Connect with us

Social, Education & Health

တရုတ်နိုင်ငံ၌ နေ့စဉ် နှာခေါင်းစည်း အခုရေ သန်း ၁၁၀ ထုတ်လုပ်လျက်ရှိ

တရုတ်နိုင်ငံ Qingda ခရိုင်အတွင်းရှိ နှာခေါင်းစည်း ထုတ်လုပ်သော စက်ရုံမြင်ကွင်း တစ်ခုအားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၂၉ ရက် အချိန်တစ်ရက်တည်းတွင် နှာခေါင်းစည်း အခုရေ ၁၁၆ သန်းထုတ်လုပ်ခဲ့ရာ ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်လုပ်နိုင်ခဲ့သော အရေအတွက်ထက် ၁၂ ဆ ပိုမိုများပြားခဲ့ကြောင်း ၊ ယင်းမှာ အမြင့်ဆုံး စံချိန်တင် ထုတ်လုပ်နိုင်ခဲ့သည့် ပမာဏဖြစ်ကြောင်း ယနေ့မတ် ၂ ရက်တွင် ထုတ်ပြန်သည့် တရားဝင်ကိန်းဂဏန်းများအရ သိရသည်။

 တရုတ်နိုင်ငံ Qingda ခရိုင်အတွင်းရှိ နှာခေါင်းစည်း ထုတ်လုပ်သော စက်ရုံမြင်ကွင်း တစ်ခုအားတွေ့ရစဉ်(ဆင်ဟွာ)

ဖေဖော်ဝါရီ လကုန်ပိုင်းတွင် တရုတ်နိုင်ငံ၌ နေ့စဉ် နှာခေါင်းစည်း ထုတ်လုပ်နိုင်မှု ပမာဏသည် လဆန်းပိုင်းကထက် ၅ ဆပိုမိုများပြားခဲ့သည်။အဆိုပါ နှာခေါင်းစည်း အခုရေ တစ်သန်း မှ သန်း ၁၁၀ အထိကို ဆေးဘက်ဆိုင်ရာ နှင့် ဆေးဘက်ဆိုင်ရာ မဟုတ်သော စက်ရုံများမှ အသီးသီး ထုတ်လုပ်ထားခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်က ဆိုသည်။(Xinhua)