Connect with us

WORLD

အိန္ဒိယနိုင်ငံတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ် တွေ့ရှိသူဦးရေ ၂၀ အထိရှိလာ

အိန္ဒိယနိုင်ငံ ဒေလီမြို့၊ Daryaganj ရပ်ကွက်အနီးရှိ စာသင်ကျောင်းတစ်ကျောင်းတွင် အမျိုးသားတစ်ဦးထံမှ COVID-19 စစ်ဆေးရန် နှာခေါင်းတို့ဖတ်နမူနာ ရယူနေစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၁၂ နာရီအတွင်း ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၄ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် စုစုပေါင်း ဗိုင်းရပ်စ်အသစ်ကူးစက်မှု ၂၀ ခုအထိ ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၃၀ ရက်၌ ပြောကြားခဲ့သည်။

“ယူကေမှာတွေ့ရှိခဲ့တဲ့ ဗီဇပြောင်း SARS- CoV-2 ဗိုင်းရပ်စ်ကို အိန္ဒိယမှာ တွေ့ရှိသူ စုစုပေါင်း ၂၀ ဦးရှိလာပါပြီ။ အဲဒီထဲမှာ အစောပိုင်းကတွေ့ရှိခဲ့တဲ့ (ဘန်ဂလိုမြို့မှာ ၃ ဦး၊ ဟိုက်ဒရာဘတ်မြို့မှာ ၂ ဦးနဲ့ ပီယွန်မြို့မှာ ၁ ဦး) လည်း အပါအဝင်ဖြစ်ပါတယ်။ နမူနာ ၁၀၇ ခုလုံးကို ဓာတ်ခွဲခန်း ၁၀ ခုမှာ စစ်ဆေးခဲ့တာပါ” ဟု ဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

ဆင့်ကဲပြောင်းလဲလာသော အခြေအနေကြောင့် ဗဟိုအစိုးရအနေနဲ့ ကိုလ်ကတ္တား၊ ဘူဘီးလ်နတ်စ်ဝေါလ်၊ ပီယွန်၊ ဟိုက်ဒရာဘတ်၊ ဘန်ဂလိုနှင့် ဒေလီ စသည်တို့အပါအဝင် မြို့များစွာ၌ မျိုးဗီဇအစီအစဉ်ဆိုင်ရာ ဓာတ်ခွဲခန်း ၁၀ ခုစုပေါင်းထားသောအဖွဲ့ကို ဖွဲ့စည်းထားခဲ့ကြောင်း သိရသည်။

“ဒီအခြေအနေက ဂရုတစိုက်စောင့်ကြည့်ပြီး ပုံမှန်အကြံပေးမှုအောက်တွင် ထားရှိပြီး စောင့်ကြည့်ခြင်း၊ ထိန်းချုပ်ခြင်း၊ စစ်ဆေးခြင်းနဲ့ ဓာတ်ခွဲခန်းတွေဆီကို နမူနာတွေ ပေးပို့ခြင်းတွေ ပံ့ပိုးပေးနေပါတယ်” ဟု ထုတ်ပြန်ချက်၌ ဖြည့်စွက်ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံတွင် တွေ့ရှိထားသော ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်သည် ကမ္ဘာတစ်ဝန်း စိုးရိမ်မှုများ ကျယ်ပြန့်နေသလို ခရီးသွားလာမှု ကန့်သတ်ခြင်းများလည်း စတင်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

—————————————–
(English Version)

Number of new coronavirus strain infection cases rises to 20 in India

NEW DELHI, Dec. 30 (Xinhua) — With as many as 14 new cases of new coronavirus strain being detected in India over the past 12 hours, the total number of such cases has reached to 20, confirmed the country’s health ministry on Wednesday.

“A total of 20 persons have been found with the mutant variant of SARS- CoV-2 virus reported from the U.K. These include the six persons reported earlier (3 in Bengaluru, 2 in Hyderabad and 1 Pune). In all 107 samples were tested in 10 labs,” said the ministry in an official statement.
In the wake of the evolving situation, the federal government has constituted a consortium comprising of ten labs for genome sequencing in different cities, including Kolkata, Bhubaneswar, Pune, Hyderabad, Bengaluru, and Delhi.
“The situation is under careful watch and regular advice is being provided to the states for enhanced surveillance, containment, testing and dispatch of samples to the labs,” added the statement.
The new variant of the Coronavirus detected in Britain has triggered a widespread concern and travel restrictions across the world. Enditem
A medical worker collects swab samples from a man for the COVID-19 tests at a school near Daryaganj in Delhi, India, on July 5, 2020. (Photo by Partha Sarkar/Xinhua)