Connect with us

WORLD

တရုတ်နိုင်ငံထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ပထမအသုတ် အီဂျစ်နိုင်ငံ လက်ခံရရှိ

အီဂျစ်နိုင်ငံ ကိုင်ရို နိုင်ငံတကာလေဆိပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Liao Liqiang (အလယ်) စကားပြောကြားနေစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အီဂျစ်နိုင်ငံတွင် COVID-19 ကပ်ရောဂါကို တိုက်ဖျက်ရေး၌ အထောက်အကူဖြစ်စေရန် တရုတ်နိုင်ငံက ထုတ်လုပ်သော ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ပထမအသုတ်ကို ဒီဇင်ဘာ ၁၀ ရက်နှောင်းပိုင်းတွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။

“ဒါက တရုတ်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ပထမဆုံး လေကြောင်းကနေတင်ပို့မှု လက်ခံရှိခဲ့တဲ့ သမိုင်းဝင်နေ့တစ်နေ့ပါ” ဟု အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီး Hala Zayed က ကိုင်ရို နိုင်ငံတကာလေဆိပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံရဲ့ ကာကွယ်ဆေးသစ်ကို နိုင်ငံ့ခေါင်းဆောင်များ၏ ညွှန်ကြားချက်အရ နိုင်ငံသားတွေ အခမဲ့ရရှိပါလိမ့်မယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ကာကွယ်ဆေး ဖြန့်ဝေမှုတွင် သီးသန့်ခွဲခြားထားသောဆေးရုံများရှိ ကျန်းမာရေးဝန်ထမ်းများ၊ ကင်ဆာနှင့်ကျောက်ကပ်ဝေဒနာရှင်များကဲ့သို့ နာတာရှည်လူနာများနှင့် သက်ကြီးရွယ်အိုများအား ဦးစားပေးဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း Zayed က အလေးထားပြောခဲ့သည်။

တာဝန်ရှိသူများ၏အဆိုအရ တရုတ်နိုင်ငံပိုင် Sinopharm ဆေးဝါးကုမ္ပဏီက ထုတ်လုပ်သည့် ကာကွယ်ဆေးများသည် ယူအေအီးနိုင်ငံမှတစ်ဆင့် ရောက်ရှိခဲ့ကြောင်း သိရသည်။

ယူအေအီးနိုင်ငံက တရုတ်အမျိုးသားဆေးဝါးလုပ်ငန်း သို့မဟုတ် Sinopharm က ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးအတွက် တရားဝင်မှတ်ပုံတင်ခြင်းကို ဒီဇင်ဘာ ၉ ရက်တွင် ကြေညာခဲ့သည်။

အဆင့်-၃ စမ်းသပ်မှုအား ကြားဖြတ်လေ့လာဆန်းစစ်မှုအရ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးသည် COVID-19 ကူးစက်မှုကို ၈၆ ရာခိုင်နှုန်း ထိရောက်အောင် ကာကွယ်ပေးနိုင်ကြောင်းပြသခဲ့ကြောင်း ယူအေအီး ရောဂါကာကွယ်တားဆီးရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

လေ့လာဆန်းစစ်မှုတွင် ကာကွယ်ဆေးသည် ပဋိပစ္စည်း ဖြစ်ပေါ်မှု ၉၉ ရာခိုင်နှုန်းနှင့် ရောဂါဖြစ်ပွားမှု အလယ်အလတ်နှင့် ပြင်းထန်မှုကို ကာကွယ်ရာတွင် ၁၀၀ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း၊ ဘေးကင်းမှုအတွက် စိုးရိမ်စရာ မရှိကြောင်း လေ့လာဆန်းစစ်မှုက ပြသထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အီဂျစ်နိုင်ငံဆိုင်ရာ ယူအေအီးနိုင်ငံ သံရုံးယာယီတာဝန်ခံ Mariam Al-Kaabi က ကပ်ရောဂါဖြစ်ပွားရာတွင် အပြုသဘောဆောင်သည့်အချက်အနေဖြင့် နိုင်ငံများအကြား အထူးသဖြင့် သုံးနိုင်ငံပြည်သူများ အကြား ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဆောင်ကြဉ်းပေးခြင်းလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူအေအီးနှင့် အီဂျစ်နိုင်ငံအကြား ဆက်ဆံရေးသည် အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအတွက် စည်းလုံးညီညွတ်မှု စံပြပုံစံ” ကို ကိုယ်စားပြုကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ထို့ပြင် အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Liao Liqiang က အီဂျစ်နိုင်ငံနှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးသည် အထူးသဖြင့် ယခုနှစ်တွင် COVID-19 ပျံ့နှံ့မှုပြီးနောက် နှစ်နိုင်ငံခေါင်းဆောင်များ ဦးဆောင်မှုအောက်တွင် များစွာတိုးတက်လာခဲ့ကြောင်း ချီးကျူးပြောကြားခဲ့သည်။

“ယနေ့ ကာကွယ်ဆေးရောက်ရှိလာမှုဟာ တရုတ်နိုင်ငံနဲ့ အာရပ်နိုင်ငံများအကြား နက်ရှိုင်းတဲ့ ဆက်ဆံရေး၊ စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့ရဲ့ သက်သေပဲဖြစ်ပါတယ်” ဟု Liao က ပြောကြားခဲ့ပြီး တရုတ်နိုင်ငံသည် ဗိုင်းရပ်စ် တိုက်ဖျက်ရေးနှင့် အကျပ်အတည်းကို ကျော်လွှားရေးအတွက် အာရပ်နိုင်ငံများနှင့်အတူ စည်းလုံးညီညွတ်မှုဆက်လက်တိုးမြှင့်ရန် အသင့်ရှိနေသလို အလွန်ပင် စိတ်အားထက်သန်လျက်ရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
————————————
(English Version)
Egypt receives 1st batch of Chinese anti-coronavirus vaccine
CAIRO, Dec. 11 (Xinhua) — Egypt received the first batch of Chinese anti-coronavirus vaccine late on Thursday to help fight against the COVID-19 epidemic.
“It’s a historic day to receive the first air shipments of the Chinese anti-coronavirus vaccine,” said Egyptian Minister of Health Hala Zayed in a press conference held at Cairo International Airport.
“The new Chinese vaccine will be available for citizens for free upon directives of the political leadership,” she added.
The priority of distributing the vaccine would be given to the medical staff in isolation hospitals, people with chronic diseases like cancer and kidney failure, and the elderly, Zayed noted.
According to the official, the batch of the vaccine, developed by China’s state-owned Sinopharm pharmaceutical firm, came from the United Arab Emirates.
On December 9, the UAE announced the official registration of a COVID-19 vaccine developed by the China National Pharmaceutical Group, or Sinopharm.
The UAE’s Ministry of Health and Prevention said in a statement that the interim analysis of the phase III trials shows the Chinese vaccine provides 86 percent efficacy against COVID-19 infection.
According to the statement, the analysis also shows the vaccine to have 99 percent seroconversion rate of neutralizing antibody and 100 percent effectiveness in preventing moderate and severe cases of the disease. Furthermore, the analysis shows no serious safety concerns.
Emirati Charge d’affaires to Egypt Mariam Al-Kaabi said that the positive thing of the pandemic is to bring solidarity and coordination among the nations especially the people of the three countries.
She added that the ties between the UAE and Egypt represent “a model of solidarity for the Arab countries cooperation.”
Meanwhile, Chinese Ambassador to Egypt Liao Liqiang hailed that the ties between Egypt and China have been advanced a lot under the leadership of the two countries especially this year after the spread of COVID-19.
“Today the arrival of the vaccine is evidence of the deep ties, solidarity and cooperation between China and the Arab countries, ” Liao said, saying that China is in full readiness and very keen to continue enhancing the solidarity with the Arab countries for fighting the virus and overcome its crisis. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.