Connect with us

COVID-19 UPDATES

တရုတ်နိုင်ငံအစိုးရက ထပ်မံလှူဒါန်းပေးအပ်သော COVID-19 ကာကွယ်ဆေး ၂ သန်း မြန်မာနိုင်ငံသို့အားလုံးရောက်ရှိ

မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံအစိုးရမှ ထပ်မံလှူဒါန်းသော COVID-19 ကာကွယ်ဆေးများအားတွေ့ရစဉ် (ဓာတ်ပုံ- Chinese Embassy in Myanmar Facebook)

ရန်ကုန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ထပ်မံလှူဒါန်းပေးအပ်သော COVID-19 ကာကွယ်ဆေး ၂ သန်းသည် မြန်မာနိုင်ငံသို့အားလုံးရောက်ရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ဇူလိုင် ၂၄ ရက် ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ ကာကွယ်ဆေး ၂ သန်း သည် ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း သုံးကြိမ်ခွဲ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အားလုံး ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိအချိန်အထိ တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ထောက်ပံ့ပေးသည့် COVID-19 ကာကွယ်ဆေးအလုံးရေ စုစုပေါင်း ၃.၅ သန်းကျော်ရှိပြီးဖြစ်ရာ ၎င်းတို့အနက် Sinopharm COVID-19 ကာကွယ်ဆေး ၂.၅ သန်းကို တရုတ်နိုင်ငံမှ နှောင်ကြိုးမဲ့လှူဒါန်းခြင်းဖြစ်ပြီး Sinovac ကာကွယ်ဆေး ၁ သန်းသည် မြန်မာနိုင်ငံအစိုးရက တရုတ်နိုင်ငံထံမှ ဝယ်ယူခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံက ဝယ်ယူထားသည့် အခြား Sinovac ကာကွယ်ဆေး ၁ သန်းသည်လည်း မကြာမီကာလ၌ ပို့ဆောင်ရောက်ရှိမည်ဖြစ်ကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်၏ အရေးပေါ်လိုအပ်ချက်နှင့် ပေါင်းစပ်၍ မြန်မာနိုင်ငံထံသို့ အသက်ရှူစက် (Ventilator)၊ အောက်ဆီဂျင်ထုတ်လုပ်သည့်စက် (Oxygen Concentrator) ၊ နှာခေါင်းစည်းစသည့် ကပ်ရောဂါကာကွယ်ရေးပစ္စည်းများကို လျင်မြန်စွာ ထောက်ပံ့ပေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)