Connect with us

WORLD

နယ်စပ်ပြန်လည်ဖွင့်လှစ်ရန် ဗြိတိန်-ပြင်သစ် နှစ်နိုင်ငံအကြား သဘောတူညီမှု ရရှိ၊ ခရီးသွားအချို့အား ပြင်သစ်သို့ ပြည်ဝင်ခွင့်ပြု

ဗြိတိန်နိုင်ငံ Doverနယ်စပ်ဂိတ်၏ မြင်ကွင်းများအား ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန်၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဗြိတိန်-ပြင်သစ် နယ်စပ်ပြန်လည်ဖွင့်လှစ်ရန် နှစ်နိုင်ငံအစိုးရအကြား သဘောတူညီချက်ရရှိထားပြီဖြစ်ကြောင်း ဗြိတိန် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၂ ရက် ညပိုင်းတွင် ကြေညာခဲ့သည်။

ယင်း သဘောတူညီချက်အရ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းမှစ၍ ဗြိတိန်ကုန်တင်ယာဉ်မောင်းများနှင့် အချို့ခရီးသွားများကို ပြင်သစ်သို့ ဝင်ရောက်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။နှစ်နိုင်ငံအကြား ရထားလမ်း၊လေကြောင်းနှင့်ရေကြောင်း သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများကို ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် ပြန်လည်ဆောင်ရွက်မည်ဖြစ်ပြီး အရေးပေါ်အကြောင်းကိစ္စကြောင့် ဝင်ရောက်မည့်ခရီးသွားများကိုသာ ပြင်သစ်နိုင်ငံသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ရာ ကုန်တင်ယာဉ်မောင်း၊ ပြင်သစ်နိုင်ငံသားနှင့် ပြင်သစ်တွင် နေထိုင်ခွင့်ရသည့် ဗြိတိန်နိုင်ငံသားများ ပါဝင်ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ Doverနယ်စပ်ဂိတ်၏ မြင်ကွင်းများအား ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗြိတိန်မှ ပြင်သစ်သို့ ဝင်ရောက်သူအားလုံးသည် ၇၂ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် Nucleic acid စစ်ဆေးထားသည့် negative ရလဒ် သက်သေပြရမည် ဖြစ်သည်။ထို့အပြင် ပြင်သစ်သို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်မောင်းများအနေဖြင့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုတစ်မျိုးကို ခံယူရမည်ဖြစ်ရာ ဆေးစစ်သည့်အဖြေကို နာရီဝက်အတွင်း ရနိုင်ကြောင်း သိရသည်။ ဗြိတိန်မှဝင်ရောက်သော ကုန်ပစ္စည်းများကိုလည်း ပြင်သစ်အစိုးရက နမူနာယူ၍ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမည်ဖြစ်သည်။

ဗြိတိန်နိုင်ငံ Doverနယ်စပ်ဂိတ်၏ မြင်ကွင်းများအား ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါသဘောတူညီချက်သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်အထိ အကျုံးဝင်မည်ဖြစ်ရာ ဒီဇင်ဘာ ၃၁ ရက်တွင် သဘောတူညီချက်ကို နှစ်ဖက်အစိုးရကြား တစ်ဖန်ပြန်လည်သုံးသပ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ထိုမတိုင်မီက ဗြိတိန်တွင် ယခုကာလများအတွင်း ပေါ်ထွက်လာသည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်ကို ရင်ဆိုင်ဖြေရှင်းရန်အတွက် ဒီဇင်ဘာ ၂၀ ရက် ညသန်းခေါင်ယံမှစ၍ ၄၈ နာရီအတွင်း ဗြိတိန်မှလာရောက်မည့် ခရီးသွားအားလုံးကို တားမြစ်ထားကြောင်း ပြင်သစ်အစိုးရက ကြေညာခဲ့သည်။ ထိုတားမြစ်ကန့်သတ်ချက်တွင် ကုန်းလမ်း၊ ရထားလမ်း၊ လေကြောင်း၊ရေကြောင်းတို့နှင့်သက်ဆိုင်သည့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်သူများလည်း ပါဝင်ခဲ့သည်။

ဗြိတိန်နိုင်ငံ Doverနယ်စပ်ဂိတ်၏ မြင်ကွင်းများအား ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ထိုသို့ဆောင်ရွက်မှုကြောင့် ဗြိတိန်နှင့် ဥရောပသမဂ္ဂနိုင်ငံများအကြား ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးအတွက် များစွာသက်ရောက်မှုခဲ့ရာ နယ်စပ်ပိတ်ပြီးနောက် ကုန်ကား အစီးရေပေါင်း (၂,၈၅၀)ခန့်သည် ဗြိတိန် Kentကောင်တီတွင် ပိတ်မိနေခဲ့ကြောင်း သိရသည်။ပို့ဆောင်ရေးလုပ်ငန်းများအနေဖြင့် နောက်ထပ်အကြောင်းကြားမှုမရှိသေးပါက Kentကောင်တီသို့ မသွားကြရန် ဗြိတိန်အစိုးရက တိုက်တွန်းထားကြောင်းနှင့် နယ်စပ်ဂိတ်တွင် ပြည့်ကျပ်နေမှုအခြေအနေကို ဖြေလျှော့ရန် အစိုးရက ကြိုးပမ်းနေကြောင်း ဗြိတိန် သယ်ယူပို့ဆောင်ရေးဝန်ကြီး Grant Shappsက ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံ Doverနယ်စပ်ဂိတ်၏ မြင်ကွင်းများအား ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယခုရက်ပိုင်းများတွင် ဗြိတိန်အချို့ဒေသများ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းတိုးမြင့်လာရာ ၎င်းအခြေအနေမှာ “VUI-202012/01” ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်မှုရှိမရှိ ဗြိတိန်အစိုးရက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ ထိုအခြေအနေကို နိုင်ငံတကာက အာရုံစိုက်ဂရုပြုနေကြရာ နိုင်ငံအများအပြားက ဗြိတိန်နှင့် လေကြောင်းသွားလာမှုကို တားမြစ်ခဲ့ကြကြောင်း သိရသည်။

ဗြိတိန်အစိုးရ၏ ဒီဇင်ဘာ ၂၂ ရက်က ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ယင်းနေ့တွင် အသစ်ထပ်တိုး ကိုဗစ်အတည်ပြုလူနာဦးရေသည် တစ်ရက်အတွင်း အများဆုံးစံချိန်အဖြစ် (၃၆,၈၀၄) ဦးရှိခဲ့ရာ စုစုပေါင်း အတည်ပြုလူနာ (၂,၁၁၀,၃၁၄) ဦး ရှိခဲ့ကြောင်း သိရသည်။(Xinhua)

#ဗြိတိန်နိုင်ငံ, #Dover, #နယ်စပ်ဂိတ်, #ဖွင့်လှစ်, #ဆင်ဟွာ

—————————————-
(Chinese Version)

(国际)英法达成重开边境协议 部分旅客可入境法国

 新华社伦敦12月22日电(记者梁希之 岳琳)英国交通部22日晚宣布,英国和法国政府达成了重新开放英法边境的协议。按照协议,从23日上午开始,英国的货车司机和部分旅客将被允许入境法国。

 根据协议,两国之间的铁路、航空和海运服务将从23日上午开始恢复,只有因为紧急原因需要入境的旅客才能进入法国,包括货车司机、法国公民和拥有法国居留权的英国公民。 所有从英国入境法国的旅客都必须出示72小时内新冠病毒核酸检测阴性的证明。此外,入境法国的货车司机还必须接受一项针对变异新冠病毒的检测,检测可以在半小时内出结果。法国政府还将对来自英国的货物进行新冠病毒抽样检测。
这项协议的有效期持续至2021年1月6日,但两国政府将在今年12月31日重新对协议进行审核。

此前,为应对英国近期出现的变异新冠病毒,法国宣布从当地时间20日午夜起48小时内禁止来自英国的所有人员旅行,包括与公路、铁路、航空、水路有关的货运人员旅行。这给英国与欧盟国家之间的货物运输带来极大影响。自边境关闭以来,大约有2850辆卡车被困在英国肯特郡。

英国交通大臣格兰特•沙普斯说,英国政府将继续敦促运输业者在未得到进一步通知之前不要前往肯特,政府正在努力减轻港口的拥挤状况。
  由于近日英国部分地区新冠病毒传播速度加快,英国政府正在调查这一状况是否与被命名为“VUI-202012/01”的变异病毒有关。这一状况引发国际关注,多国发布与英国之间的航班禁令。

  英国政府22日公布的数据显示,英国当天新增36804例新冠确诊病例,为新冠疫情开始以来单日新增最高,累计确诊2110314例。(完)
图说:这是12月22日拍摄的关闭的英国多佛港。新华社发(雷伊•唐摄)