WORLD
အီကွေတာဂီနီနိုင်ငံ သမ္မတက တရုတ်နိုင်ငံထုတ် ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမှုခံယူ
မာလာဘို၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)
အီကွေတာဂီနီနိုင်ငံ သမ္မတ Teodoro Obiang Nguema Mbasogo သည် တရုတ်နိုင်ငံမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမှုကို ဖေဖော်ဝါရီ ၁၅ ရက်က ခံယူခဲ့ကြောင်း အီကွေတာဂီနီ ဒီမိုကရက်တစ်ပါတီ (PDGE) ၏ တရားဝင်ဝက်ဘ်ဆိုက်အရ သိရသည်။
ပြည်သူလူထုအနေဖြင့် ကာကွယ်ဆေးထိုးနှံကြရန်နှင့် ကာကွယ်ဆေးထိုးနှံခြင်းကသာလျှင် ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်သော လူသေဆုံးမှုအသစ်များကို ရှောင်ရှားနိုင်မည့် ကုသမှုဖြစ်သည်ဟု Obiang က ကာကွယ်ဆေးထိုးနှံမှုခံယူစဉ် တိုက်တွန်းခဲ့ကြောင်း PDGE ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။
တရုတ်နိုင်ငံ မှ လှူဒါန်းသော Sinopharm COVID-19 ကာကွယ်ဆေးများသည် ဖေဖော်ဝါရီ ၁၀ ရက်က အီကွေတာဂီနီနိုင်ငံ မြို့တော် မာလာဘိုသို့ ရောက်ရှိလာခဲ့ကြောင်း၊ တရုတ်နိုင်ငံ အစိုးရက အာဖရိကနိုင်ငံများသို့ ပံ့ပိုးပေးသော ကာကွယ်ဆေး ပထမဆုံးအသုတ်လည်းဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အီကွေတာဂီနီနိုင်ငံနှင့် အာဖရိကတိုက်၏ မိတ်ဆွေကောင်းဖြစ်ကြောင်း Obiang ၏ ပြောကြားချက်အား ကိုးကား၍ PDGE ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။
၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ပြုလုပ်သော COVID-19 တိုက်ဖျက်ရေး စည်းလုံးညီညွတ်မှုဆိုင်ရာ တရုတ်-အာဖရိက အထူးထိပ်သီးအစည်းအဝေးအတွင်း အာဖရိက နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေး၏ ပထမဆုံး အကျိုးကျေးဇူးများကို စိတ်ချမှုရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အီကွေတာဂီနီနိုင်ငံသို့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကာကွယ်ဆေးများ ဆောလျင်စွာ ပေးပို့ရန် ကတိကို စောင့်ထိန်းခဲ့ကြောင်း၊ အီကွေတာဂီနီနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Qi Mei က ပြီးခဲ့သည့်သီတင်းပတ်က ကာကွယ်ဆေးများ ရောက်ရှိစဉ် ပြောကြားခဲ့သည်။
ဘေးကင်းစိတ်ချရပြီး အစွမ်းထက်သော တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများအား နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြုထားလျက်ရှိကြောင်း၊ ကာကွယ်ဆေးအတွက် ပြည်တွင်း လိုအပ်ချက်ကြီးမားစွာ ရှိနေသည့်ကြားမှ တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လွယ်ကူပြီး သင့်လျော်သော ပြည်သူ့ထုတ်ကုန်တစ်ခု ဖြစ်စေရေးအတွက် စိန်ခေါ်မှုများကို ကျော်လွှားရန် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
—————————————
(English Version)
President of Equatorial Guinea receives first dose of Chinese COVID-19 vaccine
MALABO, Feb. 15 (Xinhua) — Equatorial Guinean President Teodoro Obiang Nguema Mbasogo on Monday received his first dose of Chinese vaccine against COVID-19, according to the official website of the ruling Democratic Party of Equatorial Guinea (PDGE).
On this occasion, Obiang appealed to the entire population to get vaccinated, as vaccination is the only available remedy to avoid new deaths linked to the coronavirus, according to the PDGE website.
Last Wednesday, a batch of China-donated Sinopharm COVID-19 vaccines arrived in Malabo, capital of Equatorial Guinea, being the first batch of vaccine aid provided by the Chinese government to African countries, according to a spokesperson of the Chinese Foreign Ministry.
China is the best friend of Equatorial Guinea and the African continent, said Obiang, quoted by the PDGE website. During the Extraordinary China-Africa Summit on Solidarity against COVID-19 held in June 2020, African countries were reassured to be the first beneficiaries of Chinese vaccines. China has kept its promise to deliver the vaccines to Equatorial Guinea as soon as possible, which will help it defeat the coronavirus, said Qi Mei, the Chinese Ambassador to Equatorial Guinea, upon arrival of vaccines last week.
The safety and effectiveness of Chinese vaccines are recognized by the international community. Despite huge domestic demand for vaccines, China is determined to overcome the challenges to make vaccines an accessible and affordable public product for developing countries, she said. Enditem
Teodoro Obiang Nguema Mbasogo (R, front), President of Equatorial Guinea and whose country holds the presidency of the Security Council for February, chairs the Security Council high-level debate “Mercenary activities as a source of insecurity and destabilization in Africa,” at the UN headquarters in New York, Feb. 4, 2019. (Xinhua/Li Muzi)