Connect with us

WORLD

အမေရိကန်နိုင်ငံရှိ ပြည်နယ်များ ဒီဇင်ဘာ ၁၄ ရက်တွင် COVID-19 ကာကွယ်ဆေး စတင်ရရှိမည်

Pfizer/BioNTech COVID-19 ကာကွယ်ဆေးပုလင်းအားတွေ့ရစဉ် (BioNTech/Handout via Xinhua)

ဝါရှင်တန်၊ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အမေရိကန်နိုင်ငံရှိ ပြည်နယ်များနေဖြင့် (အမေရိကန်ဒေသစံတော်ချိန်) ဒီဇင်ဘာ ၁၄ ရက် (တနင်္လာနေ့)တွင် Pfizer – BioNTech COVID-19 ရောဂါကာကွယ်ဆေး ပထမ အသုတ်ကို စတင်လက်ခံရရှိမည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန်မီဒီယာက ဒီဇင်ဘာ ၁၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ယင်း COVID-19 ကာကွယ်ဆေးများကို ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးကုမ္ပဏီများဖြစ်သည့် UPS နှင့် FedEx တို့က ပြည်နယ်များအတွင်းရှိ နေရာပေါင်း ၁၅၀ နီးပါးသို့ ပို့ဆောင်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ထရမ့်အစိုးရအဖွဲ့၏ ကာကွယ်ဆေးထုတ်လုပ်ရေး နှင့် ဖြန့်ဖြူးရေး အစိုးရ- ပုဂ္ဂလိကမိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု (Operation Warp Speed) မှ တာဝန်ခံ အကြီးအကဲ Gustave Perna ၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန်မီဒီယာက ဖော်ပြခဲ့သည်။

ကာကွယ်ဆေးများသည် တနင်္လာနေ့ နံနက်ပိုင်းတွင် ရောက်ရှိမည်ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ဆေးထိုးနှံခွင့်ရရှိမည်ဖြစ်ကာ ယင်းနောက် ၎င်းတို့အား ကာကွယ်ဆေးများပေးအပ်သွားမည်ဖြစ်ကြောင်း Perna က ဆိုသည်။

အမေရိကန်နိုင်ငံ အစားအစာနှင့်ဆေးဝါးစီမံခန့်ခွဲမှုအဖွဲ့(FDA)က အမေရိကန်နိုင်ငံ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် Pfizer နှင့် ဂျာမနီနိုင်ငံ BioNTech ကုမ္ပဏီ တို့အတူ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုဖြင့် ထုတ်လုပ်ထားသည့် COVID-19 ကာကွယ်ဆေးကို အရေးပေါ်သုံးစွဲခွင့်ကို ဒီဇင်ဘာ ၁၁ ရက်တွင် အတည်ပြုထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ယင်းကာကွယ်ဆေးသည် အမေရိကန်နိုင်ငံတွင် ပထမဆုံးထိုးနှံမည့် COVID-19 ကာကွယ်ဆေးဖြစ်လာမည်။

အရေးပေါ်သုံးစွဲရန် အခွင့်အာဏာဖြင့် အဆိုပါ ကာကွယ်ဆေးများကို နိုင်ငံအတွင်း ဖြန့်ဖြူးသွားရန် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။FDA က Pfizer-BioNTech COVID-19 ကာကွယ်ဆေးသည် COVID-19 ရောဂါမှ ကာကွယ်ရန် ထိရောက်မှုရှိသည်ကို ရရှိထားသော အချက်အလက်များအရ ရှင်းရှင်းလင်းလင်း သက်သေပြနိုင်ခဲ့ကြောင်း ဆိုသည်။

ယင်းအချက်အလက်များအရ သိထားပြီးသော ဆိုးကျိုးအလားအလာများထက် ကောင်းကျိုးအလားအလာများက ပိုမိုများပြားသည်ကို ဖော်ပြနေပြီး အသက် ၁၆ နှစ် နှင့် အထက် ပြည်သူသန်းပေါင်းများစွာအား ကာကွယ်ဆေးထိုးနှံခြင်းအပေါ် ထောက်ခံပေးထားကြောင်း FDA က ဆိုသည်။(Xinhua)