Connect with us

MYANMAR

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ မှ ဧပြီ လ အထိ မြန်မာနိုင်ငံ သို့ ခရီးသွားဧည့်သည်ဝင်ရောက်မှု ၄၅ ရာခိုင်နှုန်းကျဆင်း

နိုင်ငံသားဧည့်သည်များသွားလာနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ မှ ဧပြီ လ အထိ မြန်မာနိုင်ငံ သို့ ခရီးသွားဧည့်သည်ဝင်ရောက်မှု သည် ၂၀၁၉ ခုနှစ် ကာလ တူအချိန် နှင့် နှိုင်းယှဉ်ပါက ယခုနှစ်သည်COVID-19 ရောဂါကြောင့် ခရီးသွားဧည့်သည်ဝင်ရောက်မှု စုစုပေါင်း ၄၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဟိုတယ် နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှိုင် ဦးက ဆင်ဟွာသို့ မေ ၂၁ ရက်တွင်ပြောကြားသည်။ 

ဦးလှိုင်ဦးက “COVID-19 က ခရီးသွားကဏ္ဍကို အများကြီးထိခိုက်ခဲ့ပါတယ်။ လေကြောင်းလိုင်းတွေ ပိတ်တယ်။တစ်ကမ္ဘာလုံးအတိုင်းအတာ နဲ့ ကို ခရီးသွားကဏ္ဍကျဆင်းခဲ့ပါတယ်’’ ဟု ဆိုသည်။၂၀၁၉ ခုနှစ် ဇန်နဝါရီ မှ ဧပြီလ အထိ မြန်မာနိုင်ငံသို့လေကြောင်းခရီးဖြင့်လာရောက်သူ ၅၉၅,၁၀၉ဦး ရှိပြီး၊ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီ မှ ဧပြီလ အထိ မြန်မာနိုင်ငံသို့လေကြောင်းခရီးဖြင့်လာရောက်သူ ၃၂၂,၉၇၃ဦးသာ ရှိခဲ့ရာ ၄၆ ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြောင်း  ၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီ မှ ဧပြီလ အထိ မြန်မာနိုင်ငံသို့ သင်္ဘောဖြင့် လာရောက်သူ ၅,၈၃၁ဦးရှိပြီး၊ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီ မှ ဧပြီလ အထိ မြန်မာနိုင်ငံသို့ သင်္ဘောဖြင့်လာရောက်သူ ၈၇၂ ဦးသာ ရှိရာ ၈၅  ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း နှင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ မှ ဧပြီလ အထိ မြန်မာနိုင်ငံသို့ နယ်စပ်ဝင်ပေါက်မှ အတွင်းပိုင်းအထိလာရောက်သူ ၄၇,၀၈၅ ဦးရှိပြီး၊ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီ မှ ဧပြီလ အထိ မြန်မာနိုင်ငံသို့ နယ်စပ်ဝင်ပေါက်မှအတွင်းပိုင်းအထိ  လာရောက်သူ ၄၀,၃၉၆ ဦးသာ ရှိခဲ့ရာ ၁၄  ရာခိုင်နှုန်း အသီးသီး ကျဆင်းသွားခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ မှ ဧပြီလ အထိ မြန်မာနိုင်ငံသို့ ဗီဇာဖြင့်လာရောက်သူ ၆၄၈,၀၂၅ ဦးရှိပြီး၊ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီ မှ ဧပြီလ အထိ မြန်မာနိုင်ငံသို့ ဗီဇာဖြင့် လာရောက်သူ ၃၆၄,၂၄၂ ဦးရှိခဲ့ရာ ၄၄  ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။၂၀၁၉ ခုနှစ် ဇန်နဝါရီ မှ ဧပြီလ အထိ မြန်မာနိုင်ငံသို့ နယ်စပ်ဂိတ်မှတစ်ဆင့် ဝင်ရောက်သူ ၈၅၄,၃၇၉ ဦးရှိပြီး၊ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီ မှ ဧပြီလ အထိ ဝင်ရောက်သူ ၃၉၅,၄၅၈ ဦးသာရှိခဲ့ရာ ၄၆  ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.