Connect with us

WORLD

ပြင်သစ်နိုင်ငံတွင် ကိုဗစ် ဒုတိယလှိုင်းရိုက်ခတ်မှု အမှန်ဖြစ်လာ၊ ပြောင်ချောနေသည့်မျက်နှာပြင်တွင် ကိုရိုနာဗိုင်းရပ်စ် ၂၈ ရက် အသက်ရှင်နိုင်ဟု ဆို

ကပ်ရောဂါကာလ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသော ဖက်ရှင်ရှိုးပွဲတစ်ခု၏ မြင်ကွင်းအား အောက်တိုဘာ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံတွင် ကိုဗစ် ဒုတိယလှိုင်းရိုက်ခတ်မှုသည် အမှန်တကယ် ဖြစ်လာပြီဖြစ်ကြောင်းနှင့် ကိုရိုနာဗိုင်းရပ်စ်သည် ပြောင်ချောနေသည့် မျက်နှာပြင်တွင် ၂၈ ရက် အထိ အသက်ရှင်နိုင်သည်ဟု CSIROက ပြောကြားခဲ့ကြောင်း အောက်တိုဘာ ၁၂ ရက် သတင်းများအရ သိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော ကိန်းဂဏန်းများအရ အောက်တိုဘာ ၁၂ ရက် ဗဟိုဥရောပစံတော်ချိန်(CET) ၁၅ နာရီ ၂၉ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၃၀၇,၄၀၃ ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ ၄,၄၄၁ ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ ၃၇,၄၂၃,၆၆၀ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၁,၀၇၄,၈၁၇ ဦး ရှိကြောင်း သိရသည်။

ကပ်ရောဂါကာလ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသော ဖက်ရှင်ရှိုးပွဲတစ်ခု၏ မြင်ကွင်းအား အောက်တိုဘာ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပေကျင်း စံတော်ချိန် အောက်တိုဘာ ၁၃ ရက် ၇ နာရီ ၂၄ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၃၇,၇၂၂,၀၄၄ ဦး၊ စုစုပေါင်း သေဆုံးသူ ၁,၀၇၈,၄၁၁ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကိုဗစ် အတည်ပြုလူနာနှင့် သေဆုံးသူ အရေအတွက် အများဆုံး နိုင်ငံဖြစ်ပြီး အတည်ပြုလူနာ ၇,၈၀၂,၂၈၁ ဦး နှင့် သေဆုံးသူ ၂၁၄,၀၄၅ ဦး ရှိကြောင်း သိရသည်။

ကပ်ရောဂါကာလ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသော ဖက်ရှင်ရှိုးပွဲတစ်ခု၏ မြင်ကွင်းအား အောက်တိုဘာ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

(၂)သတင်းအချက်အလက်များ

ပြင်သစ်နိုင်ငံတွင် ကိုဗစ် ဒုတိယလှိုင်း အမှန်တကယ်ရိုက်ခတ်နေပြီဖြစ်ရာ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ပေါ့ပေါ့လျော့လျော့နေ၍မရကြောင်း ဝန်ကြီးချုပ် Jean Castexက အောက်တိုဘာ ၁၂ ရက်တွင် မီဒီယာများသို့ ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်သည် လက်ကိုင်ဖုန်းမျက်နှာပြင် ၊ သံမဏိစသည့် ပြောင်ချောနေသည့် မျက်နှာပြင်တွင် ၂၈ ရက်ကြာ အသက်ရှင်နိုင်သည်ကို တွေ့ရှိရကြောင်း ဩစတြေးလျနိုင်ငံ Commonwealth Scientific and Industrial Research Organisation(CSIRO)က အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
  
ဆီးရီးယားနိုင်ငံ မြို့တော်ဒမတ်စကပ်စ်တွင် ကပ်ရောဂါလှိုင်းသစ်ထပ်မံရိုက်ခတ်နိုင်မှုကို ကိုင်တွယ်ဆောင်ရွက်ရန် ကိုဗစ်လက္ခဏာအသင့်တင့်ပြလူနာများလက်ခံကုသပေးနိုင်မည့်သီးခြား ယာယီဆေးရုံတည်ဆောက်ထားကြောင်း ယင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ် ကူးစက်ခံရသော ဆေးဝန်ထမ်း စုစုပေါင်း ၁၀,၁၇၈ ဦးရှိရာ ၎င်းတို့အနက် ၆၃ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာနက အောက်တို ၁၂ ရက်တွင် ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံတွင် ယခုရက်ပိုင်းများအတွင်း ကိုဗစ်ကူးစက်မှုနှုန်း လျှင်မြန်စွာ တိုးမြင့်လာသည့် မြို့တော် ကွာလာလမ်ပူ တွင် ရောဂါပျံ့ပွားမှုကို ကာကွယ်ဟန့်တားရန် ရပ်ကျေးဖြတ်ကျော်သွားလာမှုကို ကန့်သတ်ခြင်း၊ စာသင်ကျောင်းများကို ပိတ်ထားခြင်း၊ အားကစားနှင့်ဖျော်ဖြေရေးလှုပ်ရှားမှုများကို တားမြစ်ခြင်းစသည့် ပို၍တင်းကြပ်သော ရောဂါထိန်းချုပ်ရေးနည်းလမ်းများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း မလေးရှားနိုင်ငံ အစိုးရက အောက်တိုဘာ ၁၂ တွင် ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.