Connect with us

WORLD

အီတလီ နိုင်ငံ အစိုးရ အနေဖြင့် ယူရို ၅ ဘီလီယံ အသုံးပြု၍ ခရီးသွား နှင့် ယဉ်ကျေးမှု လုပ်ငန်းများ အား ကူညီထောက်ပံ့မှု ဆောင်ရွက်ပေးသွားမည် 

အီတလီ နိုင်ငံ ရှိ အလှပြင်ဆိုင်တစ်ခု ၌ လုပ်ငန်းပြန်လည် စတင် သဖြင့် ပိုးသတ်ဆေးဖြန်း နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရောမ ၊ မေ ၁၅ ရက် (ဆင်ဟွာ)

အီတလီ နိုင်ငံ ယဉ်ကျေးမှု နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး Dario Franceschini က အီတလီ နိုင်ငံ အစိုးရ မှ အတည်ပြုပေးခဲ့သည့် စုစုပေါင်း ပမာဏ အားဖြင့် ယူရို ၅၅ ဘီလီယံ ရှိသော စီးပွားရေး တိုးတက်ရေး အစီအစဉ် တွင် ယူရို ၄ ဘီလီယံ အား ခရီးသွားလုပ်ငန်း တွင် အသုံးပြုသွားမည် ဖြစ်ပြီး ယူရို ၁ ဘီလီယံ အား ယဉ်ကျေးမှု လုပ်ငန်း တွင် အသုံးပြုသွားမည် ဖြစ်ကာ ယင်းလုပ်ငန်း နှစ်ခု ၏ COVID-19 ကပ်ရောဂါ ကာလ ဖြတ်သန်းစဉ် အတွင်း ဖြစ်ပွား ခဲ့သည့် ထိခိုက်မှုများကို ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း မေလ ၁၄ ရက် ၌ ပြောကြား ခဲ့သည်။

Dario Franceschini က ထုတ်ပြန်ကြေညာခဲ့သည့် ပြန်လည်စတင်ခြင်း အမိန့်ကြေညာချက် တွင် အခွန်လျှော့ချပေးသည့် ဆောင်ရွက်မှုများစွာ ပါရှိကြောင်း ၊ ဟိုတယ် ၊ စားသောက်ဆိုင် ၊ ခရီးသွား အေဂျင်စီ ၊ ပြဇာတ်ရုံ နှင့် ရုပ်ရှင်ရုံများ အား အခွန်လျှော့ချပေးသွားမည် ဖြစ်ကြောင်း ၊ ယင်းဆောင်ရွက်မှု က အီတလီ နိုင်ငံ အစိုးရ အနေဖြင့် ခရီးသွား နှင့် ယဉ်ကျေးမှု လုပ်ငန်း က အီတလီ နိုင်ငံ အတွက် မဟာဗျူဟာ အရ အရေးပါပုံ ကို ဖော်ပြပေးခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Dario Franceschini က ပြန်လည်စတင်ခြင်း အမိန့်ကြေညာချက် တွင် ယူရို ၂.၄ ဘီလီယံ အား ခရီးသွား ဆုကြေးငွေ အဖြစ် အသုံးပြုသွားမည် ဖြစ်ပြီး နှစ်စဉ် ဝင်ငွေ ယူရို ၄ သောင်း အောက်ရှိ မိသားစုများကို ယူရို ၅၀၀ ပေးအပ်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ၊ ယင်းထောက်ပံ့ငွေ အား ယခု နှစ်အတွင်း စိုက်ပျိုးရေးခြံဟိုတယ် ၊ ကျေးရွာဟိုတယ် နှင့် အပန်းဖြေစခန်း စသည် တို့တွင် အသုံးပြု နိုင်မည် ဖြစ်ကြောင်း ၊ ထို့ပြင် ဝန်ကြီးဌာန အနေဖြင့် ယူရို သန်း ၁၅၀ ရှိသော ရန်ပုံငွေ တစ်ရပ် ထူထောင်သွားမည် ဖြစ်ပြီး ကပ်ရောဂါ ကြောင့် အခက်အခဲ ဖြစ်နေသည့် ခရီးသွား အေဂျင်စီ များ အား ပြည်ပလုပ်ငန်း ကုမ္ပဏီ များ၏ ဝယ်ယူခြင်း မခံရအောင် ကာကွယ်ပေးသွားမည် ဖြစ်ကြောင်း ၊ ယဉ်ကျေးမှု ကဏ္ဍ တွင် အီတလီ နိုင်ငံ အစိုးရ အနေဖြင့် ယူရို သန်း ၂၁၀ အသုံးပြု ကာ ပုဂ္ဂလိက ယဉ်ကျေးမှု လုပ်ငန်း များကို ကူညီပေးသွားမည် ဖြစ်ကြောင်း ၊ ယူရို သန်း ၁၀၀ အသုံးပြု၍ နိုင်ငံပိုင် ပြတိုက်ပေါင်း ၄၀၀ ခန့် ကို ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ပြီး ၎င်းပြတိုက်များ ၏ ဆုံးရှုံးမှု ကို ဖြည့်စွက်ပေးသွားမည် ဖြစ်ကြောင်း ၊ အစိုးရ အနေဖြင့် ယူရို သန်း ၁၀၀ အသုံးပြု၍ ရင်းနှီးမြှုပ်နှံသူ များ ယဉ်ကျေးမှု လုပ်ငန်း အား ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ထောက်ခံအားပေးသွားမည် ဖြစ်ပြီး အီတလီ ရုပ်ရှင်လုပ်ငန်း အတွက် ယူရို ၂၄၅ သန်း ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)