Connect with us

COVID-19 UPDATES

မြန်မာနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းပိုး လူ ၇၂ ဦးတွင် ထပ်မံတွေ့ရှိ

ရန်ကုန်ဆေးရုံကြီး ၌ ကျန်းမာရေးဝန်ထမ်းများအား COVID-19 ကာကွယ်ဆေး ထိုးနှံပေး နေစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းပိုး (SARS-CoV-2 Variant Omicron ) ကို လူ ၇၂ ဦးတွင် ယနေ့ (ဇန်နဝါရီ ၂၈ ရက်) ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အိုမီခရွန်ဗီဇပြောင်းပိုးတွေ့ရှိသူ ၇၂ ဦးသည် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှ ၄၈ ဦးနှင့် ကလေးမြို့မှ ၂၀ ဦးတို့ဖြစ်ပြီး ယင်းဒေသများမှ ရောက်ရှိလာသူများမှတစ်ဆင့် ထပ်မံကူးစက်ခံရသူ ၃ ဦးနှင့် ကိုဗစ်-၁၉ ရောဂါ သံသယရှိေသာလူနာများမှ ရောဂါအတည်ပြုလူနာ ၁ ဦးတို့ဖြစ်ကြောင်း သိရသည်။

ယနေ့ထိ အိုမီခရွန်ဗီဇပြောင်းပိုးတွေ့ရှိသူ စုစုပေါင်း ၂၈၃ ဦးရှိကြောင်း သိရသည်။

ယင်းရောဂါပိုးတွေ့ရှိသူများအားလုံးကို သီးသန့်ထားရှိလျက် ကုသစောင့်ရှောက်မှုဆောင်ရွက်ထားရှိပြီး ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရသည်။ (Xinhua)