Connect with us

Videos

တရုတ်နိုင်ငံ ဒုတိယသမ္မတနှင့် အီကွေတာဂီနီနိုင်ငံ ဒုတိယသမ္မတတို့တွေ့ဆုံ

ပေကျင်း၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံဒုတိယသမ္မတ ဟန်ကျိန့် နှင့် အီကွေတာဂီနီနိုင်ငံ ဒုတိယသမ္မတ Teodoro Nguema Obiang Mangue တို့ တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် ဇူလိုင် ၅ ရက်၌ တွေ့ဆုံခဲ့သည်။နှစ်နိုင်ငံခေါင်းဆောင်များ၏ ကြိုးပမ်းအားထုတ်မှုကြောင့် တရုတ်နှင့် အီကွေတာဂီနီ နှစ်နိုင်ငံအကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးတွင် နက်နက်ရှိုင်းရှိုင်း ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့မြင်ရကြောင်း ဟန်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အီကွေတာဂီနီ နိုင်ငံအား စစ်မှန်သော မိတ်ဆွေနှင့် ယုံကြည်စိတ်ချရသော မိတ်ဖက်နိုင်ငံအဖြစ် အစဉ်ရှုမြင်လျက်ရှိကြောင်း၊ နှစ်နိုင်ငံသည် ၎င်းတို့၏ ပင်မအကျိုးစီးပွားများကို ကာကွယ်ရာတွင် အချင်းချင်း ခိုင်မြဲစွာ ပံ့ပိုးကူညီသွားရန်၊ နိုင်ငံစံမံအုပ်ချုပ်မှုဆိုင်ရာ အတွေ့အကြုံများ ဖလှယ်မှုအားကောင်းရန်၊ အဆင့်အားလုံးတွင် ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံမှု တိုးမြှင့်ရန်၊ နယ်ပယ်အသီးသီး၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရန်နှင့် နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်သို့ တွန်းအားပေးမြှင့်တင်ရန် ဟန်ကတိုက်တွန်းခဲ့သည်။

အီကွေတာဂီနီ နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် မဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံအဖြစ် မှတ်ယူပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လေးစားလိုက်နာမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းစေရန် ခိုင်မာစွာလုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများကို ကာကွယ်စောင့်ရှောက်ရန် ဆန္ဒရှိကြောင်း Teodoro Nguema Obiang Mangue ကပြောကြားခဲ့သည်။ (Xinhua)

…………………………..
(English Version)
Chinese vice president meets Equatorial Guinean vice president
BEIJING, July 5 (Xinhua) — Chinese Vice President Han Zheng on Wednesday met with Equatorial Guinean Vice President Teodoro Nguema Obiang Mangue in Beijing.
Han said that thanks to the efforts of the two heads of state, China and Equatorial Guinea have seen the in-depth development of their comprehensive cooperative partnership.
China always regards Equatorial Guinea as a sincere friend and reliable partner, Han said, calling on the two countries to continue firmly supporting each other in safeguarding their respective core interests, strengthen exchanges of experience in state governance, enhance friendly exchanges at all levels, deepen pragmatic cooperation in various fields, and push bilateral relations to a new level.
Equatorial Guinea regards China as a strategic partner, will abide by the one-China principle, firmly commit to deepening friendly cooperation with China, and is willing to strengthen coordination with China and safeguard the purposes and principles of the UN Charter, Teodoro Nguema Obiang Mangue added. ■