CHINA
တရုတ်နိုင်ငံ၌ မတ် ၂၉ ရက်တွင် အသစ်ထပ်တိုးလူနာ ၃၁ ဦး အနက် ၃၀ ဦးမှာ ပြည်ပမှ ဝင်ရောက်သူများဖြစ်
ပေကျင်း၊ မတ် ၃၀ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ပြည်နယ်နှင့်ဒေသ ၃၁ ခုနှင့် ရှင်းကျန်း ထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့တို့၏ ပေးပို့သည့် အချက်အလက်များအရ တရုတ်နိုင်ငံ၌ မတ် ၂၉ ရက် ၀၀:၀၀ နာရီမှ ၂၄:၀၀ နာရီအချိန်အတွင်း COVID-19 ရောဂါ အသစ်ထပ်တိုး အတည်ပြုလူနာ ၃၁ ဦးရှိရာ ၎င်းတို့အနက် ပြည်ပမှ ဝင်ရောက်လာသူ ၃၀ ဦး ၊ ပြည်တွင်းတွင် ရောဂါဖြစ်ပွားသူ ၁ ဦး(ကန်းစုပြည်နယ်)ရှိပြီး သေဆုံးသူ ၄ ဦး(ဟူပေပြည်နယ်)၊ ပြည်ပမှ ဝင်ရောက်လာသူ အသစ်ထပ်တိုး သံသယလူနာ ၁၇ ဦး ရှိကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်မှတစ်ဆင့် သိရှိရသည်။
ထို့နေ့တွင် ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ ၃၂၂ ဦး၊ အနီးကပ် ကျန်းမာရေးစောင့်ကြပ်ရာမှ စိတ်ချရသူ ၁,၅၇၅ ဦး ၊ ရောဂါ ပြင်းထန်ရာမှ သက်သာလာသူ ၁၀၉ ဦး ရှိကြောင်း သိရသည်။လက်ရှိတွင် ပြည်ပမှ တရုတ်နိုင်ငံသို့ ဝင်ရောက်လာသော COVID-19 ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၆၃၀ ဦး ၊ သံသယလူနာ ၁၆၅ ဦး ရှိကြောင်းသိရသည်။
ပြည်ပမှ တရုတ်နိုင်ငံသို့ ဝင်ရောက်လာသူ အတည်ပြုလူနာ စုစုပေါင်း ၇၂၃ ဦး ရှိခဲ့ရာ ကုသပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၉၃ ဦးရှိပြီး သေဆုံးသူ မရှိကြောင်း သိရသည်။မတ် ၂၉ ရက် ၂၄:၀၀ နာရီအချိန်အထိ တရုတ်နိုင်ငံတွင် ရောဂါပြင်းထန်သူ ၆၃၃ ဦးအပါအဝင် စုစုပေါင်းအတည်ပြုလူနာ ၂,၃၉၆ ဦးရှိပြီး သံသယလူနာ ၁၆၈ ဦး ရှိကြောင်း သိရသည်။ ကပ်ရောဂါဖြစ်ပွားရာကာလအတွင်း စုစုပေါင်း အတည်ပြုလူနာ ၈၁,၄၇၀ဦးရှိရာ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၇၅,၇၇၀ ဦး ၊ သေဆုံးသူ ၃,၃၀၄ ဦး ၊ အနီးကပ် ကျန်းမာရေး စောင့်ကြည့်သူစုစုပေါင်း ၇၀၄,၁၉၀ ဦး၊ အနီးကပ်ကျန်းမာရေး စောင့်ကြည့်လျက်ရှိသူ ၁၉,၂၃၅ ဦး ရှိခဲ့သည်။
တရုတ်နိုင်ငံ ဟောင်ကောင်၊ မကာအိုနှင့်ထိုင်ဝမ်ဒေသများတွင် အတည်ပြုလူနာ စုစုပေါင်း ၉၇၇ ဦးရှိရာ ဟောင်ကောင်တွင် ၆၄၁ ဦး (ဆေးရုံဆင်းခွင့်ရသူ ၁၁၈ ဦး ၊ သေဆုံးသူ ၄ ဦး)၊ မကာအိုတွင် ၃၈ ဦး(ဆေးရုံဆင်းခွင့်ရသူ ၁၀ ဦး)၊ ထိုင်ဝမ်တွင် ၂၉၈ ဦး(ဆေးရုံဆင်းခွင့်ရသူ ၃၉ ဦး၊ သေဆုံးသူ ၃ဦး)အသီးသီးရှိကြောင်း သိရသည်။ (Xinhua)