Connect with us

CHINA

လူငယ်သော်လည်း စေတနာ့ဝန်ထမ်းစိတ် ပြင်းပြသူ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ လုံဟွာခရိုင်တွင် အိမ်မွေးခွေးနှင့်အတူ လမ်းလျှောက်ထွက်နေသည့် လီဝန်ချီအား ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ မေ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် COVID-19 ဖြစ်ပွားမှုအတွင်း လူငယ်များက မိမိတတ်စွမ်းရာနေရာမှ ပါဝင်လျက် စေတနာ့ဝန်ထမ်းခဲ့ကြရာ ၁၉၉၃ ခုနှစ်တွင် မွေးဖွားခဲ့သည့် လီဝန်ချီ တစ်ယောက်လည်း အပါအဝင်ဖြစ်ပါသည်။ 

တရုတ်နိုင်ငံ တောင်ပိုင်း ခေတ်မီ မြို့ပြတစ်ခုဖြစ်သော ဆန်းကျန့်မြို့ရှိ စတီရီယို စပီကာစတိုးဆိုင်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် လီသည် တရုတ်နှစ်သစ်ကူး အားလပ်ရက်များအတွင်း မိသားစုရှိရာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် မြို့တော် ဟာပင်းရှိ မွေးရပ်မြေသို့ ပြန်လာခဲ့သည်။ သို့သော် ရုတ်တရက် COVID-19 ကူးစက်ရောဂါဖြစ်ပွားခဲ့သဖြင့် လုပ်ငန်းခွင်ရှိရာ ဆန်းကျန့်မြို့သို့ မပြန်နိုင်ဘဲ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုမှ ကာကွယ်ရန် အများနည်းတူ နေအိမ်၌သာ နေထိုင်ခဲ့ရသည်။ 

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဟာပင်းမြို့ရှိ ကူးစက်ရောဂါကာကွယ်ရေး စစ်ဆေးရေးဂိတ်တွင် မတ် ၃ ရက်က အလုပ်လုပ်ရန် ပြင်ဆင်နေသည့် လီဝန်ချီ (အပေါ်ပုံ) နှင့် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ရှိ စတီရီယို စပီကာစတိုးတွင် ဧပြီ ၂၃ ရက်က ပစ္စည်းကိရိယာများကို စမ်းသပ်နေသည့် လီဝန်ချီ (အောက်ပုံ) အား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဟာပင်းမြို့ရှိ ကူးစက်ရောဂါကာကွယ်ရေး စစ်ဆေးရေးဂိတ်တွင် မတ် ၃ ရက်က အလုပ်လုပ်နေသည့် လီဝန်ချီ (အပေါ်ပုံ) နှင့် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့တွင် ဧပြီ ၂၄ ရက်က ၎င်း၏ အိမ်မွေးခွေးနှင့် လမ်းလျှောက်နေသည့် လီဝန်ချီ (အောက်ပုံ) ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဟာပင်းမြို့ရှိ ကူးစက်ရောဂါကာကွယ်ရေး စစ်ဆေးရေးဂိတ်တွင် မတ် ၃ ရက်က နေ့လယ်စာစားနေသည့် လီဝန်ချီ (အပေါ်ပုံ) နှင့် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ရှိ ၎င်း၏တိုက်ခန်းတွင် ဧပြီ ၂၄ ရက်က နေ့လယ်စာစားနေသည့် လီဝန်ချီ (အောက်ပုံ) အား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ လုံဟွာခရိုင်ရှိ ၎င်း၏တိုက်ခန်းတွင် နေ့လယ်စာချက်ပြုတ်နေသည့် လီဝန်ချီအား ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဟာပင်းမြို့ရှိ ကူးစက်ရောဂါကာကွယ်ရေး စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီ ၂၉ ရက်က တာဝန်ထမ်းဆောင်နေသည့် လီဝန်ချီ (အပေါ်ပုံ) နှင့် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့တွင် တွေ့ရသည့် လီဝန်ချီ (အောက်ပုံ) အား ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ လုံဟွာခရိုင်တွင် ၎င်း၏အိမ်မွေးခွေးနှင့် လမ်းလျှောက်နေသည့် လီဝန်ချီအား ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဟာပင်းမြို့ရှိ ကူးစက်ရောဂါကာကွယ်ရေး စစ်ဆေးရေးဂိတ်တွင် မတ် ၃ ရက်က ကားတစ်စီးအားစစ်ဆေးနေသည့် လီဝန်ချီ (အပေါ်ပုံ) နှင့်  တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ရှိ စတီရီယို စပီကာစတိုးတွင် ဧပြီ ၂၃ ရက်က ဝယ်သူတစ်ဦးအား ရှင်းပြနေသည့် လီဝန်ချီ (အောက်ပုံ) အား တွေ့ရစဉ် (ဆင်ဟွာ)

ရပ်ကွက်အတွင်း ကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်းအတွက် စေတနာ့ဝန်ထမ်း ရှားပါးနေသည်ဟူ၍ သူငယ်ချင်းတစ်ဦးထံမှ သတင်းကြားရပြီးနောက် လီသည် စစ်ဆေးရေးတာဝန်အတွက် စာရင်းပေးလျှောက်ထားခဲ့သည်။ 

ရပ်ကွက်အတွင်း ကားများ ဝင်ထွက်ခွင့်ပြုရေးနှင့် ပတ်သက်ပြီး စစ်ဆေးရန် နေ့စဉ် ၁၂ နာရီနီးပါးမျှ အလုပ်လုပ်ခဲ့သည်ဟု ဆိုသည်။ 

“ကူးစက်ရောဂါဖြစ်ပွားနေစဉ်မှာ အထူးသဖြင့် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်းမွေးဖွားခဲ့တဲ့ လူငယ်မျိုးဆက်သစ်တွေက နိုဗယ် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ အထောက်အကူတွေပေးခဲ့ကြတယ်။ အဲဒီလူတွေထဲက တစ်ယောက်ဖြစ်ခွင့်ရတဲ့အတွက် ကျွန်မ အရမ်းကို ဂုဏ်ယူတယ်” ဟု လီက ဆိုသည်။

တရုတ်နိုင်ငံတွင် ကူးစက်ရောဂါ ပျံ့နှံ့မှုလျော့ပါးလာသည့်အတွက် စီးပွားရေးလုပ်ငန်းများကို လုပ်ငန်းပြန်လည်စတင်ရန် ဖြည်းဖြည်းချင်း ခွင့်ပြုလာခဲ့ပြီးနောက် မတ် ၁၁ ရက်တွင် လီတစ်ယောက်လည်း စေတနာ့ဝန်ထမ်းလုပ်ငန်း အဆုံးသတ်၍ ဆန်းကျန့်သို့ပြန်လာကာ စတီရီယို စပီတာစတိုးတွင် ပြန်လည်လုပ်ကိုင်ခဲ့ပါသည်။  (Xinhua)