Connect with us

Social, Education & Health

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးရှေ့တန်းတွင် တာဝန်ထမ်းဆောင်ရန်  စိတ်အားထက်သန်နေသော အမျိုးသမီး ဆရာဝန် ဟွမ်ရှ 

ဆေးရုံ ICU တွင် လူနာတစ်ဦးကို ကုသပေးနေသည့် ဟွမ်ရှအား တွေ့ရစဉ်(ဆင်ဟွာ)

ဝမ်ကျိုး ၊ မတ် ၁ ရက်(ဆင်ဟွာ)

 “ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ရှေ့တန်းမှာ ကျွန်မ လုပ်ဖော်ကိုင်ဖက်တွေ အလုပ် လုပ်နေတဲ့ အချိန်မှာ ကျွန်မအနေနဲ့ ဘယ်လိုလုပ်ပြီး အနားယူနိုင်မလဲ”ဟု အရေးပေါ် ကုသရေး လုပ်ဆောင်ရင်း နာမကျန်း ဖြစ်ခဲ့ရသူ အသက် ၃၇ နှစ် အရွယ် အမျိုးသမီး ဆရာဝန် ဟွမ်ရှက ဆိုသည်။

၎င်းသည် တရုတ်နိုင်ငံ ချုံကျင်းမြို့ရှိ  Three Gorges Central ဆေးရုံ၌ တာဝန် ထမ်းဆောင်နေသော အမျိုးသမီး သမားတော် တစ်ဦး ဖြစ်သည်။

 တရုတ်နိုင်ငံ ချုံကျင်းမြို့ရှိ  Three Gorges Central ဆေးရုံ ICU ခန်းထဲသို့ အပြေးအလွှား သွားရောက်နေသူ ဟွမ်ရှအား ဖေဖော်ဝါရီ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဆေးရုံ ICU ထဲသို့ မဝင်ရောက်မီ အကာအကွယ်ဝတ်စုံ ဝတ်ဆင်နေသူ ဟွမ်ရှအား တွေ့ရစဉ်(ဆင်ဟွာ) 

 

အမျိုးသမီး ဆရာဝန် ဟွမ်ရှက လုပ်ဖော်ကိုင်ဖက်နှင့် လူနာအခြေအနေကို ဆွေးနွေးနေစဉ်(ဆင်ဟွာ) 

 အမျိုးသမီး ဆရာဝန် ဟွမ်ရှက လုပ်ဖော်ကိုင်ဖက်နှင့် လူနာအခြေအနေအား ဆွေးနွေးနေစဉ်(ဆင်ဟွာ)

ဟွမ်ရှ နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းတစ်ဦးကို ဆေးရုံ၌ ကုသမှု ခံယူနေသည့် လူနာတစ်ဦး နှင့်အတူ တွေ့ရစဉ်(ဆင်ဟွာ)

 ဆေးရုံ ICU ခန်းထဲတွင် လုပ်ကိုင်နေသူ ဟွမ်ရှအား တွေ့ရစဉ်(ဆင်ဟွာ) 

 

တရုတ်နိုင်ငံ ချုံကျင်းမြို့ရှိ  Three Gorges Central ဆေးရုံ၌ နေ့လည်စာ စားချိန်တွင် မြင်တွေ့ရသော ဟွမ်ရှ (ဆင်ဟွာ) 

ဆေးရုံ ICU ထဲသို့ မဝင်ရောက်မီ အကာအကွယ်ဝတ်စုံ ဝတ်ဆင်နေသူ ဟွမ်ရှအား တွေ့ရစဉ်(ဆင်ဟွာ)

ဟွမ်ရှသည် နိုဗယ်လ်ကိုရိုနာဗိုင်းရပ် ပြင်းထန်အဆုတ်ရောင်ရောဂါ ကုသဆောင်တွင် သွားရောက်တာဝန်ထမ်းဆောင်ရန် ဇန်နဝါရီ ၂၂ ရက်က အရေးပေါ်တာဝန်ပေးခြင်း ခံခဲ့ရသူဖြစ်သည်။

၎င်းသည် တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း အထူးကြပ်မတ်ဆောင်(ICU)သို့ နေ့စဉ် သွားရောက်၍ လူနာ၏ ရောဂါလက္ခဏာအရ ကုသမှု အစီအစဉ် ပိုမိုကောင်းမွန်အောင် ချိန်ညှိပေးခြင်း နှင့် လူနာရောဂါအခြေအနေကို စစ်ဆေးပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။ ဟွမ်ရှ၏ အမြင်တွင် ဆေးဝန်ထမ်းများ နှင့် လူနာများသည် လက်ချင်းချိတ်ဆက်ထားသော ရဲဘော်ရဲဘက်များ ဖြစ်ကြပြီး ကပ်ရောဂါကျော်လွှားနိုင်ရေးအတွက် အတူတကွ လုပ်ဆောင်သွားရန် လိုအပ်သည်ဟု ခံယူထားသည်။

ဆေးရုံ ICU ခန်းထဲတွင် လုပ်ကိုင်နေသူ ဟွမ်ရှအား တွေ့ရစဉ်(ဆင်ဟွာ)

ဆေးရုံ ICU ခန်းထဲသို့ မဝင်မီ ဟွမ်ရှ၏ နာမည်ကို လုပ်ဖော်ကိုင်ဖက်တစ်ဦးက ရေးဆွဲပေးနေမှုအား တွေ့ရစဉ်(ဆင်ဟွာ) 

ဆေးရုံ ICU ခန်းထဲတွင် လုပ်ကိုင်နေသူ ဟွမ်ရှအား တွေ့ရစဉ်(ဆင်ဟွာ)

 

တရုတ်နိုင်ငံ ချုံကျင်းမြို့ရှိ  Three Gorges Central ဆေးရုံ၌ အနားယူနေသည့် ဟွမ်ရှအား တွေ့ရစဉ်(ဆင်ဟွာ)

ဆေးရုံ၌ အလုပ်လုပ်နေသည့် ဟွမ်ရှအား တွေ့ရစဉ်(ဆင်ဟွာ) 

နိုဗယ်လ်ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ လူနာတစ်ဦးသည် ဟွမ်ရှ နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များ ကြိုးပမ်းကုသပေးခဲ့ခြင်းကြောင့် ရောဂါသက်သာ၍ ဇန်နဝါရီ ၂၉ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ရခဲ့သည်။ ယင်းလူနာသည် ချုံကျင်းမြို့၌ နိုဗယ်လ်ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရရာမှ အောင်မြင်စွာ ဆေးကုသနိုင်ခဲ့ပြီးနောက် ဆေးရုံဆင်းခွင့်ရသော ပထမဆုံးလူနာတစ်ဦးလည်း ဖြစ်လာသည်။ 

ဟွမ်ရှသည် ဖေဖော်ဝါရီ ၁၉ ရက်၌ စိုးရိမ်ဖွယ်အနေအထားရှိနေသည့် လူနာနှစ်ဦး၏ အသက်ကို ကယ်တင်ခဲ့ပြီးနောက်တွင် ၎င်းကိုယ်တိုင် မကျန်းမမာဖြစ်ခဲ့ရသလို  အစာမစားနိုင်ခြင်းကြောင့် သေလုမျောပါးဝေဒနာကို ခံစားခဲ့ရကြောင်း သိရသည်။

ဆေးရုံက ဟွမ်ရှအတွက် အနားယူနိုင်ရန် စီစဉ်ပေးခဲ့သလို ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှု နှင့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့် ဆွေးနွေးမှုများ ပြုလုပ်ပေးခဲ့သည်။ သို့သော် နှစ်ရက်ကြာအနားယူပြီးနောက်တွင် ၎င်းသည် လုပ်ငန်းခွင်သို့ပြန်ဝင်ရန် စိတ်အားထက်သန်ခဲ့ရာ စနစ်တကျ ကျန်းမာရေးစစ်ဆေးမှု ခံယူပြီးနောက် ဖေဖော်ဝါရီ ၂၈ ရက်တွင် လုပ်ငန်းခွင်သို့ ပြန်ဝင်ခဲ့ကြောင်း သိရသည်။ (Xinhua)