Connect with us

Social, Education & Health

တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ မူကြိုကျောင်းများတွင် ဘိုင်အိုမက်ထရစ် စနစ် လုံခြုံရေး စနစ် မိတ်ဆက်

တရုတ်နိုင်ငံ မူကြိုကျောင်းတစ်ကျောင်းရှိ ကလေးများအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

နန်ကျင်း၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဂျန်းစု ဒေသ အရှေ့ပိုင်း နန်ကျင်းမြို့တော်ရှိ မူကြိုကျောင်း ၆ ခုတွင် ကလေးငယ်များ၏ လုံခြုံရေး အတွက် ဘိုင်အိုမက်ထရစ် နည်းပညာအား စမ်းသပ် တပ်ဆင်လိုက်ကြောင်း သိရသည်။

မိဘများ အနေဖြင့် ကလေးကို ကျောင်းမှ ပြန်မခေါ်မီ မိမိ၏ မျက်နှာ သို့မဟုတ် လက်ဗွေပုံစနစ် ဖြင့် အမှတ် အသား လုပ်ဆောင်ရမည် ဖြစ်ကြောင်း ဂျန်းစု စန်းယွမ် ပညာရေးဆိုင်ရာ လုပ်ငန်း ဥက္ကဋ္ဌ Mao Wenfeng ကပြောသည်။

“ဘိုင်အိုမက်ထရစ် နည်းပညာက ကလေးတွေရဲ့ လုံခြုံရေးကို အထောက်အကူ ဖြစ်မှာ အသေအချာပဲ၊ ဒါကလဲ ကျွန်တော်တို့ရဲ့ ဦးစားပေး တစ်ရပ် ဖြစ်တယ်” ဟု နန်ကျင်းမြို့ရှိ Qixia ခရိုင်ရှိ အမှတ် ၁ လေ့လာစမ်းသပ်ဆဲ မူကြို၏ ကျောင်းအုပ် ဝန်ဖေးကပြောသည်။

အဆိုပါ စနစ်အရ ကလေးတစ်ဦးလျှင် လူခြောက်ဦး၏ ဘိုင်အို မက်ထရစ် အချက်အလက်အား သိမ်းဆည်း ပေး ခွင့်ပြုထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.