Connect with us

CHINA

တရုတ်နိုင်ငံ၌ မတ် ၂၉ ရက်တွင် အသစ်ထပ်တိုးလူနာ ၃၁ ဦး အနက် ၃၀ ဦးမှာ ပြည်ပမှ ဝင်ရောက်သူများဖြစ်

တရုတ်နိုင်ငံ ပေကျင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်အား မတ် ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မတ် ၃၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်နယ်နှင့်ဒေသ ၃၁ ခုနှင့် ရှင်းကျန်း ထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့တို့၏ ပေးပို့သည့် အချက်အလက်များအရ တရုတ်နိုင်ငံ၌ မတ် ၂၉ ရက် ၀၀:၀၀ နာရီမှ ၂၄:၀၀ နာရီအချိန်အတွင်း COVID-19 ရောဂါ အသစ်ထပ်တိုး  အတည်ပြုလူနာ ၃၁ ဦးရှိရာ ၎င်းတို့အနက် ပြည်ပမှ ဝင်ရောက်လာသူ ၃၀ ဦး ၊ ပြည်တွင်းတွင် ရောဂါဖြစ်ပွားသူ ၁ ဦး(ကန်းစုပြည်နယ်)ရှိပြီး သေဆုံးသူ ၄ ဦး(ဟူပေပြည်နယ်)၊ ပြည်ပမှ ဝင်ရောက်လာသူ အသစ်ထပ်တိုး သံသယလူနာ ၁၇ ဦး ရှိကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်မှတစ်ဆင့် သိရှိရသည်။

ထို့နေ့တွင် ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ ၃၂၂ ဦး၊ အနီးကပ် ကျန်းမာရေးစောင့်ကြပ်ရာမှ စိတ်ချရသူ ၁,၅၇၅ ဦး ၊ ရောဂါ ပြင်းထန်ရာမှ သက်သာလာသူ ၁၀၉ ဦး ရှိကြောင်း သိရသည်။လက်ရှိတွင် ပြည်ပမှ တရုတ်နိုင်ငံသို့ ဝင်ရောက်လာသော COVID-19 ရောဂါ အတည်ပြုလူနာ စုစုပေါင်း  ၆၃၀ ဦး ၊ သံသယလူနာ ၁၆၅ ဦး ရှိကြောင်းသိရသည်။

ပြည်ပမှ တရုတ်နိုင်ငံသို့ ဝင်ရောက်လာသူ အတည်ပြုလူနာ စုစုပေါင်း ၇၂၃ ဦး ရှိခဲ့ရာ ကုသပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၉၃ ဦးရှိပြီး သေဆုံးသူ မရှိကြောင်း သိရသည်။မတ် ၂၉ ရက် ၂၄:၀၀ နာရီအချိန်အထိ တရုတ်နိုင်ငံတွင် ရောဂါပြင်းထန်သူ ၆၃၃ ဦးအပါအဝင် စုစုပေါင်းအတည်ပြုလူနာ ၂,၃၉၆ ဦးရှိပြီး  သံသယလူနာ ၁၆၈ ဦး ရှိကြောင်း သိရသည်။ ကပ်ရောဂါဖြစ်ပွားရာကာလအတွင်း စုစုပေါင်း အတည်ပြုလူနာ ၈၁,၄၇၀ဦးရှိရာ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၇၅,၇၇၀ ဦး ၊ သေဆုံးသူ ၃,၃၀၄ ဦး ၊ အနီးကပ် ကျန်းမာရေး စောင့်ကြည့်သူစုစုပေါင်း ၇၀၄,၁၉၀ ဦး၊ အနီးကပ်ကျန်းမာရေး စောင့်ကြည့်လျက်ရှိသူ ၁၉,၂၃၅ ဦး ရှိခဲ့သည်။

တရုတ်နိုင်ငံ ဟောင်ကောင်၊ မကာအိုနှင့်ထိုင်ဝမ်ဒေသများတွင် အတည်ပြုလူနာ စုစုပေါင်း ၉၇၇ ဦးရှိရာ  ဟောင်ကောင်တွင်  ၆၄၁ ဦး (ဆေးရုံဆင်းခွင့်ရသူ ၁၁၈ ဦး ၊ သေဆုံးသူ ၄ ဦး)၊ မကာအိုတွင် ၃၈ ဦး(ဆေးရုံဆင်းခွင့်ရသူ ၁၀ ဦး)၊ ထိုင်ဝမ်တွင် ၂၉၈ ဦး(ဆေးရုံဆင်းခွင့်ရသူ ၃၉ ဦး၊ သေဆုံးသူ ၃ဦး)အသီးသီးရှိကြောင်း သိရသည်။ (Xinhua)