Connect with us

Science & Technology

ရှန်ဟိုင်းမြို့၌ အမြင့် ၄၈၀ မီတာရှိ အထင်ကရ အ‌ဆောက်အဦကို North Bund တွင် တည်ဆောက်မည်

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ Bund တွင်တည်ရှိသော မိုးမျှော်အဆောက်အဦများ မြင်ကွင်းကို၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၆ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ရှန်ဟိုင်း၊ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဟိုင်းမြို့၌ အမြင့် ၄၈၀ မီတာရှိ အထင်ကရအဆောက်အဦသစ်တစ်လုံးကို North Bund တွင် တည်ဆောက်သွားရန် စီစဉ်နေပြီး ယင်းသည် ရှန်ဟိုင်းမြို့၏ Bund ကမ်းနားလမ်းကို ပိုမိုချဲ့ထွင်ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။

ယင်းကို မိုးမျှော်အဆောက်အဦတစ်လုံးအဖြစ်တည်ဆောက်သွားရန်ပြင်ဆင်ထားပြီး နိုင်ငံပိုင်တည်ဆောက်ရေးမြေနေရာ ပြောင်းရွှေ့ရန်အတွက် ကနဦး လျှောက်ထားမှုလုပ်ထုံးလုပ်နည်းများကို တရားဝင် လုပ်ဆောင်ထားပြီးဖြစ်ကြောင်း ရှန်ဟိုင်းမြို့တော် Hongkou ခရိုင်အစိုးရအဖွဲ့၏ ပြောကြားချက် အရသိရသည်။

အဆိုပါ အဆောက်အဦသစ်သည် Huangpu မြစ် အနောက်ဘက်ကမ်းတစ်လျှောက်တွင် အမြင့်ဆုံး အဆောက်အဦတစ်လုံးဖြစ်လာမည်။ တရုတ်နိုင်ငံ၏ အမြင့်ဆုံး အဆောက်အဦစာရင်းဝင် ရှန်ဟိုင်းမြို့၏ အမြင့်ဆုံး အဆောက်အဦဖြစ်သော အမြင့် ၆၃၂ မီတာရှိသည့် ရှန်ဟိုင်းတာဝါသည် Huangpu မြစ် အရှေ့ဘက် မြစ်ကမ်းနံဘေးတွင် တည်ရှိကြောင်းသိရသည်။

Huangpu မြစ်၏ အနောက်ဘက်ကမ်း နှင့် Suzhou မြစ်၏ မြောက်ဘက်တွင် တည်ဆောက်မည့် အဆိုပါ အဆောက်အဦသစ်ကို စီးပွားရေးလုပ်ငန်း နှင့် ရုံး အဆောက်အဦအဖြစ် အသုံးပြုသွားရန် စီစဉ်ထားပြီး မြေညီထပ်စုစုပေါင်းအကျယ်အဝန်းမှာ ဧရိယာစတုရန်းမီတာ ၃၅၀,၀၀၀ ခန့်ရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆောက်အဦသစ်က high-end ကုန်ထုတ်လုပ်ငန်းပိုမို ဖွံ့ဖြိုးတိုးတက်အောင် မောင်နှင်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း နှင့် ယင်းသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းများ၏ လေးပုံတစ်ပုံတည်ရှိရာ နေရာဖြစ်ကြောင်း သိရသည်။  (Xinhua)

————————–
(English Version)
Shanghai plans 480-meter-tall landmark on North Bund

SHANGHAI, Jan. 4 (Xinhua) — Shanghai plans to build a new landmark 480-meter-tall building on the North Bund, the extended shoreline of the Bund, local authorities said.
The plot of land planned for the high-rise building has officially entered the pre-application procedure for the transfer of state-owned construction land, according to the Hongkou District government in Shanghai.
The new block will be the highest on the west bank of Huangpu River. The tallest building in Shanghai as well as in China is the 632-meter-tall Shanghai Tower on the east bank of Huangpu River.
The new building on the west of Huangpu River and north of Suzhou River is planned for commerce and office use with a total above-ground floor area of about 350,000 square meters.
The building will drive the development of high-end industries and be home to the headquarters of global enterprises.
Tourists admire the skyline view of Lujiazui area at the Bund in Shanghai, east China, Jan. 6, 2020. (Xinhua/Wang Xiang)