Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အရှေ့အလယ်ပိုင်းနှင့် အာဖရိက ခရီးစဉ်များ၊ BRICS ထပ်သီးအစည်းအဝေး အတွက် ထွက်ခွာ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ၊ ဆီနီဂေါနိုင်ငံ၊ ရဝမ်ဒါနိုင်ငံ၊ တောင်အာဖရိကနိုင်ငံတို့အပြင် ဂျိုဟန်နက်စ်ဘာ့ဂ်မြို့တွင် ကျင်းပမည့် ၁၀ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး တက်ရောက်ရန်အတွက် ဇူလိုင်လ ၁၉ ရက်က တရုတ်နိုင်ငံ မြို့တော် ပေကျင်းမှ ထွက်ခွာခဲ့ကြောင်း သိရသည်။

ထို့ပြင် ရှီသည် မောရစ်ရှနိုင်ငံသို့လည်း ချစ်ကြည်ရေးခရီးတစ်ထောက်ဝင်ရောက်မည် ဖြစ်သည်။

ရှီသည် UAE နိုင်ငံ သမ္မတ ရှိတ်ခါလစ်ဖာ ဘင် ဇေယတ် အယ်လ် နာယန် (Sheikh Khalifa bin Zayed Al Nahyan) ၊ ဆီနီဂေါနိုင်ငံ သမ္မတ မက်ကီ ဆောလ် (Macky Sall) ၊ ရဝမ်ဒါနိုင်ငံ သမ္မတ ပေါလ် ကတ်ဂိမ်း (Paul Kagame) နှင့် တောင်အာဖရိကနိုင်ငံ သမ္မတ Cyril Ramaphosa တို့၏ ဖိတ်ကြားချက်များဖြင့် ချစ်ကြည်ရေးခရီး သွားရောက်ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ပြင် တောင်အာဖရိကနိုင်ငံ သမ္မတ Cyril Ramaphosa ၏ ဖိတ်ကြားချက်ဖြင့် BRICS ထိပ်သီးအစည်းအဝေးလည်း တက်ရောက်မည် ဖြစ်သည်။

ရှီနှင့်အတူ ဇနီး ဖုန်းလိယွမ်၊ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ အထွေထွေရုံး ညွှန်ကြားရေးမှူး သင်းရွှီးရှန် (Ding Xuexiang) ၊ CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုနှင့် CPC ဗဟိုကော်မတီ ပြည်ပရေးရာရုံးအဖွဲ့ ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ၊ နိုင်ငံတော်ကောင်စီနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ၊ တရုတ်ပြည်သူ့နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ညီလာခံ (CPPCC) အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် အကြီးအကဲ ဟယ်လိဖုန်း တို့ လိုက်ပါသွားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.