Connect with us

WORLD

အီတလီနိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားသူ ၄၇,၀၂၁ ဦးရှိ၊ သေဆုံးသူ ၄,၀၃၂ အထိ တိုးလာ

အီတလီနိုင်ငံသို့ပို့ဆောင်ရန် တရုတ်နိုင်ငံ ကျဲကျန်းပြည်နယ် ဟန်ကျိုးမြို့ရှိ ကျဲကျန်းပြည်နယ် ပြည်သူ့ဆေးရုံတွင် တရုတ် ဆေးပစ္စည်းများ တင်ဆောင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရောမ၊ မတ် ၂၁ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အသွားအလာပိတ်ပင်ထားသော အီတလီနိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြောင့် သေဆုံးသူအရေအတွက်မှာ မတ် ၂၀ ရက်အထိ ၄,၀၃၂ ဦးအထိ မြင့်တက်လာပြီး ရောဂါကူးစက်ခံရ အရေအတွက်မှာ ၄၇,၀၂၁ ဦးရှိလာကြောင်း ပြည်သူ့ကာကွယ်ရေးဌာနက အသစ်ထုတ်ပြန်လိုက်သော အချက်အလက်အရ သိရသည်။ 

အီတလီနိုင်ငံ ပဒူအာမြို့တွင် တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့နှင့် အီတလီနိုင်ငံမှ ဆရာဝန်များ ဓာတ်ပုံမှတ်တမ်းတင်နေစဉ် (ဆင်ဟွာ)

အီတလီနိုင်ငံ ပဒူအာမြို့တွင် တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့က အီတလီနိုင်ငံမှ ဒေသခံဆရာဝန်များနှင့် ကြက်ခြေနီအဖွဲ့ဝင်များ ဆွေးနွေးနေကြစဉ် (ဆင်ဟွာ)

အီတလီနိုင်ငံ ရောမမြို့တွင် COVID-19 ဖြစ်ပွားမှုအတွင်း ပြည်သူများ လှုပ်ရှားသွားလာမှု မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

အီတလီနိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံကလည်း အကူအညီများ ပေးအပ်လျက်ရှိရာ ပထမအသုတ်အနေဖြင့် မတ် ၁၂ ရက်က တရုတ် နိုင်ငံ အမျိုးသား ကျန်းမားရေး ကော်မတီနှင့် တရုတ်နိုင်ငံ ကြက်ခြေနီအသင်းတို့မှ ပူးပေါင်းဆောင်ရွက်သည့် ဆေးဘက်ဆိုင်ရာ ကပ်ရောဂါ တိုက်ဖျက်ရေး ပညာရှင်အဖွဲ့နှင့် ဆေးပစ္စည်းများ အီတလီ နိုင်ငံ မြို့တော် ရောမသို့လည်းကောင်း၊ ဒုတိယအသုတ်အနေဖြင့် မတ် ၁၈ ရက်တွင် အဖွဲ့ဝင် ၁၃ ဦးပါဝင်သော တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ကပ်ရောဂါ တိုက်ဖျက်ရေးပညာရှင်အဖွဲ့နှင့်အတူ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ မီလန်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း၊ ထို့ပြင် တတိယအသုတ်အနေဖြင့် ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့ကိုလည်း မကြာမီ စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.