Connect with us

Social, Education & Health

ကြက်/ငှက် တုပ်ကွေးရောဂါပိုး H5N6 ကူးစက်ခံထားသူ မိခင်မှ မွေးဖွားလာသည့် ကလေးငယ် ကျန်းမာရေး အခြေအနေကောင်းမွန်

ကြက်/ငှက် တုပ်ကွေးရောဂါပိုး H5N6 ကူးစက်ခံထားသူ မိခင်အား ကလေးမွေးဖွားပြီး ဆေးရုံ၌တွေ့ရစဉ် (ဆင်ဟွာ)

ကွမ်ကျိုး၊ ဇန်နဝါရီလ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံပြည်နယ် ကျောင်ချင်းမြို့ ၌ ကြက်/ငှက် တုပ်ကွေးရောဂါပိုး H5N6 ကူးစက်ခံထားရသူ မိခင်မှ ကလေးငယ်တစ်ဦး မွေးဖွားခဲ့ပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက် ရှိကြောင်း ဒေသခံ ဆေးရုံ ကပြောကြားခဲ့သည်။

အသက် ၄၀ အရွယ် အဆိုပါ အမျိုးသမီးသည် ရောဂါကူးစက်ခံထားရချိန် ၌ ကိုယ်ဝန် ၃၅ပတ် ရှိပြီဖြစ်ကာ ကျောင်ချင်း အမှတ်(၁) ဆေးရုံ၌ ဆေးကုသမှုခံယူခဲ့ရှိကြောင်းသိရသည်။

ယင်း အမျိုးသမီးသည် ၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့တွင် ကလေးမွေးဖွားခဲ့ကာ ကလေးငယ်အနေဖြင့် ကျန်းမာရေး အခြေအနေ ကောင်းမွန်သော်လည်း မိခင်မှာမူ အဆုတ်ပိုးဝင်မှု နှင့် ခွဲစိတ်ကုသမှု တို့ကြောင့် စောင့်ကြည့် အနေအထားတွင် ရှိနေသေးကြောင်း ဆေးရုံ၏ပြောရေးဆိုခွင့်ရှိသူ ကျုံးကျားလီ က ဇန်နဝါရီလ ၁၀ရက်နေ့တွင်ပြောကြားခဲ့သည်။

ရောဂါပိုးကူးစက်ခံရသူ အမျိုးသမီး နှင့် အနီးကပ်ပြုစုစောင့်ရှောက် သူများသည် ကြိုတင်ကာကွယ်သည့် အနေဖြင့် ရောဂါ ကာကွယ်ဆေးထိုးနှံထားသင့်ကြောင်း ဆရာဝန်များက အကြံပြုပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.