Connect with us

Politics, Law & Military

ဆင်ဟွာ သတင်းဌာန ဥက္ကဋ္ဌ က DPA နှင့် EPA သတင်းဌာန ဥက္ကဋ္ဌ တို့ နှင့် တွေ့ဆုံ ဆွေးနွေး

ဆင်ဟွာ သတင်းဌာန ဥက္ကဋ္ဌ ချိုင့်မင်ကျောက် နှင့် DPA သတင်းဌာန ဥက္ကဋ္ဌ Peter Kropsch တို့ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်နေစဉ်(ဆင်ဟွာ)

ဖရန့်ခ်ဖွတ် ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

ဆင်ဟွာ သတင်းဌာန ဥက္ကဋ္ဌ ချိုင့်မင်ကျောက် (Cai Mingzhao) က ဇူလိုင်လ ၂၃ ရက် နှင့် ၂၄ ရက် တို့တွင် ဂျာမနီ နိုင်ငံ ဖရန့်ခ်ဖွတ် မြို့ ၌ Deutsche Presse-Agentur (DPA) သတင်းဌာန ဥက္ကဋ္ဌ Peter Kropsch နှင့် European Pressphoto Agency (EPA) သတင်းဌာန ဥက္ကဋ္ဌ Jörg Schierenbeck တို့ နှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ် ခဲ့ပြီး သတင်းတင်ဆက်မှု တီထွင်စမ်းသစ်ခြင်း ၊ စီးပွားရေး အချက်အလက် နှင့် ဓာတ်ပုံ စသည့် ကဏ္ဍများတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ခြင်း တို့အား တိုးမြှင့် ဆောင်ရွက်သွားရန် သဘောထား အမြင်များအား ဖလှယ် ခဲ့ကြောင်း သိရှိရသည်။

DPA သတင်းဌာန ဥက္ကဋ္ဌ Peter Kropsch နှင့် တွေ့ဆုံရာ တွင် ချိုင့်မင်ကျောက် က ဆင်ဟွာ သတင်းဌာန ၏ မီဒီယာ ပေါင်းစပ်မှု လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု ၊ မီဒီယာ လုပ်ငန်းသစ် နှင့် စီးပွားရေး အချက်အလက် စသည့် ကဏ္ဍ များတွင် အဆက်မပြတ် တီထွင်စမ်းသစ်မှု များ ဆောင်ရွက်နေသည့် အခြေအနေ အား မိတ်ဆက်ပြောကြား ခဲ့သည်။

ချိုင့်မင်ကျောက် က ကမ္ဘာ့ မီဒီယာ လုပ်ငန်းမှာ အင်တာနက် ပေါ်ထွန်းလာမှုအောက် တွင် ကြီးမား သည့် ပြုပြင်ပြောင်းလဲမှု များ ဖြစ်ပေါ်နေကြောင်း ၊ သတင်း ဖြန့်ဝေမှု ၏ အကြောင်းအရာ မှ တင်ဆက်မှု ပုံစံ အထိ မီဒီယာ လုပ်ငန်းသစ် ၏ ဖြန့်ဝေမှု ပုံစံ နှင့် ကိုက်ညီမှု ရှိရန် လိုအပ်ကြောင်း ၊ ဆင်ဟွာ သတင်းဌာန အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ဘက်စုံမီဒီယာ ပုံစံသစ် သတင်းဌာန ဖြစ်တည်ရန် တည်ဆောက်နေကြောင်း ၊ ဆင်ဟွာ သတင်းဌာန အနေဖြင့် DPA သတင်းဌာန နှင့် အတူတကွ တိကျသော စီမံကိန်း များမှ စတင်ကာ ပူးပေါင်းဖလှယ်မှု ကို တိုးမြှင့် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

ဆင်ဟွာ သတင်းဌာန ဥက္ကဋ္ဌ ချိုင့်မင်ကျောက် နှင့် EPA သတင်းဌာန ဥက္ကဋ္ဌ Jörg Schierenbeck တို့ တွေ့ဆုံစဉ်(ဆင်ဟွာ)

DPA သတင်းဌာန ဥက္ကဋ္ဌ Peter Kropsch က ဆင်ဟွာ သတင်းဌာန မှ ရရှိခဲ့သည့် အောင်မြင်မှုများအား ချီးမွမ်းကြောင်း ၊ သတင်းတင်ဆက်မှု ဆိုင်ရာ တီထွင်စမ်းသစ်မှု ကဏ္ဍတွင် ဆင်ဟွာ သတင်းဌာန နှင့် ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီး စီးပွားရေး အချက်အလက် စသည့် ကဏ္ဍ များတွင် ဆင်ဟွာ သတင်းဌာန နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်သွားလိုကြောင်း ပြောကြား ခဲ့သည်။

ဆင်ဟွာ သတင်းဌာန ဥက္ကဋ္ဌ က EPA သတင်းဌာန ဥက္ကဋ္ဌ နှင့် တွေ့ဆုံရာတွင် ကမ္ဘာ့နိုင်ငံ အသီးသီး ၏ ဆက်သွယ်မှု သည် တနေ့တခြား ပိုမို နီးကပ်လာပြီး ဆင်ဟွာ သတင်းဌာန အနေဖြင့် နိုင်ငံတကာ သတင်းမီဒီယာ နှင့် အတူတကွ ကြိုးပမ်း အားထုတ် သွားလိုကြောင်း ၊ ယင်းမှ တစ်ဆင့် ကမ္ဘာ့ နိုင်ငံ အသီးသီး သို့ သတင်း အချက်အလက် များ ပိုမို ကောင်းမွန်စွာ ပို့ဆောင်ပြီး နိုင်ငံတကာ မှ တရုတ် နိုင်ငံ အား ပိုမို သိရှိနားလည်စေလိုကြောင်း ၊ ဆင်ဟွာ သတင်းဌာန အနေဖြင့် EPA သတင်းဌာန နှင့် မီဒီယာ လုပ်ငန်းသစ် စသည့် ကဏ္ဍ များတွင် ပိုမို နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက် သွားလိုကြောင်း ပြောကြား ခဲ့သည်။

Jörg Schierenbeck က ဆင်ဟွာ သတင်းဌာန သည် လက်ရှိချိန်တွင် နိုင်ငံတကာ သတင်းမီဒီယာ လုပ်ငန်း အား ဦးဆောင်နေသော သတင်းဌာန တစ်ခု အပါအဝင် ဖြစ်ကြောင်း ၊ လက်ရှိ နိုင်ငံတကာ ဓာတ်ပုံဈေးကွက် အခင်းအကျင်း အား ထိုးဖောက်ရန် အတွက် EPA အနေဖြင့် ဆင်ဟွာ သတင်းဌာန အား ယုံကြည်စွာ အားကိုးရမည် ဖြစ်ကြောင်း ၊ EPA နှင့် ဆင်ဟွာ သတင်းဌာန ၏ ပူးပေါင်းဆောင်ရွက်မှု သည် ဥရောပ နှင့် တရုတ် နိုင်ငံ အကြား သတင်းအချက် ဖလှယ်မှု ၏ အရေးပါသည့် အစိတ်အပိုင်း တစ်ခု ဖြစ်တည်နေပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.