Connect with us

Science & Technology

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် ဘီလ်ဂိတ်နှင့် တွေ့ဆုံ


ပေကျင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် ဘီလ်ဂိတ်တို့ နိုဝင်ဘာလ ၁၂ ရက်က ပေကျင်းမြို့ ဆင်ခြေဖုံး ဒေသတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အနေဖြင့် ရာသီဥတု ပြောင်းလဲခြင်းနှင့် နျူကလီးယား အပါအဝင် သန့်စင်သော စွမ်းအင် နည်းပညာ ဖွံ့ဖြိုးရေးများအား ကိုင်တွယ် ဖြေရှင်းရာတွင် အတူတကွ လုပ်ဆောင်သွားရန် အဆင်သင့် ရှိနေကြောင်းနှင့် ၎င်းဟာ အရေးပါသော နည်းလမ်းတစ်ခု ဖြစ်ကြောင်း လီက ပြောသည်။

၎င်းကဆက်ပြီး တရုတ်အစိုးရက အမေရိကန် ကုမ္ပဏီများသည် ၎င်းတို့၏ အဆင့်မြင့် နည်းပညာများ၊ ဒီဇိုင်းများနှင့် တရုတ်နိုင်ငံ၏ လုပ်ငန်းများ၊ တည်ဆောက်ရေး စွမ်းရည်များအား လုံခြုံစိတ်ချရေး၊ စရိတ် သက်သာရေးနှင့် ရေရှည်တည်တံ့မှု တိုမြှင့်ရေးများ အတွက် ပူးပေါင်း၍ တရုတ်နိုင်ငံ၏ နျူကလီးယား စွမ်းအင် လုပ်ငန်း တိုးတက် ရာတွင် လုပ်ဆောင် ပေးနိုင်ရန် မျှော်လင့်ထားကြောင်း ပြောသည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် မိုက်ခရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ်တို့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က ပေကျင်း၌ တွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

တရုတ်အစိုးရ အနေဖြင့် နျူကလီးယား စွမ်းအင်အား တတိယမြောက် ဈေးကွက်မှတဆင့် ကမ္ဘာ့ရေရှည် တည်တံ့သော ဖွံ့ဖြိုးမှုအတွက် ပူးပေါင်း ဆောင်ရွက်ရန် ထောက်ပံ့ပေးမည် ဖြစ်ကြောင်း လီက ဖြည့်စွက် ပြောကြားခဲ့သည်။

ဘီလ်ဂိတ်ကလည်း ရာသီဥတု ပြောင်းလဲခြင်းနှင့် စွမ်းအင် လုပ်ငန်းသစ် ဖွံ့ဖြိုးမှုတွင် တရုတ်နိုင်ငံ၏ အောင်မြင် မှုများအား ချီးကျူးခဲ့သည်။

နှစ်နိုင်ငံမှ ကုမ္ပဏီများ ပူးပေါင်းခြင်းဖြင့် နည်းပညာ ဆန်းသစ်မှုနှင့် စက်မှု လုပ်ငန်း ထူထောင်ရေး လုပ်ငန်းစဉ်အား ရှေ့ဆက်ရန် တွန်းအား ဖြစ်စေပြီး ယင်းသည် သန့်စင်ပြီး စိတ်ချ ယုံကြည်ရသော စွမ်းအင်အား စရိတ်သက်သာ စွာဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ ထောက်ပံ့ပေးနိုင်မည် ဖြစ်ကြောင်း ဘီလ်ဂိတ်က ပြောသည်။ (Xinhua)