Connect with us

WORLD

ကနေဒါနိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူ ၇၅၀,၀၀၀ ကျော်အထိ ရောက်ရှိ

ကနေဒါ နိုင်ငံ တိုရွန်တိုမြို့တွင် ဇန်နဝါရီ ၂၅ ရက်၌ အမျိုးသားတစ်ဦး နှာခေါင်းစည်းတပ်၍ ဆေးရုံ တစ်ခုရှေ့မှ ဖြတ်လျှောက်သွားစဉ်(ဆင်ဟွာ)

အော့တဝါ ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ကနေဒါနိုင်ငံ ရုပ်သံလိုင်း ၏ သတင်းဖော်ပြချက်အရ ဇန်နဝါရီ ၂၅ ရက်ညနေပိုင်းအချိန်ထိ ကနေဒါ နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၇၅၀,၀၀၀ ကျော်အထိ ရောက်ရှိလာခဲ့ကြောင်း အတိအကျဆိုရလျင် ၇၅၀,၉၂၅ ဦးဖြစ်ကြောင်း နှင့် COVID-19 ရောဂါဖြင့် သေဆုံးသူ ၁၉,၁၈၇ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကနေဒါနိုင်ငံ ၏ ကပ်ရောဂါအခြေအနေ သည် ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း ၊ နေ့စဉ် ရောဂါ ထပ်မံကူးစက်ခံရမှု နှင့် ထပ်မံသေးဆုံးမှု သည် ကြိုတင်ခန့်မှန်းထာသည်ထက် လျော့နည်းလာနေပြီး ဆက်လက်၍ လျော့ကျသွားမည့် အခြေအနေတွင် ရှိနေကြောင်း သိရှိရသည်။ ကနေဒါ နိုင်ငံ အများပြည်သူကျန်းမာရေးဌာန က ဇန်နဝါရီ ၂၅ ရက်တွင်ပြောကြားရာ၌ လွန်ခဲ့သည့် ၁၀ ရက်အတွင်း ကနေဒါ နိုင်ငံတွင် နေ့စဉ် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူအရေအတွက်မှာ လျော့ကျလာခဲ့သဖြင့် နိုင်ငံ၏ ကပ်ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်း တိုးချဲ့ဆောင်ရွက်ခြင်းသည် ထိရောက်မှုကို စတင်တွေ့ရှိလာခဲ့ကြောင်း ၊ သို့သော် အချို့သော နေရာများတွင် ကပ်ရောဂါက ဆက်လက် ပြန့်ပွားနေသောကြောင့် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း ကို သတိလက်လွတ်ဆောင်ရွက်၍ မရကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

စာရင်းပြုစုချက်များအရ ယခင်ရင်သတ္တပတ်ကုန်ဆုံးချိန်ထိ ကနေဒါ နိုင်ငံ တွင် ဗီဇပြောင်း COVID-19 ရောဂါပိုး ကူးစက်ခံရသူ စုစုပေါင်း ၂၄ ဦး စစ်ဆေးတွေ့ရှိခဲ့ရာ ကူးစက်ပြန့်ပွားမှု ပိုမိုအားကောင်းသော ဗီဇပြောင်းလဲ COVID-19 ရောဂါပိုး ကနေဒါ နိုင်ငံတွင် ပိုမို ပြန့်ပွားလာမည် ကို ကျန်းမာရေး ပညာရှင်များက စိုးရိမ်နေကြသည်။

ကနေဒါနိုင်ငံတွင် ဗီဇပြောင်း COVID-19 ရောဂါ ပိုမို ပြန့်ပွားလာခြင်းကို ကာကွယ်ရန်အတွက် ကနေဒါနိုင်ငံ ဝန်ကြီးချုပ် Justin Trudeau က လတ်တလောရက်ပိုင်းအတွင်း ပြည်သူများအား မလိုအပ်ဘဲ နိုင်ငံရပ်ခြား ခရီးသွားလာခြင်းကို ရှောင်ရှားကြရန် တိုက်တွန်းခဲ့ကြောင်း ၊ ကနေဒါ နိုင်ငံ ပြည်နယ်အချို့ရှိ ပြည်နယ်မှူးများက ဗဟိုအစိုးရအား ပြည်ပခရီးသွားလာခြင်း နှင့် ပတ်သက်၍ ကပ်ရောဂါဆိုင်ရာ ကာကွယ်မှုအမိန့်ကြေညာချက်ထုတ်ပြန်ပေးရန် တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)

#Canada #COVID-19 #Infected #Dead #ကနေဒါ #ကပ်ရောဂါ #ကူးစက်ခံရသူ #ဆင်ဟွာ #Xinhua

—————————————————-
(Chinese Version)

(国际疫情)加拿大累计新冠确诊病例超75万例

  新华社渥太华1月25日电(记者李保东)据加拿大电视台25日报道,截至当天下午,加拿大累计新冠确诊病例超过75万例,达750925例;累计死亡病例19187例。
  目前加拿大疫情出现缓解迹象,日均新增确诊病例和死亡病例均低于此前预测,出现下降趋势。加拿大公共卫生署25日表示,过去10天,该国日均新增确诊病例数下降,表明加强抗疫措施后初见成效。由于疫情仍在一些地方蔓延,疫情防控不可松懈。
  数据显示,截至上周末,加拿大累计确诊24例变异新冠病毒病例。加拿大卫生专家担心,传染力更强的变异新冠病毒可能会在加拿大持续传播。
  为防范变异新冠病毒在加拿大传播,加总理特鲁多日前呼吁加拿大民众避免一切非必要的国际旅行。加拿大一些省的省长也呼吁联邦政府出台禁止国际旅行的防疫措施。(完)

Photo
1月25日,在加拿大多伦多,一名戴口罩的行人从一家医院前经过。 新华社发(邹峥摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.