Connect with us

WORLD

COVID-19 ကြောင့် ၁၀ လအတွင်း သတင်းသမား ၆၀၀ ကျော်သေဆုံးခဲ့ရဟုဆို

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Times square တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်က နှစ်သစ်ကူးကြိုဆိုနေပုံများအားမှတ်တမ်းဓာတ်ပုံရိုက်ကူးရန် သတင်းသမားများ နေရာယူနေစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

ပြီးခဲ့သော ၁၀ လတာ ကာလအတွင်း ကမ္ဘာတစ်ဝန်းတွင် COVID-19 ရောဂါဖြင့်သေဆုံးခဲ့ရသည့် သတင်းသမား အနည်းဆုံး ၆၀၂ ဦးထိ ရှိခဲ့ကြောင်း ၊ ယင်းမှာ ၂၀၂၀ ပြည့်နှစ် မတ် ၁ လရက်မှစ၍ တစ်လလျှင် သတင်းသမား ၆၀ ဦး သို့မဟုတ် တစ်ရက်လျှင် ၂ ဦး နှုန်း သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဂျီနီဗာအခြေစိုက် Press Emblem Campaign (PEC) အဖွဲ့က ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။

PEC အဖွဲ့၏ ကြေညာချက်တစ်စောင်တွင် ထိုသို့သေဆုံးမှုများကို ကာကွယ်နိုင်ရန် သတင်းမီဒီယာ နယ်ပယ်တွင် လုပ်ကိုင်နေကြသူများအတွက် COVID-19 ကာကွယ်ဆေး ဦးစားပေးထိုးနှံမှု ရရှိသင့်ကြောင်း နှင့် အဆိုပါ သေဆုံးသွားသော သတင်းသမားများ၏ မိသားစုဝင်များအနေဖြင့် ငွေကြေးဆိုင်ရာ အကူအညီအထောက်အပံ့များ ရရှိသင့်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

အီတလီနိုင်ငံရောမမြို့ Colosseum ပြန်လည်ဖွင့်လှစ်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇွန် ၁ ရက်က မှတ်တမ်းဓာတ်ပုံရိုက်ကူးရန် သတင်းသမားများ နေရာယူနေစဉ်(ဆင်ဟွာ) 

PEC အဖွဲ့အထွေထွေအတွင်းရေးမှူး Blaise Lempen က ကွင်းဆင်းသတင်းရယူနေသည့် သတင်းထောက်များ ၊ အလွတ်တန်းသတင်းထောက်များ နှင့် ဓာတ်ပုံသတင်းထောက်များအပါအဝင် မီဒီယာသမားများစွာအနေဖြင့် အိမ်မှနေ၍ (work from home) လုပ်ကိုင်ဆောင်ရွက်၍ မရနိုင်ကြောင်း ၊ ယင်းအတွက်ကြောင့်ပင် ၎င်းတို့အား ဗိုင်းရပ်စ်ကူးစက်ရန် ပိုမိုအကာကွယ်မဲ့သလို ဖြစ်စေခဲ့ကြောင်း ဆိုသည်။

PEC ၏ ထုတ်ပြန်ချက်အရ သတင်းသမားများထဲတွင် COVID-19 ရောဂါဖြင့်‌ သေဆုံးခဲ့ရသူ အရေအတွက် ထက်ဝက်ကျော် (၃၀၃) ဦးသည် လက်တင်အမေရိကနိုင်ငံများမှ ဖြစ်ကြကြောင်း ၊ ထိပ်ဆုံးတွင် ပီရူးနိုင်ငံက သေဆုံးသူ ၉၃ ဦးရှိခဲ့ပြီး ယင်းနောက်တွင် ဘရာဇီးနိုင်ငံက ၅၅ ဦး နှင့် အီကွေဒေါနိုင်ငံက ၄၂ ဦးအသီးသီး ရပ်တည်နေကြောင်း ဆိုသည်။
ကိုရိုနာဗိုင်းရပ်စ်နှင့်ဆက်စပ်၍ သတင်းသမားအများဆုံး သေဆုံးခဲ့ရသည့် အခြားသော နိုင်ငံများမှာ အိန္ဒိယနိုင်ငံက ၅၃ ဦး ၊ မက္ကဆီကိုနိုင်ငံက ၄၅ ဦး ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၄၁ ဦး ၊ အီတလီနိုင်ငံက ၃၇ ဦး နှင့် အမေရိကန်နိုင်ငံက ၃၁ ဦးအသီးသီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိန်းဂဏန်းအချက်အလက်များသည် မတူညီသော အရင်းအမြစ်များပေါ်တွင် အခြေခံထားခြင်းဖြစ်ကြောင်း နှင့် ယင်းမှာ COVID-19 ရောဂါဖြင့် သတင်းသမားများ အမှန်တကယ် သေဆုံးခဲ့ရသည့် အရေအတွက်ထက် လျော့နည်းဖွယ်ရှိနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အချို့သော‌သေဆုံးမှုများစွာအတွက် သတင်းပေးပို့ချက်မရရှိသောကြောင့်ဖြစ်ကြောင်း PEC က ဆိုသည်။

PEC အဖွဲ့ကို ၂၀၀၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝန်းရှိ သတင်းသမားများ၏ ဘေးကင်းလုံခြုံမှုကို မြှင့်တင်ရန်အတွက်ဖြစ်ပြီး အထူးသဖြင့် “ ပဋိပက္ခဇုံအတွင်း နှင့် လူမှုမငြိမ်မသက်ဖြစ်ပွားနေသောနေရာများ (သို့မဟုတ်) အန္တရာယ်ရှိသောနေရာများအတွင်း ” သတင်းရယူရာ၌ ဘေးကင်းလုံခြုံမှုရှိစေရန်အတွက်ဖြစ်ကြောင်း အဖွဲ့၏ အင်တာနက်ဝက်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။(Xinhua)

——————————————
(English Version)

COVID-19 kills over 600 journalists in 10 months: Press Emblem Campaign

GENEVA, Jan. 5 (Xinhua) — At least 602 journalists died of COVID-19 around the world in ten months last year — 60 per month or two per day on average since March 1, 2020, the Geneva-based Press Emblem Campaign (PEC) said on Tuesday.

The organization said in a press release that these deaths could have been prevented and people working in news media should have priority access to the COVID-19 vaccine while the families of the deceased should receive financial assistance.

PEC Secretary General Blaise Lempen emphasized that many media professionals such as field reporters, freelancers and photographers, cannot work from home, which makes them “particularly exposed to the virus.”

According to the PEC, Latin American countries had more than half of the death toll (303). Peru reported 93 deaths, followed on the continent by Brazil (55) and Ecuador (42).

Other countries reporting significant numbers of coronavirus-related deaths included India (53), Mexico (45), Bangladesh (41), Italy (37) and the United States (31).
The PEC said that its figures are based on diverse sources, and thus it may have underestimated the actual number of journalists who died of COVID-19, as many of these deaths may not have been reported.

The PEC, founded in 2004, aims at improving the safety of journalists across the world, especially “in zones of conflict and civil unrest or in dangerous missions,” its website says.

Photos caption (1) Journalists work to cover the arrival of the year of 2021 during the New Year celebration on Times Square in New York, the United States, Jan. 1, 2021.
(2) Journalists work inside the reopened Colosseum in Rome, Italy, June 1, 2020. (Xinhua/Cheng Tingting)