WORLD
ကမ္ဘာအနှံ့ ကာကွယ်ဆေးအကြိမ်ရေ နှစ်ဘီလီယံ ထိုးနှံထားသော်လည်း လူအများကြား ကိုယ်ခံအားစနစ် ရရှိရန် အချိန် ၉ လ လိုအပ်ဟုဆို
နယူးယောက် ၊ ဇွန် ၆ ရက်(ဆင်ဟွာ)
ကပ်ရောဂါ ထိန်းချုပ်ရန် တစ်ကမ္ဘာလုံး အလျှင်အမြန် ပြုလုပ်လာသည်နှင့်အမျှ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကာကွယ်ဆေး အကြိမ်ရေပေါင်း နှစ်ဘီလီယံ ထိုးနှံထားပြီးသော်လည်း ကမ္ဘာ့လူဦးရေ၏ ၇၅ ရာခိုင်နှုန်းအား ကိုယ်ခံအားစနစ် ထောက်ပံ့ပေးရန် လက်ရှိအရှိန်အဟုန်ဖြင့် ကာကွယ်ဆေး ထိုးနှံမှုကို အချိန် ၉ လကြာ ဆက်လက် လုပ်ဆောင်သွားရန် လိုအပ်ဆဲဖြစ်ကြောင်း Bloomberg က မကြာသေးမီက ဖော်ပြမှုတစ်ခုတွင် ပြောကြားခဲ့သည်။ကာကွယ်ဆေး ထိုးနှံခြင်းတွင် မညီမျှမှု ရှိနေဆဲဖြစ်ပြီး အဓိကအားဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများအတွက် အကျိုးရှိနေသော်လည်း ဝင်ငွေနည်း နိုင်ငံများအတွက် ဆေးထိုးနှံမှုတွင် ရုန်းကန်နေရဆဲဖြစ်သည်။ အချမ်းသာဆုံး နိုင်ငံ ၂၇ နိုင်ငံက တစ်ကမ္ဘာလုံး ကာကွယ်ဆေး ထိုးနှံခြင်း၏ ၂၅ ရာခိုင်နှုန်းခန့် ရရှိထားသော်လည်း ကမ္ဘာ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသာ ရှိကြောင်း ဖော်ပြမှုတွင် ပါဝင်ခဲ့သည်။
အမေရိကန်နိုင်ငံ နှင့် ဗြိတိန်နိုင်ငံတို့သည် ကာကွယ်ဆေးထိုးနှံမှုတွင် အစောဆုံးဖြင့် ဦးဆောင်နေပြီး တရုတ်နိုင်ငံက ဆေးအများဆုံး ထောက်ပံ့ပေးပို့ထားကြောင်း နှင့် ဥရောပသမဂ္ဂအဖွဲ့နိုင်ငံများအနေဖြင့် ဖြေးဖြေးချင်း စတင်မှု ပြုလုပ်ပြီးနောက် အမှီလိုက်လာကြောင်း Bloomberg ၏ ကာကွယ်ဆေး စောင့်ကြည့်လေ့လာမှုအရ သိရသည်။
ယခုအခါ အကြမ်းဖျဉ်းအားဖြင့် နေ့စဉ် ဆေးထိုးနှံမှု ၃၆ သန်း၏ သုံးပုံနှစ်ပုံခန့်ကို တရုတ်နိုင်ငံက ထောက်ပံ့ပေးထားခြင်းဖြစ်သည်။ဥရောပသမဂ္ဂသည် နေ့စဉ် ကာကွယ်ဆေး အကြိမ်ရေ ၃ ဒသမ ၆ သန်းခန့်နှင့်အတူ ဒုတိယအမြင့်ဆုံး အရေအတွက် ထိုးနှံမှုပေးနေကြောင်း ယင်းနောက်တွင် နေ့စဉ် ကာကွယ်ဆေး အကြိမ်ရေ ၂ ဒသမ ၆ သန်းထိုးနှံပေးခြင်း နှင့်အတူ အိန္ဒိယနိုင်ငံက ရှိနေကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၌ လူ ၁၀၀ လျှင် ကာကွယ်ဆေး အကြိမ်ရေ ၈၉ ဒသမ ၄ ထိုးနှံထားပြီးဖြစ်ကြောင်း ၊ ၎င်းပမာဏသည် တစ်ကမ္ဘာလုံး ပျမ်းမျှအားဖြင့် လူ ၁၀၀ လျှင် ၂၃ ကြိမ် ထိုးနှံမှုနှင့်အတူ နှိုင်းယှဉ်ထားကြောင်း သိရသည်။
သို့သော်လည်း ဆေးထိုးနှံမှု အကြိမ်ရေ ၂ ဘီလီယံသည် ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံကျော်နှင့် ညီမျှလိမ့်မည် ဖြစ်ပြီး လူအုပ်စုအကြား ကိုယ်ခံအားစနစ်ရရှိမှုသည် ယင်းအဆင့်အောက်တွင် ရှိနေကြောင်း ၊ အကြောင်းမှာ ကာကွယ်ဆေးအများစုသည် အပြည့်အဝ အာနိသင်ရရှိရန် ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူရန် လိုအပ်သည့်အတွက်ကြောင့် ဖြစ်ကြောင်း ၊ လူအချို့သည် ကာကွယ်ဆေး ထိုးနှံမှု တစ်ကြိမ်သာ ခံယူခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဆိုသည်။အဆိုပါ ဗိုင်းရပ်စ် ပထမဆုံး စတင်ဖြစ်ပွားချိန်မှ စတင်၍ လူပေါင်း ၁၇၂ သန်းနီးပါး ကူးစက်ခံပြီး ၃ ဒသမ ၇ သန်းဝန်းခန့် သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)
—————————————————–
( English Version)
9 more months needed to achieve herd immunization despite 2 bln doses administered globally: Bloomberg
NEW YORK, June 5 (Xinhua) — Inoculations against COVID-19 have reached 2 billion as the world races to contain the pandemic, but at the current pace, it will take nine more months to vaccinate 75 percent of the global population needed to provide herd immunity, Bloomberg said in a recent report.
The vaccination rollout has been uneven, mainly benefiting the developed world while lower-income countries have struggled to source shots. The wealthiest 27 countries have administered about 29 percent of vaccinations globally but have only 10 percent of the world’s population, said the report.
The United States and Britain led the way with vaccinations early, China has given the most doses and European Union members have been catching up after a slow start, according to Bloomberg’s Vaccine Tracker.
China now accounts for about two-thirds of the roughly 36 million shots given daily. The EU is administering the second-highest number, with about 3.6 million doses daily, followed by India with 2.6 million.
In the United States, 89.4 doses have been administered for every 100 people. That compares with a global average of 23 doses per 100 people, said the report.
Although 2 billion doses would be equivalent to more than a quarter of the world’s population, the proportion immunized is well below that level because most of the vaccines in use require two shots to be fully effective, and some people have received only one.The virus has stricken almost 172 million people and killed close to 3.7 million since the first cases emerged. ■