နေပြည်တော်၊ ဧပြီ ၁ ရက်(ဆင်ဟွာ) နေပြည်တော်တွင် COVID-19 ရောဂါ စောင့်ကြည့်ခံရသူ ဦးရေ တစ်သောင်းခွဲကို တစ်ပြိုင်နက်တည်း Quarantine လုပ်နိုင်ရန်အတွက် နေရာ ထိုင်ခင်း စားဝတ်နေရေး အားလုံးကို တပ်မတော်က ပြင်ဆင် ထားရှိပြီးဖြစ်သည်ဟု နေပြည်တော်တိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်က ဧပြီ ၁...
ပေကျင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ) COVID-19 ရောဂါ အခြေအနေ ပြင်းထန်သူများအတွက် အသက်ရှူစက်သည် အလွန်အထောက်အကူ ဖြစ်စေကြောင်း သက်သေအထောက်အထား ရှိထားခဲ့ပြီးဖြစ်သည်။ တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ အသက်ရှူစက် ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Aeonmed သည် လက်ရှိ ဈေးကွက်အတွင်း လိုအပ်လျှက်ရှိသည့် အသက်ရှူစက်များကို အရေအတွက် များစွာ...
ရန်ကုန် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) COVID-19 ရောဂါကာကွယ်ကုသရေး အတွက် မြန်မာတရုတ်ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်း နှင့် Golden City Charity Foundation တို့မှ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ပြည်သူ့ဆေးရုံ(ခ)မြန်မာတရုတ်ချစ်ကြည်ရေး ဆေးရုံ(၀၀၂)သို့ ဆေးဘက်ဆိုင်ရာ ပစ္စည်းများကို မတ် ၃၁ ရက်တွင် ပေးအပ်...
ဟန်ကျိုး၊ ဧပြီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် COVID-19 တုန့်ပြန်ရေးတွင် လတ်တလောနှင့် ကာလရှည်အတွက် ပြင်ပမှဝင်ရောက်လာသော ရောဂါဖြစ်ပွားမှုကာကွယ်ရေးကို ထိပ်တန်းဦးစားပေးအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ဧပြီ ၁ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ) COVID-19 ရောဂါကူးစက်မှုကာကွယ်ရန်အတွက် လူများအနေဖြင့် အိမ်၌ နေထိုင်ချိန်အတွင်း ပြုမူဆောင်ရွက်ရန် အိမ်ခြံဝင်းဥယျာဉ်စိုက်ပျိုးရေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် (အဖွဲ့ဝင်) ဦးမျိုးတင့်ထွန်းက ဧပြီ ၁ ရက်တွင် ဆင်ဟွာကိုပြောသည်။
မော်စကို၊ ဧပြီ ၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်နှင့် မကြာသေးမီက တွေ့ဆုံခဲ့သော ရုရှားနိုင်ငံ ကိုရိုနာဗိုင်းရပ်စ် အဓိက ကုသရေးဆေးရုံ၏ ဆေးရုံအုပ်ဖြစ်သူထံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သိရသည်။
ဟနွိုင်း ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) ဗီယက်နမ် နိုင်ငံ၌ COVID-19 ရောဂါ လူနာ နှစ်ဦး ထပ်မံ သက်သာပျောက်ကင်းသွားခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဧပြီ ၁ ရက်တွင် ကြေညာခဲ့ပြီး စုစုပေါင်း ရောဂါသက်သာပျောက်ကင်းသူ ၆၀ ဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဧပြီ ၁ ရက်တွင် COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများနှင့်...
ရောမ၊ ဧပြီ ၁ ရက် (ဆင်ဟွာ) အီတလီတွင် COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေသည် တည်ငြိမ်သည့်အနေအထားသို့ ရောက်ရှိပြီဖြစ်ကြောင်း ၊ သို့သော်လည်း ပြည်သူလူထုအနေဖြင့် သတိလက်လွတ်မနေကြရန် အီတလီ အဆင့်မြင့် ကျန်းမာရေး သုတေသနဌာနအကြီးအကဲ Silvio Brusaferroက မတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ဂျကာတာ ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) အင်ဒိုနီးရှား နိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒို(Joko Widodo)က နိုင်ငံ၌ COVID-19 ရောဂါ ကူးစက်မှုကို ထိန်းချုပ်ရန် ကြိုးပမ်းမှုအနေဖြင့် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ တစ်ရပ်အား မတ် ၃၁ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။