Connect with us

MYANMAR

COVID-19 ကူးစက်မှုကြောင့် မြန်မာအသင်း ၂၀၂၂ ခုနှစ် အာဆီယံ ယူ-၂၃ ချန်ပီယံရှစ် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရ

မြန်မာယူ-၂၃ဘောလုံးအသင်း Al Jazeera Al Hamra အသင်းနှင့် ယှဉ်ပြိုင်ကစားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

က မ္ဘောဒီးယားနိုင်ငံ ၌ ကျင်းပလျက်ရှိသော ၂၀၂၂ ခုနှစ် အာဆီယံ ယူ-၂၃ ချန်ပီယံရှစ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ-ယူ၂၃ ဘောလုံးအသင်းသည် COVID-19 ကူးစက်ခံရမှုကြောင့် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။မြန်မာအသင်းသည် COVID-19 ကူးစက်ခံရသည့် ကစားသမားများရှိခြင်း၊ ရောဂါလက္ခဏာ ခံစားနေရသူများရှိနေခြင်းတို့ကြောင့် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းသည် အုပ်စုပထမပွဲအဖြစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် မလေးရှားအသင်းနှင့် ကစားရမည်ဖြစ်ပြီး၊ COVID-19 ရောဂါစစ်ဆေးမှုများပြုလုပ်ခဲ့ရာကစားသမားအချို့တွင် Positive အဖြေထွက်ရှိခဲ့သောကြောင့် ယင်းနေ့တွင် နုတ်ထွက်လိုက်ရကြောင်း သိရသည်။ လက်ရှိကျင်းပနေသည့် အာဆီယံယူ-၂၃ ဘောလုံးပြိုင်ပွဲတွင် COVID-19 ရောဂါအခြေအနေကြောင့် အင်ဒိုနီးရှားအသင်းလည်း ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရကြောင်းသိရသည်။

၂၀၂၂ ခုနှစ် အာဆီယံ ယူ-၂၃ ချန်ပီယံရှစ် ပြိုင်ပွဲ ကို ဖေဖော်ဝါရီ ၁၄ ရက်မှ စ၍ ကမ္ဘောဒီးယားနိုင်ငံ၌လက်ခံကျင်းပလျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှသိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.