Connect with us

WORLD

ဗီယင်နာပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပြင်သစ်သမ္မတမက်ခရွန်က အကြမ်းဖက်သမားများအား “ လုံးဝအလျှော့ပေးမည်မဟုတ်” ဟု ထုတ်ဖော် ပြောကြား

ပြင်သစ်နိုင်ငံသမ္မတအီမန်နျူရယ်မက်ခရွန်အား အောက်တိုဘာ ၂၉ ရက်က ကျင်းပြပြုလုပ်သည့် COVID-19 ဆိုင်ရာ ဗီဒီယိုရုပ်သံ အစည်းအဝေးတစ်ခုတွင် တွေ့ရစဉ်( ဓာတ်ပုံ- European Union/Handout via Xinhua)

ပါရီ ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ သေနတ်ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် ဝမ်းနည်းပူဆွေးထိတ်လန့်နေသော ဩစတြီးယားပြည်သူများအား ပြင်သစ်နိုင်ငံသမ္မတအီမန်နျူရယ်မက်ခရွန်က နှစ်သိမ့်အားပေးစကားပြောကြားခဲ့ပြီး တစ်ဆက်တည်းမှာပင် ၎င်းက “ကျွန်တော်တို့ရန်သူတွေ ခင်ဗျားတို့ဘယ်သူတွေနဲ့ ရင်ဆိုင်နေလဲဆိုတာ သိရစေလိမ့်မယ် ၊ ကျွန်တော်တို့ လုံးဝအလျှော့ပေးမှာ မဟုတ်ဘူး” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

“ ပြင်သစ်နိုင်ငံပြီးနောက် ဒါဟာ ကျွန်တော်တို့ရဲ့မိတ်ဆွေနိုင်ငံတစ်နိုင်ငံ တိုက်ခိုက်ခံရမှုပါပဲ ၊ ဒါဟာ ကျွန်တော်တို့ရဲ့ ဥရောပတိုက်ပါ ၊ ကျွန်ုပ်တို့ရန်သူတွေ သိရစေလိမ့်မယ် ၊ သူတို့ဘယ်သူတွေနဲ့ ရင်ဆိုင်နေလဲဆိုတာ ၊ ကျွန်တော်တို့ လုံးဝ အလျှော့ပေးမှာ မဟုတ်ဘူး” ဟု မက်ခရွန်က တွစ်တာလူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

ဩစတြီးယားနိုင်ငံဗီယင်နာမြို့ရှိ လမ်းမတစ်ခုပေါ်တွင် နိုဝင်ဘာ ၂ ရက် ညပိုင်းက သေနတ်ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအားတွေ့ရစဉ်
( ဓာတ်ပုံ- Photo by Georges Schneider/Xinhua)

နိုဝင်ဘာ ၂ ရက် ညနေအစောပိုင်းက ဗီယင်နာမြို့လယ်ရှိ နေရာများစွာတွင် သေနတ်ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။ ဩစတြီးယားနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး Karl Nehammer က အကြမ်းဖက်သမားများသည် နေရာအနှံ့အပြား၌ သေနတ်ပစ်ခတ်မှုပြုလုပ်ခဲ့ပြီး ယင်းမှာ အကြမ်းဖက်မှုတစ်ခုဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံ တောင်ပိုင်း နိုက်မြို့ရှိ Notre-Dame basilica ဘုရားကျောင်းတွင် အောက်တိုဘာ ၂၉ ရက်က ဓားဖြင့်ဝင်ရောက် တိုက်ခိုက်မှုကြောင့် လူသုံးဦးသေဆုံးခဲ့ရပြီးနောက် ပြင်သစ်နိုင်ငံသည် အကြမ်းဖက်မှုအန္တရာယ်ကို အမြင့်ဆုံး အဆင့်တပ်လှန့်ထားခဲ့သည်။ ပြီးခဲ့သော အောက်တိုဘာ ၁၆ ရက်ကလည်း ပါရီမြို့စွန်ရှိ အလယ်တန်းကျောင်းတစ်ခုတွင် သမိုင်းဘာသာရပ်သင်ကြားပေးသော ဆရာတစ်ဦး ခေါင်းဖြတ် အသတ်ခံခဲ့ရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.