှု ၉၅ ရာခိုင်နှုန်း တည်ရှိကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး လမ်းကြောင်း တစ်လျှောက်ရှိ နိုင်ငံ များတွင် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုပေါင်း အမေရိကန် ဒေါ်လာ ၇၀ ဘီလီယံကျော် ရှိခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၄၄,၀၀၀ ကို ဖန်တီးပေးခဲ့ကြောင်း ၊ ထို့ပြင် တရုတ် နိုင်ငံ က ခေတ်သစ်ပိုးလမ်းမကြီး လမ်းကြောင်း တစ်လျှောက် နိုင်ငံ များတွင် ပညာရေး ၊ ယဉ်ကျေးမှု နှင့် နည်းပညာ စသည့် ကဏ္ဍ အသီးသီး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည့် အတွက် လမ်းကြောင်း တစ်လျှောက် နိုင်ငံ များတွင် လူစွမ်းအား အရင်းအမြစ်များစွာ ကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

အီတလီ နိုင်ငံ တွင် ကျင်းပ ပြုလုပ် ခဲ့သည့် ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေး ကျင်းပ ပြီးနောက် အောင်မြင်မှု နှင့် အနာဂတ် အလားအလာ ဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးဖလှယ်ပွဲ သို့ အီတလီ နိုင်ငံ အစိုးရ အဖွဲ့ဝင်များ ၊ ပညာရှင်များ ၊ ကုန်သည်လုပ်ငန်းရှင်များ စုစုပေါင်း ၁၅၀ ခန့် တက်ရောက် ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.